အိပ်ရာမှ ထလာရသော်လည်း တစ်ညလုံး အတွေးများကာ အိပ်မပျော်သဖြင့် လေးလံထိုင်းမှိုင်းလျက် ရှိနေသည်
Yoon ချိန်းဆိုထားသောနေရာသို့ မသွားခင် သူ့ဘဝ အတွက် တစ်စုံတစ်ရာအပြောင်းအလဲ ဖြစ်လာနိုင်ချေ ရှိသည်ကို တွက်ချက်ကြည့်ပြီးပြီ....
အဲ့အတွက်လည်း တစ်ညလုံး သူ့စိတ်ကိုသူ ပြင်ဆင်ပြီးပြီ
Yoon......
အဲ့ဒီကောင်မလေး အကြောင်းကို သူကောင်းကောင်းသိသည်
ခေါင်းမာသည်....
ဇွဲကြီးသည်.....
သူဖြစ်လိုသည့်အတိုင်း အရာရာကို ပုံသွင်းချယ်လှယ်တတ်သည်....ရည်မှန်းချက်တစ်ခုအောင်မြင်ရန်အတွက် ကိုယ့်ဘဝကိုပါ စွန့်လွှတ်ဖို့ ဝန်မလေးတတ်.....
မနေ့က ရုံးခန်းထဲတွင် သူ့ကိုပြောသော Yoon ၏ စကားအတိမ်အနက်ကို ခန့်မှန်းခြင်းအားဖြင့် Yoonသည် သူ့ဘဝထဲကို ပြန်လည်တိုးဝင်ရန် ဆန္ဒရှိနေကြောင်း သိသာသည်
အကယ်၍
အကယ်၍သာ.....သူသည် Yoon ၏ ရည်မှန်းချက် တစိတ်တပိုင်းဖြစ်နေခဲ့လျှင်......
သူရော Yoon ရော Kyuရော သုံးယောက်စလုံး အတွက် နာကျင်စရာတွေ ဖြစ်လာတော့မည်
အချစ်ဦး နှင့် အချစ်ဆုံးကြား ဤနှလုံးသားစီရင်ခန်းသည်
ဘာတွေပဲဖြစ်နေပါစေ.....
ဘယ်လောက်ပဲခက်ခဲနေပါစေ.....
ပြတ်သားမှုကတော့ရှိရမည်မဟုတ်လား ......
..
.
ခက်တာက အဲ့လိုတွေးမိလေလေ သူ့စိတ်က တွေဝေလေလေ........
သူ့ရဲ့နှလုံးသားက ဘယ်သူကိုရွေးပြီး ဘယ်သူ့ကို စတေးစေချင်တာလဲ ဝေဝါးနေဆဲ.......
တချိန်က အသည်းနင့်အောင် ချစ်ခဲ့ရသူသည် ယခုသူ့နှင့် လက်တစ်ကမ်းအကွာသို့ ရောက်နေပြီ.....
တချိန်က သူဆွတ်ခူးရန် ကြံရွယ်ခဲ့သော ပန်းကလေးသည် ယခုတော့ သူ့လက်ဖဝါးထဲ ကြွေကျလုဆဲဆဲ ဖြစ်နေပြီ......သူ့ဘက်ကနေ လက်ဖဝါးကို ဆန့်တန်းပေးရန်သာ လိုတော့သည် မဟုတ်လား???
သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက်
လေးလံနေသော စိတ်တို့ ပြေလိုပြေငြား မျက်စိများ ခဏမှိတ်ထားမိလိုက်သည်
YOU ARE READING
နှုတ်ဆိတ်သောနှင်း
Fanfiction"ခင်ဗျားက အာဒမ်မဟုတ်သလို ကျွန်တော်ကလည်း ဧဝမဟုတ်ဘူး ခင်ဗျားကလွဲရင် ကျွန်တော့်မှာ ရွေးချယ်စရာ တွေမှ တပုံကြီးဗျ......သိရဲ့လား ကိုယ့်ကိုယ်ကို သိပ်လဲအထင်ကြီးမနေနဲ့ Choi Siwon!!!" Kyuစကားလုံးများက သံမဏိမြားသဖွယ် သူ့ရင်ကို အရှိန်ဖြင့် ထိုးခွဲသွားကြသည်