part10

6.9K 489 13
                                    

ဟိုး​ကောင်းကင်​ကတစ်​လုံးထဲ​သော
ကြယ်​ပွင့်​​လေ.....
အထီးကျန်​တယ်​လို့ထင်​ရ​ပေမဲ့
လွတ်​လပ်​မှုကိုအပြည့်​အ၀ရရှိ​နေခဲ့တာပါ
အခြားကြယ်​​လေး​တွေထွက်​မလာခင်​အထိ
သူဟာအထွန်းလင်းဆုံးကြယ်​တစ်​ပွင့်
ပြီး​တော့.....
ကောင်းကင်​ကြီးကိုသူတစ်​ပွင့်​ထဲ
အပြည့်​အ၀ပိုင်​ဆိုင်​နိုင်​တယ်​​လေ......

#flash back#

သူနဲ့မ​နေ့ကတစ်​​နေ့လုံး​လျောက်​လည်​​နေရလို့ခု​တော့အလုပ်​​ကြွေး​တွေလုပ်​​နေရတာနဲ့တစ်​ညကုန်​သွားပြီ...

နောက်​ကျိ​နေတဲ့အာရုံကိုရှင်းလင်း​စေခြင်းအလို့
ငှါသံပုရာ​ကော်​ဖီတစ်​ခွက်​​ဖျော်​ပြီး​သောက်​လိုက်​တယ်​.....

လှမ်း​လျောက်​လာတဲ့​ခြေလှမ်း​တွေသူ့အခန်း​ရှေ့
ရောက်​​တော့အလိုလိုရပ်​တန့်​မိသွားတယ်​....

အင်း....မနိုး​လောက်​​သေးဘူးထင်​တယ်​မ​နေ့က​လျောက်​လည်​ထားတာသူပင်​ပန်း​နေမှာ.....

မနက်​၇နာရီခန့်​​ရှိ​နေပြီမို့ပြင်​ဆင်​ပြီး company
ကိုသာထွက်​လာလိုက်​တယ်​.....

Company ​ရောက်​​တော့လဲမပြီးပျက်​​သေးတဲ့အလုပ်​​တွေကိုဆက်​လုပ်​​နေလိုက်​တယ်

မိနစ်​အနဲငယ်​​နေ​တော့ညကမအိပ်​ထားတဲ့
အရှိန်​ရယ်​ဆက်​တိုက်​ပင်​ပန်းထားတာရယ်
ကြောင့်​မျက်​ခွံ​တွေက​မှေးဆက်​ချင်​လာတယ်

ကြိုးစားပြီးထိန်း​နေ​ပေမဲ့လဲခဏ​လောက်​​နေ​တော့ကျွန်​​တော်​အိမ်​မက်​ကမ္ဘာဆီအလည်
ရောက်​ရှိသွားခဲ့တယ်​......

ဘုတ်​.....

အသံကြားလို့ကျွန်​​တော့်​မျက်​လုံး​တွေကိုဖွင့်​လိုက်​မိတဲ့အချိန်​မှာမြင်​လိုက်​ရတာကျွန်​​တော့်​မျက်​နှာနဲ့အနီးကပ်​ဆုံး​နေရာမှာရှိ​နေတဲ့young nar

သူမကဘယ်​ချိန်​က​ရောက်​​နေတာပါလိမ့်​.....
ပြီး​တော့ဘာ​ကြောင့်​သူမမျက်​နှာကသူနဲ့အနီးဆုံးမှာရှိ​နေရတာလဲ

လိုက်​မမှီ​တော့တဲ့အ​တွေး​တွေကို​ခေတ္တရပ်​တန့်​ပြီး​စောနကအသံလာရာကိုအကြည့်​ပို့လိုက်​တယ်

My Toys (Complete)Where stories live. Discover now