part13

6.4K 368 8
                                        

အချစ်​ဆိုတဲ့သတ်​မှတ်​ချက်​တစ်​ခုအတွက်
အသက်​​တောင်​စွန့်​ရဲတယ်​ဆိုတဲ့လူ​တွေကို
ဟားတိုက်​ခဲ့ဘူးတယ်​.....
ဝဋ်​ဆိုတာလည်​တက်​မှန်းသိခဲ့ရင်
မကြားချင်​​ယောင်​​ဆောင်​ခဲ့ပါတယ်​....

ချစ်​ရသူမပျင်းရ​လေ​အောင်​စာအုပ်​တစ်​အုပ်​ကိုဖတ်​ပြဖို့ပြင်​လိုက်​တယ်​....

Title: Enemy is not Enemy...(ရန်​သူမဟုတ်​​သောရန်​သူ)

ကဗျာရှည်​စာအုပ်​​လေးရဲ့ပထမဆုံးစာရွက်​​လေးမှစတင်​ဖတ်​ပြလိုက်​တယ်​.....

'enemy is not love but love is enemy ´

'အချစ်​ရဲ့အတိမ်​အနက်​ကိုတိုင်းတာလို့မရသလိုအမုန်းရဲ့အလျားအနံဟာလဲတိုင်းတာရခတ်​တယ်​´

'အချစ်​​နောက်​မှာအမုန်းပါလာသလို~အမုန်းရဲ့မိတ်​​ဆွေဟာလဲအချစ်​ဖြစ်​​နေတက်​တယ်​´

'တစ်​ခါတစ်​ရံအချစ်​ကလွတ်​လပ်​မှုကိုတွယ်​တာ​ပေမဲ့ချုပ်​​နှောင်​မှုကိုလဲမြတ်​နိုး​နေတက်​ကြတယ်​´

'အချို့ကလွတ်​လပ်​မှုကို​ရွေးချယ်​ခဲ့ပြီးနာကျင်​ရတယ်​~အချို့ကချုပ်​​နှောင်​မှုကိုလက်​ကမ်းခဲ့လို့နာကျင်​ရတယ်​´

'ချုပ်​​နှောင်​မှုက​ပေါက်​ဖွားခဲ့လို့အမုန်းလို့​ပြောမရဘူးတစ်​​နေရာမှာအချစ်​ကပုန်း​အောင်း​နေခဲ့တာ´

'အချစ်​မှာအထီးကျန်​ခြင်းနဲ့လစ်​လျူရှုခြင်းက​နောက်​လိုက်​​ကောင်း​တွေပဲ´

'​ဖော်​ပြတက်​တိုင်းအချစ်​မဟုတ်​ဘူး´

'အချစ်​အတွက်​ဂလဲ့စားဆိုတာပြင်​မရတဲ့​နောင်​တ´

'အချစ်​တစ်​ခုကို​နောင်​တနဲ့​ထွေးပိုက်​ထားခဲ့ရင်​လွတ်​ချလိုက်​ပါ~ကွဲစ​တွေကြားကျန်​ရစ်​ခဲ့မှာလဲ​နောင်​တအပြင်​မရှိဘူး´

'နာကျင်​မှုကိုမခံစားနိုင်​ရင်​မချစ်​နဲ့´

'စွန့်​လွှတ်​ရမှာ​ကြောက်​ရင်​မချစ်​နဲ့´

'မစွန့်​စားရဲပဲမချစ်​လိုက်​ပါနဲ့´

စာအုပ်​​လေးအဆုံးမှာမျက်​ရည်​​တွေပါးပြင်​တစ်​​လျောက်​ကြဆင်းလို့လာတယ်​....

My Toys (Complete)Where stories live. Discover now