Chapter 1

1.3K 82 21
                                    

2015 December 1st~~~

သန့်စင်အေးမြသော ဒီဇင်ဘာ၏ နှင်းပွင့် နှင်းဖတ်တို့က ဘုရားကျောင်း အရှေ့မြက်ခင်းပြင်ကျယ်ကို ဖြူလွစွာ အုပ်ဆိုင်း အလှဆင်ထားကြသည်

ဘုရားကျောင်းထိပ်မှ လွင့်ပျံလာသော ခေါင်းလောင်းသံနှင့်အတူ အထဲရှိ မင်္ဂလာခန်းမထဲ မှ သတို့သားနှစ်ယောက်၏ ရင်ခုန်သံတို့ကလည်း ထပ်တူညီစွာ ခုန်နေကြသည်

သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ အပြုံးများသည်
ဖြူစင်အေးမြသော ခိုင်မြဲတည်ကြည်သော အချစ်စစ် အချစ်မှန်တို့ဖြင့် ထုံမွှမ်းလျက် ရှိနေသည်

"Choi Siwon....အသင်သည်
ဘုရားသခင်၏ အမည်နာမတော်အောက်၌ Cho Kyuhyun ကို သင်၏ ခင်ပွန်းအဖြစ် သတ်မှတ်ပြီး ယနေ့မှစ၍ ကောင်းသည့်အချိန်ဖြစ်စေ ဆိုးသည့်အချိန်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ အသက်ထက်ဆုံး ကြင်နာစောင့်ရှောက်မည်ဟု ကတိပေးပါသလား"

သတို့သားက ချစ်သူကို မြတ်နိုးစွာဖြင့် ပြုံး၍ကြည့်လိုက်ရင်းဖြေသည်

"ကျွန်တော်...ကတိပေးပါတယ်"

"Cho Kyuhyun.......အသင်သည်
ဘုရားသခင်၏ အမည်နာမတော်အောက်၌ Choi Siwon ကို သင်၏ ခင်ပွန်းအဖြစ် သတ်မှတ်ပြီး ယနေ့မှစ၍ ကောင်းသည့်အချိန်ဖြစ်စေ ဆိုးသည့်အချိန်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ အသက်ထက်ဆုံး ကြင်နာစောင့်ရှောက်မည်ဟု ကတိပေးပါသလား"

တဖက် သတို့သား၏ ဖြူဝင်းနီတွတ်နေသော မျကိနှာလေးပေါ်၌ ရှက်ပြုံးလေးတစ်ခု လက်ခနဲပေါ်လာသည်

"ဟုတ်ကဲ့....ကတိပေးပါတယ်"

.

.

.

"အသင်တို့နှစ်ယောက်သည် ကိုယ်တော့်ခြေရင်းတွင် ယနေ့မှစ၍ ထိမ်းမြားလက်ထပ်ခြင်းအမှုကို ပြုခဲ့ကြပြီ ဘုရားသခင်ကောင်းချီးပေးပါစေ"

ထိုစဉ် သတို့သားနှစ်ဦးကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်သည့် ပရိသတ်ကြီး၏ ဩဘာလက်ခုတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်

နှုတ်ဆိတ်သောနှင်းWhere stories live. Discover now