Chapter 2

630 60 35
                                    

လင်နှင့်မယား လျှာနှင့်သွားဆိုလျှင် လင်နှစ်ယောက်အတူနေသော အိမ်ထောင်စုတစ်ခုမှာလည်း မလွဲမသေ ပဋိပက္ခကတော့ ရှိမှာသေချာသည် သို့သော်လည်း လျှာသည် သွားနှင့်မကင်းနိုင်သကဲ့သို့ သူကလည်း Kyuနှင့်ကြာကြာမကင်းနိုင်.....
.

.

.

လက်ထပ်ပြီး သုံးလအကြာ~~~

"Kyuရေ မနက်ဖြန်ညနေရင် ကိုကို ဂျပန်မှာ အလုပ်ကိစ္စနဲ့ ခရီးသွားရမယ် အဲ့ဒါ အဝတ်အစားတွေ သေချာထည့်ပေးထားဦး မမီမှာစိုးလို့"

"ကိုကို ဘာဝတ်ချင်တာလဲ ကျွန်တော် ဘယ်အင်္ကျီ ထည့်ပေးရမလဲ"

"ရတယ် ခါတိုင်းဝတ်နေကျ ပုံစံမျိုးပဲ သပ်သပ်ရပ်ရပ် ဖြစ်ရင်ရပြီ"

"အော်......ဟုတ်!!!အာ့ဆို အခုပဲထည့်ပေးမယ်လေ"

ခါတိုင်းဆို ဘယ်သူ့ကိုမှ စိတ်တိုင်းမကျသဖြင့်
သူ့လက်သူ့ခြေဖြင့် အကုန်လုပ်နေကျဖြစ်သည်
ဒီတခါတော့ တကယ်မအားသဖြင့် Kyuကို ခိုင်းရန်ဆုံးဖြတ်လိုက်သည်

အစည်းအဝေးက အရေးကြီးသည် ဆွေးနွေးရမည့်စကားများကို ကော်ဖီတစ်ခွက် အနားမှာချရင်း သူအခေါက်ခေါက်အခါခါ ဖတ်နေရသည် အဝတ်အစားထည့်ဖို့အချိန်မရှိ

Siwon စာထိုင်ဖတ်နေစဉ် Kyu ကတော့ အဝတ်သေတ္တာတစ်လုံး ချကာ ခေါင်းကုတ်လိုက် ဖင်ကုတ်လိုက်ဖြင့် စဉ်းစားတွေးတောရင်း အဝတ်ဗီရိုရှေ့၌ တစ်ယောက်တည်း ရှုပ်ရှက်ခတ်နေလေသည်

စာဖတ်နေရင်း မျက်လုံးခဏလွှဲကာ Kyuကို အသာလေး အကဲခတ်လိုက်သည်
သူငယ်ငယ်က အဖေပြောဖူးသော စကားကိုလည်း သတိရလာသည်

"ငါ့သားရဲ့ တခါတလေမှာ အိမ်ထောင်ဘက် အချင်းချင်း role တင်ပေးရတယ် နေရာတကာ မင်းဝင်ပါလို့မရဘူးကွဲ့ သူ့ကိုလည်း မင်းအတွက် လုပ်စရာရှိတာတွေ ပေးလုပ်ရတယ် ဒါမှ သူက သူ့ကိုယ်သူ မင်းအတွက် အရေးပါတဲ့သူလို့ ခံစားမိမှာ......... အဲတော့မှ အိမ်ထောင်ရေး တည်မြဲမှာပေါ့ အခု မင်းအမေက သူကြိုက်တာတွေ လျှောက်လုပ်နေရတော့ သူ့ကိုယ်သူ အတော်ဟုတ်လှပြီထင်နေတာလေ တကယ်တော့ အဖေက ဘာမှမသိလို့မဟုတ်ဘူး တမင် အလျှော့ပေးထားတာကွ ......."

နှုတ်ဆိတ်သောနှင်းWhere stories live. Discover now