Chapter 4

592 59 12
                                    

"ဟယ်လို.....Siwon-shi... မတွေ့ရတာကြာပြီနော်"

အမျိုးသမီး၏ အကြည့်တွေက လျို့ဝှက်လွန်းသည် စူးရှလွန်းသည်

ကြောင်ငေးနေသော Siwonဆီမှ တော်တော်ကြာအောင် ဘာစကားတစ်ခွန်းမှ ထွက်မလာ....

ဘေးနားမှ Heechulက တံတောင်ဖြင့်တွတ်လိုက်မှသာ အသိတို့က ပြန်ဝင်လာသည်

ဒါ.......ဒါဖြင့် Yoon က Heechul ပြောတဲ့........

.

.

.
သူ့ရင်ထဲ ဟာကနဲဖြစ်သွားသည်
.

.

.

"ဟုတ်ကဲ့ မ....တွေ့...မတွေ့ရတာကြာပြီနော် Mrs.Lee"

ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲမှ အပူငွေ့များ စိမ့်ထွက်လာသလို ရှိန်းတိန်းတိန်းဖြစ်သွားသည်

.

.

.

ဒီရေစက်က အခုထိ မဆုံးနိုင်သေးပါလား
.

.

.

CEO ကြီး Mr.Lee က သူတို့နှစ်ယောက်ကို ဘေးနားမှနေ၍ တိတ်ဆိတ်စွာ အကဲခတ်လျက်ရှိသည်

"မောင်ရင်တို့ နှစ်ယောက်က သိနေကြတာလား"

မနှစ်မြို့သောခံစားချက်တစ်ခုကို သူတို့နှစ်ယောက်စလုံး အလိုအလျောက် ခံစားမိသည်

သို့သော် Yoon ကတော့လျင်သည်

ခင်ပွန်းဖြစ်သူ၏ မျက်လုံးများကို အကဲခတ်မိသည်နှင့် ချက်ချင်းပင် သူ့မမျက်နှာပေါ်တွင် နှစ်လိုဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖန်တီးပစ်လိုက်သည်

"ဟန်နီ.....ဒါ Yoonရဲ့ ကျောင်းတုန်းက မိတ်ဆွေလေ.......မတွေ့တာ ဆယ်နှစ်လောက်တောင်ရှိသွားပြီ"

ထို့နောက်  Siwon ဘက်သို့ချက်ချင်း ပြန်လှည့်လာသည်

"ရှင်.....အိမ်ထောင်ကျသွားပြီလို့ကြားတယ် ဝမ်းသာပါတယ်"

ရင်ထဲမှ လာခြင်းမဟုတ်သော အေးစက်စက် အပြုံးတုတစ်ခုကို ဘာကြောင့်များ သူမသည် ဤမျှလောက် သေသပ်စွာပြုံးတတ်ရသနည်းဟု Siwonတွေးနေစဉ်မှာပဲ သူ့ခေါင်းက အလိုလိုခေါင်းညှိတ်မိလျက်သား ဖြစ်သွားသည်

နှုတ်ဆိတ်သောနှင်းWhere stories live. Discover now