part9

7.2K 500 6
                                    


မိုးစက်​က​လေး​တွေ​တောင်
အချိန်​တန်​ရင်
ကောင်းကင်​ဆိုတဲ့
ရင်​ခွင်​ကြီးထဲကထွက်​ခွာသွားကြတာပဲ
မင်းလဲတစ်​ချိန်
ငါ့ကို​ကျောခိုင်းသွားမယ်​ဆိုတာငါသိတယ်
ဒါ​ပေမဲ့ငါဆိုတာလဲ​လေ.....
အိမ်​မက်​ထဲ​​တောင်​....
မင်းရဲ့လက်​ကိုဖမ်းဆွဲထားမဲ့လူမျိုးပါ......

ဒေါက်​....​ဒေါက်

"Baek yaကိုဝင်​လာခဲ့မယ်​​နော်​"

အ​ဖြေကို​စောင့်​​ဆိုင်းခြင်းမရှိဘဲတံခါးဖွင့်​ပြီးဝင်​လာတဲ့ကျွန်​​တော့်​ရဲ့တစ်​ဦးတည်း​သောသူ.....

"ဘာကိစ္စလဲ"

ကျွန်​​တော်​အလုပ်​ခန်းနားကို​ယောင်​လို့​တောင်​ဖြတ်​မ​လျောက်​တဲ့သူကအခန်းထဲထိဝင်​လာပုံ​ထောက်​ရင်​လမ်းကြုံလို့​တော့မဖြစ်​နိုင်​....

"ကို့ကိုဒီ​နေ့တစ်​ရက်​​လောက်​အချိန်​​ပေးပါလား"

"ဘာအတွက်​လဲငါမအားဘူး"

"ဒီ​နေ့တစ်​ရက်​ပဲကိုနဲ့အပြင်​လိုက်​​ပေးပါ​နော်​"

"ငါ့မှာအလုပ်​​တွေအများကြီးပဲအ​ရေးကြီးရင်​လဲအိမ်​ကကားယူသွား​လိုက်​"

ပျော်​တာ​ပေါ့....သူကစပြီးအပြင်​လည်​ဖို့​ခေါ်တာဒါ​ပေမဲ့ဘာ​ကြောင့်​သူ​နေ့ချင်းညချင်း​ပြောင်းလဲသွားတာလဲဆိုတာ​တော့နားမလည်​ဘူး....ah အရေးကြီးအကြောင်းကိုမေ့နေတာပဲ....သနားလို့....ဟုတ်​တယ်​သူ့အတွက်​ခိုင်​လုံတဲ့အ​ကြောင်းပြချက်​ကအတိတ်​ကကျွန်​​တော့်​ကိုသနားလို့ပဲဖြစ်​မှာပါ......

"မဟုတ်​ဘူးbaekနဲ့ပဲကိုသွားချင်​တာchalpaဒီ​နေ့တစ်​ရက်​ပဲ"

ကျွန်​​တော့်​မျက်​ခုံး​တွေကိုအတက်​နိုင်​ဆုံးကျုံ့ပျစ်​လိုက်​မိတယ်​....ဘယ်​အချိန်​ထိ​တောင်းဆို​နေမလဲမသိဘူး.....

"ကျစ်​~​တော်​​တော်​အလုပ်​ရှုပ်​တာပဲကွာမနက်​ပိုင်းပဲရမယ်​"

"တကယ်​​နော်​​ကောင်းပြီဒါဆိုကိုပြင်​ဆင်​လိုက်​အုန်းမယ်​"

"ဒါနဲ့ဘယ်​သွားမှာ...."

ကျွန်​​တော့်​စကား​တောင်​မဆုံး​သေးသူ​ပြေးထွက်​သွားတယ်​အမှတ်​မထင်​နှုတ်​ခမ်းထက်​ကအပြုံးကိုဖန်​ဆင်းလိုက်​မိတယ်​......

My Toys (Complete)Where stories live. Discover now