part-16(final-2)

8K 416 0
                                    

အလှပဆုံးပန်းခင်းမဟု​တ်​​တောင်
ဆူးခင်းလမ်း​တော့မဖြစ်​​စေရဘူးချစ်​သူ
အချိုမိန်​ဆုံးမဟုတ်​​တောင်
ခါးသက်​မ​နေ​စေရဘူးချစ်​သူ

"ဒုန်း....ဒုန်း.....အား......."

တံခါး​ရှေ့ကကျယ်​​လောင်​တဲ့​အော်​သံ​ကြောင့်​baekအသဲအသန်​​ပြေးထွက်​လာတယ်

အပြင်​​ရောက်​​တော့တံခါး​ရှေ့မှာ​ခေါင်းငိုက်​စိုက်​ကျပြီးပုခုံး​လေး​တွေတသိမ့်​သိမ့်​တုန်​​နေတဲ့chanyeol​ကြောင့်​baekမျက်​လုံးပြူးမျက်​စံပြူးနဲ့​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​ရ​တော့တယ်

"Yeol..yeolငို​နေတာလားဘာဖြစ်​လို့လဲဟင်​တံခါးနဲ့​ခေါင်းနဲ့​စောင့်​လိုက်​တာလားဒါ..ဒါမှမဟုတ်​ကို့လက်​ကိုကိုက်​လိုက်​တာလား"

Chanyeol​ခေါင်း​မော့မကြည့်

Park chanတဲ့ကွတစ်​ခြမ်းပဲရှိတယ်​နှစ်​ခြမ်းရှိရင်​​ဝေပစ်​လိုက်​မယ်​အကယ်​ဒမီ​ဆုရ​လောက်​တယ်

Chanyeolသူတံခါးကိုခပ်​ပြင်းပြင်​နှစ်​ချက်​ထုပြီးအားကနဲ​အော်​လိုက်​​တော့baekအသဲအသန်​​ပြေးထွက်​လာတယ်

သူပြာယာခက်​​နေတာကိုရယ်​ချင်​လွန်းလို့ကြိတ်​ရယ်​​နေတာ​ကြောင့်​ပုခုံးသား​တွေတုန်​​နေတာကိုငို​နေတာလားတဲ့

ဒါကထားပါ​တော့ကို့လက်​ကိုကိုက်​လိုက်​တာလားတဲ့ခွီ...ငါ့ကိုသူ့လိုpuppyများမှတ်​​နေလားမသိဘူး....

သူထင်​ရာ​သူ​ပြောပြီးပြာယာခက်​​နေတဲ့baekကိုကြည့်​ပြီးသူစိတ်​မထိန်းနိုင်​စွာအသံထွက်​ရယ်​လိုက်​မိတယ်

"ဟင်​yeol..ရယ်​..ရယ်​​နေတယ်​ဟုတ်​လား"

Chanyeolဟီးခနဲသွားဖြီးပြလိုက်​​တော့​ကောက်​စိန်​​လေးမျက်​ရည်​​တွေဝဲလာပါ​လေ​ရော......

"ဟင့်​yeolအစုတ်​ပလုပ်​ကြီးသူများက​တော့သူ့ကိုစိတ်​ပူ​နေတာသူက​တော့baekကိုအရူးလုပ်​တယ်​​ပေါ့ဟုတ်​လားသွားမလာနဲ့အနားကိုမလာနဲ့အရူးကြီး"

မျက်​ရည်​​လေး​တွေကျရင်းကျွန်​​တော့်​ရင်​ဘက်​ကိုခပ်​ဖွဖွ​လေးထု​နေတဲ့သူ့လက်​​လေး​တွေကိုစုတ်​ကိုင်​လိုက်​တယ်

My Toys (Complete)Where stories live. Discover now