အရောင်စုံ၍ မညီမညာသွားလာနေသော မီးရောင်စုံ အောက်တွင် လူအများပျော်ရွှင်စွာ ကခုန်နေချိန် ကျွန်တော်ကတော့ အရက်ချည်း လှိမ့်သောက်နေမိတယ်.....
လည်ချောင်းတစ်လျောက် ပူပြင်းစွာ ကျဆင်းသွား တဲ့ အရက်ကို တောင် အေးတယ် ထင်နေတယ်.....
ဟက်....
ကျွန်တော်က ပိုပူလောင်နေလို့ ဖြစ်မှာပေါ့....
"Baekhyun မလား?"
နောက်က ခေါ်သံကြောင့် လှည့်ကာ မှောင်နေတာ ကြောင့် ဘယ်သူမှန်းမသဲကွဲ...
ဒါပေမယ့် ရင်းနှီးနေတဲ့ အသံကြောင့်....
"Min....Minho လား?"
"ဟ...ဟ မမှတ်မိတော့ဘူး ထင်ပါရဲ့"
"မှတ်မိပေမယ့် မင်းက ဒီကို ဘယ်လို... ဂျီဆယ်နဲ့ လက်ထပ်လိုက်ပြီဆို"
"ဟ....ဟ ဂျီဆယ်ဆိုတာက ငါ့အပျော်တွဲတာပါ"
ဟင်...
ဒါဖြင့် Sehun က ဂျီဆယ့်ကို ကြိုက်နေတာ...
အဲ့ဒါကို Minho က ဖြတ်လုတာလား? အပျော်တွဲဖို့လေ....
"တောက်!"
'ခွပ်´
တောက် တစ်ချက်ခေါက်ကာ မျက်နှာကို လည်ထွက်သွားအောင် ထိုးလိုက်တော့ Minho က ကျွန်တော့်ကို အံသြရိပ်နဲ့ ကြည့်လေရဲ့....
"ဘာလုပ်တာလဲ Baekhyun?"
"မင်းကွာ... ငါကတော့ မင်းကို ရိုးသားတယ် ထင်ခဲ့တာ မင်းက Sehun ကြိုက်တဲ့လူကို ဖြတ်လုတာကိုး... တောက်... ဟာကွာ"
"ဟိတ်.... ဟိတ် မသိဘဲ လာမစွပ်စွဲနဲ့ မင်းမို့လို့ ငါသည်းခံနေတာ မင်းနေရာမှာ တခြားလူဆို မင်းသေပြီ"
"ဟက် သေပါစေ.... ကိုယ့်ကို တကယ်မချစ်တဲ့ လူနဲ့ ပေါင်းဖက်ရမှာထက်ဆိုင်ရင် သေသွားတာ ကမှ ကောင်းဦးမယ်"
"ဘာလဲ Sehun ဗီဇ ပြန်ပြနေတာလား?"
"Hmmm?"
ကျွန်တော်နားမလည်စွာ သူ့ကိုကြည့်လိုက်တယ်
ဗီဇ?ဘာ ဗီဇလဲ?
အဲ့တော့မှ Minho က လဲကျသွားလို့ တွန့်ကြေသွားတဲ့ အင်္ကျီကို ပြန်ဖြန့်ကာ ...
YOU ARE READING
Only You||SeBaek-Complete||
RandomOnly You Baekhyun ah~ Although I late ,I want to tell you that Only You Sehun ah~