Chapter 3

571 59 9
                                    

ညနေစောင်းလာပြီ

Kyu တစ်ယောက် တစ်နေလုံး ဘာမှမစားပဲ စိတ်ထိုင်ကောက်နေသဖြင့် ဗိုက်ထဲမှာ တဂွီဂွီဖြစ်နေသည်

"ဟိုလူကြီး ကလည်းအခုထိပြန်မလာသေးဘူး"

ပါးပေါ်က ခြောက်လုဆဲဆဲ မျက်ရည်များကို လက်ဖမိုးဖြင့် စိတ်နာစွာ သုတ်လိုက်သည်

သူ့မှာတော့ ကိုကို့မျက်နှာ တစ်ကမ္ဘာထင်၍ မိဘဆွေမျိုးများကို အတိုက်အခံလုပ်ပြီး လက်ထပ်ခဲ့သည် ကိုကို၏အချစ်သည် မိသားစု၏အချစ်ကို တောင့်တစရာ မလိုလောက်အောင် ပြီးပြည့်စုံလိမ့်မည်ဟု ရူးသွပ်စွာ သူယုံကြည်ခဲ့မိသည်

တကယ်တော့ ကိုကိုဟာ မျှော်လင့်သလောက် သူ့အပေါ် မနွေးထွေးခဲ့ပါလား......

ကိုကို့စိတ်ထဲ အလုပ်တစ်ခုတည်းသာ ရှိပီး သူ့အပေါ်ထားသော အချစ်တို့ တစတစ ခမ်းခြောက်လာပြီလား
အိမ်ထောင်သက်ကြာလာလေလေ သူ့အပေါ်ထားရှိသော မေတ္တာတရားတို့ အေးစက်လေလေဖြစ်နေပြီလား

သူတွေးရင်းတွေးရင်း ရင်တွေလှိုက်မောလာသည်

သူ ကိုကို့ကို ချစ်သည်......
ပြောမပြတတ်အောင်ချစ်သည်......

အခုတော့ သူတို့နှစ်ယောက်မှာ အတူဆုံနေသော်လည်း စိတ်ချင်းဝေးနေသည့်အဖြစ်မျိုး
စိတ်ဝိဥာဉ်ချင်း ရင်ခုန်သံချင်း အရင်းနှီးဆုံးဟု သူယုံကြည်ကိုးစားခဲ့သည့် ကိုကိုက ဘာလို့များ ရုတ်တရက်ကြီး တစိမ်းဆန်သွားရပါလိမ့်.......

ငိုလွန်း၍ မောနေသော်လည်း ပူနွေးသော မျက်ရည်များက ပါးပြင်ပေါ် ထပ်မံ စီးကျလာပြန်သည်

သူထိုင်နေသော အိပ်ခန်းသည်လည်းကောင်း ကိုကိုနှင့်အတူ နေထိုင်ခဲ့သည့် ဒီအိမ်ကြီး တစ်ခုလုံးသည် လည်းကောင်း  အေးစက်ခက်ထန်မှုများဖြင့် ပြည့်နှက်နေသည်ဟု ရုတ်တရက် ခံစားမိလာသည်

အားငယ်စိတ် နှင့်အတူ အထီးကျန်မှုတို့ကပါ သူ့ကို အကြီးအကျယ် စိုးမိုးလာသောအခါ သူ့လက်က အနားတွင်ချထားသော ဟန်းဖုန်းဆီ ရောက်သွားသည်

ခဏကြာတော့ ဘယ်တော့မှ စမဆက်ရန် ဆုံးဖြတ်ထားသော ဖုန်းနံပါတ်တစ်ခုကို ခေါ်မိလျက်သား ဖြစ်သွားလေသည်

နှုတ်ဆိတ်သောနှင်းWhere stories live. Discover now