part8

7.1K 583 6
                                        

တစ်​​နေ့တစ်​​နေ့အိမ်​ထဲကအိမ်​ပြင်​မထွက်​ပဲ​နေ​နေရတာသိပ်​ကိုမွန်းကျပ်​ဖို့​ကောင်းတယ်​အပြင်​ထွက်​ဖို့လားသူ​ခေါ်ပါတယ်​ကျွန်​​တော်​သူနဲ့မသွားချင်​ဘူးသူ​ခေါ်ရင်​အမြဲလိုက်​ရမယ်​မှန်း​တော့သိတယ်​ဒါ​ပေမဲ့တစ်​​ခေါက်​​လောက်​​တော့ငြင်းလိုက်​ရမှ​ကျေနပ်​တယ်​အဲ့လိုငြင်းလိုက်​ရင်​လဲသူ့မျက်​နှာကညိုးငယ်​သွားချင်းမရှိပုံမှန်​အတိုင်းပဲဟူး.....ငါလဲလူကိုယူထားတာဟုတ်​ရဲ့လားလို့​တောင်​တခါတခါ​တွေးမိတယ်​......

သူ့အခန်း​ရှေ့ကဖြတ်​​လျှောက်​မိ​တော့ဟ​နေတဲ့တံခါး​ကြောင့်​ကျွန်​​တော့်​​ခြေလှမ်း​တွေကိုဦးတည်​ချက်​​ပြောင်းလိုက်​မိတယ်အိမ်​​ဖော်​​ကောင်​မ​လေး​တွေအခန်းရှင်းပြီး​သေချာပြန်​မပိတ်​သွားဘူးထင်​တယ်​အခန်းတံခါးကိုပိတ်​ပြီးလှည့်​ထွက်​ခါနီးမှာမျက်​လုံး​ထောင့်​ကမြင်​လိုက်​တဲ့သူ့အခန်းစားပွဲ​ပေါ်ကဓာတ်​ပုံ​လေး​ကြောင့်​အခန်းထဲဝင်​လာခဲ့မိတယ်​........

အားရပါးရရယ်​​နေတဲ့ကျွန်​​တော်​ရဲ့ပုံ​သေချာတာက​တော့ကျွန်​​တော်​အထက်​တန်း​လောက်​ပဲရှိအုန်းမယ်​ပြီး​တော့ကျွန်​​တော်​မျက်​နှာမူထားတဲ့ဘက်​ကိုဖြတ်​ထားတယ်​ဆို​တော့ဒါတစ်​​ယောက်​​ယောက်​ကိုစကား​ပြော​နေတာပဲဖြစ်​ရမယ်​.....

ကျွန်​​တော်​ရဲ့​ဘေးတစ်​​စောင်းမကျတကျပုံ​လေးကိုကိုင်​ပြီးကျွန်​​တော်​အ​ဖြေရှာမရဖြစ်​​နေမိတယ်​သူဘယ်​တုန်းကရိုက်​ထားတာပဲပြီး​တော့သူ့ဆီဘယ်​တုန်းက​ရောက်​​နေတာလဲ....

"ထားပါ​တော့​လေသူပြန်​လာမှပဲ​မေး​တော့မယ်​..."

ဓာတ်​ပုံ​လေးကိုပြန်​ချလိုက်​​တော့​အောက်​ကအံဆွဲဟ​နေတာကိုသတိထားလိုက်​မိတယ်​အံဆွဲ​လေးထဲမှာဒိုင်​ယာရီစာအုပ်​​လေးတစ်​အုပ်​....
စာအုပ်​​လေးနား​ရောက်​ရှိသွားတဲ့ကျွန်​​တော့်​လက်​​တွေကိုရပ်​တန့်​လိုက်​မိတယ်​.....

မဖြစ်​ပါဘူးသူပြန်​လာရင်​မ​ကောင်းဘူးသူ့အခန်းထဲလဲခွင့်​မ​တောင်းဘဲဝင်​တယ်​စာအုပ်​လဲခိုးဖတ်​​သေးတယ်​ဆိုရင်​မ​ကောင်းဘူး...

My Toys (Complete)Tahanan ng mga kuwento. Tumuklas ngayon