Only You-1

3.9K 259 11
                                    

ကျောင်းကြီး တစ်ခါမှ မရောက်ဖူးတဲ့ ကျောင်းကြီးကို ကျွန်တော် Byun Baekhyun တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ အစပြုလိုက်တယ်......

ဒါပေမယ့် ကျောင်းအဝကို အရောက် ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်း~

"Hmm?"

ဘာလဲ? ရန်ဖြစ်နေတာလား?

ဒါပေမယ့်~

ဘာလို့ဝိုင်းကြည့်နေတာလဲ~

ဝိုင်းဆွဲကြလေ~

ဒီလောက်လူတွေ များတာ~

ဟော်~

ဟိုတစ်ယောက်က သွေးတွေတောင် ထွက်လာပြီ~

ဝင်ဆွဲဖို့ ခြေလှမ်းတွေကို ပြင်လိုက်ပေမယ့်~

'သား Baekhyun အရာရာကို ဝင်မပါပါနဲ့ '

ဟူး~

သက်ပြင်းချပြီး လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုပ်ကာ ကျောင်းထဲကို ဝင်ရန် အလုပ် မြင်လိုက်ရတဲ့ သူ့မျက်ဝန်း~

သူ့မျက်ဝန်း~

အား~

စူးရှလွန်းတယ်~

ကျွန်တော့်ရဲ့ အမိန့်ကို မနာခံတဲ့ ခြေထောက်ဟာ လူတွေဝိုင်းနေတဲ့ ဆီကို တိုးဝင်သွားခဲ့ပြီ~

'ခွပ်'

'ခွပ်'

\\Hmm?//

အာမေဍိတ်သံသည် တစ်ပြိုင်နက်~

တတိယမ္ပိ သူ့မျက်နှာထံ လက်သီးမရောက်ခင် ကျွန်တော်၏ လက်သည် သူ့လက်ကို သွား၍ ဆုပ်ကိုင်လိုက်ခြင်းကြောင့်ပင်~

ထိုသူကို ကျွန်တော် ဘာစိတ်ကူးနဲ့ သွားတားမိပါလိမ့် :3

အင်း~

ကျွန်တော့်ကို ကြည့်နေတဲ့ မျက်ဝန်းကြောင့်ပဲ ထင်ပါရဲ့~

အဟင့်...

လောလောဆယ် ကျွန်တော့်ကို ကြည့်နေတဲ့ မျက်လုံးက ကြောက်စရာ ><

"အဟက် ငါ့ကို ဝင်တားရဲတဲ့ သတ္တိက တော်ရုံနဲ့ တော့မရဘူး"

"....."

ကျွန်တော် ဘာမှ ပြန်မဆိုမိ မဟုတ်တာ ပြောဖို့စကားရှာနေတာ ဆိုပိုမှန်လိမ့်မယ်~

ဟင့် အဲ့လူကြီးက စိုက်ကြည့်ပြီး ဘာလုပ်ရမလဲ အကြံအိုက်နေစဉ် မြင်လိုက်ရတဲ့ အမျိုးသမီး တစ်ဦး ~

အယ် ဟုတ်ပြီ~

လွယ်အိတ်ကို အမြန်ပစ်ချကာ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျအောင် ဖန်တီးလိုက်တယ်~

ကျွန်တော်က မျက်ရည်ပေါတယ်လေ :3

"ကိုရယ် Baek ကို မေ့လိုက်ပြီလား ဟင့် Baek ကတော့ ကို့ကို တွေ့ချင်လို့ မာတာမိခင်ကြီးကို ခွင့်တောင်းပြီးလာခဲ့ရတာ"

\\o_O ဘာလား?//

လူတော်တော်များများက ကျွန်တော့်ရဲ့ ပုံစံကို ကြည့်ပြီး တိုးတိုးပြောသူကပြော ရယ်သူကရယ် ဖုန်းထုတ်ရိုက်သူတောင်ရှိသေး တော်တော် စိတ်ဝင်စားဖို့ကောင်းတာကိုး :3

ထိုလူကြီးကလည်း ကြောင်ကြည့်သလိုနဲ့ ကြည့်ပြီး သူ့လက်မောင်းကို ကိုင်ထားတဲ့ ကျွန်တော့်လက်ကို ဖယ်ချလိုက်တယ် ပြီးတော့ ပြောသေးတယ် ရွံ့စရာကြီးတဲ့ :\

ဒါပေမယ့် သူရှက်လို့လားတော့မသိ ထွက်သွားလေပြီ~

အင်း~

မကောင်းတဲ့ လူဆိုပေမယ့် အဲ့လူ တော်တော်ချောတာကိုတော့ ဝန်ခံပါရစေ...

ဖြူဖြူ​ဖွေး​ဖွေး မျက်နှာမှာ ဒေါသထွက်နေလို့ အနည်းငယ်နီနေပြီး သူ့ရဲ့ မျက်ဝန်းရိပ်ဟာ ဝမ်းနည်းမှုနဲ့ ပြည့်နေသလို~

အားးး ကျွန်တော် ဘယ်လိုဖြစ်လို့ လူဆိုးတစ်ယောက်ကို အဲ့လောက်အကဲခတ်မိနေတာလဲ~

"ဒီမှာ ဒီမှာ"

ခေါ်သံကြောင့် နောက်ကိုလှည့်ကြည့်လိုက်တော့ အတော်အသင့်ရှည်တဲ့ အရပ်နဲ့ မျက်နှာချောချော ကို ပိုင်ဆိုင်ထားသူ.......

ကျွန်တော် Byun Baekhyun သည် လူတွေ့ရင် ဤကဲ့သို့ မျက်နှာကို အကဲခတ်တတ်သည်မှာ ဖျောက်မရသော အကျင့်တစ်ခု :\

"ကျေးဇူးတင်ပါတယ် "

"အာ.....ရပါတယ်"

"Nae"

အချိန်ခဏ ငြိမ်သက်သွားပြီးမှ ....

"ဟိုလေ ကျွန်တော်တို့ သူငယ်ချင်း လုပ်လို့ရမလား"

"အင်းး"

ဒါက ကောင်းတဲ့ ကိစ္စပဲလေ ကျွန်တော် သူငယ်ချင်းအသစ်ရတာပေါ့ ....

"Minho,Lee Minho"

"Baekhyun,Byun Baekhyun "

ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်~

....
...
မှန်မှန်ပြော စဖတ်တော့ ခံရတဲ့ လူကို Sehun လို့ထင်တယ်မား...
အနော်လည်း ဘာလို့ အဲ့လိုရေးလိုက်လည်းမသိတော့ဘူး :3

Only You||SeBaek-Complete||Where stories live. Discover now