Only You-11

1.5K 166 2
                                    

ညာဘက် လက်သန်းတွင် couple ring ဟု ထင်ရသော ဆင်တူ လက်စွပ်နှစ်ခုကို တစ်ပြိုင်တည်း ဝတ်ဆင်ကာ စားရင်းရှိ file များကို စစ်ဆေးနေသူ ၏ ရှေ့ရှိနာမည်ပြား လေးသည် ဂုဏ်ရှိစွာ....

Oh Shixun...Managing Of BH gp

"သူဋ္ဌေး အစည်းအဝေး စပါတော့မယ် "

"Omm လာခဲ့မယ်"

သူသည် အတွင်းရေးမှူးကို ပြောပြီး ရှေ့က သူ့ကို ပြုံးပြနေတဲ့ ချစ်စဖွယ်ကောင်လေးရဲ့ ဓာတ်ပုံကို ကြည့်ကာ...

"ကလေး  saranghae မင်းတစ်နေ့ ပြန်လာမယ်လို့ ငါယုံတယ်"

အရည်လဲ့ လာတဲ့ မျက်လုံးကို ခပ်မြန်မြန်သုတ်ကာ အစည်းအဝေးခန်းထဲကို ထွက်ခဲ့တယ်....

~Only You~

သူဋ္ဌေး ဝင်လာတော့ လူတွေ အများကြီး ရောက်နေပေမယ့် လွတ်နေသေးတဲ့ ကိုယ်စားလှယ်နေရာ...

*tsk *

Shixun သည် အချိန်တိကျ သူတစ်ယောက်...
ပြတ်သားသူ အလုပ်လုပ်ရာတွင် တိကျသူ ထို့ကြောင့် သူသည် ကိုရီးယား စီးပွားရေးလောက၏ ထိပ်တန်း....

ထိုသို့ဖြစ်ရန် သူသည် နှလုံးသားကို လဲလှယ်ခဲ့ ရသည်....

၁၅ မိနစ်ကျော်သည့်တိုင် ထို ကိုယ်စားလှယ်ဆိုသူသည် ရောက်မလာသေး..

"တောက်!! ဒါ ဘာသဘောလဲ?"

"သူ သူ...ကားပိတ်နေလို့ နေမှာပါ"

သူ၏ လူ ထင်ရသောသူက ဝင်ပြောသည်....

"အေး ငါကလည်း အဲ့လို အချိန်မတိကျတဲ့ သူနဲ့ အလုပ်မလုပ်နိုင်ဘူး~"

Shixun ထွက်သွားခဲ့သည်.......

အခန်းထဲ အရောက် သူ၏ ထိုင်ခုံ ပေါ်တွင် ကျနစွာ ထိုင်နေသော သူကြောင့် ဒေါသက ထောင်းခနဲ....

အလင်းရောင် သိပ်မဝင်အောင် အခန်းကို အနည်းငယ် အမှောင်ချထားတတ်တဲ့ အကျင့်ကြောင့် လူရိပ်ကို မြင်ရသော်ငြား မသဲကွဲ....

"မင်း ဘယ်သူလဲ? ဘာမို့လို့ ငါ့ အခန်းမှာ ထိုင်နေတာလဲ?"

" မေးခွန်းတွေက များလိုက်တာ"

တဖြည်းဖြည်း သဲကွဲလာတဲ့ အချိန် တွေ့လိုက်ရတဲ့ မျက်နှာ.....

"ကလေး!!"

ပြေးဖက်လိုက်တာကြောင့် Hyunee လန့်သွားသည်....

"ခင်ဗျား ဘာလုပ်တာလဲ ?"

"ခင်ဗျားတဲ့လား?? ရင့်သီးလိုက်တာ ကလေးရယ်"

"ကလေး ? မဟုတ်ဘူး ကျွန်တော့် နာမည်က Wu Hyunee ပါ Mr.Shixun ,စာချုပ်ကိစ္စ အတွက်လာတဲ့ xXx Gp ကပါ"

ကလေးသည် သူ့ကို ရှောင်ဖယ်ကာ လူကြီးတစ်ယောက် ဟန်ဆိုလာလေသည်....

စာချုပ်ကိစ္စ ပုံမှန်ဆို ဒီလို အချိန်မမှန် အထက်စီးကနေ နေတတ်သူကို Shixunတစ်လဲဖြစ် တစ်ချိန်က Sehun လည်း ဖြစ်ခဲ့ ဖူးသည့်သူက လက်ခံမည်အဟုတ်....

သို့ပေမယ့်....

စာချုပ်ချုပ်ရင် မမှတ်မိစေဦးတော့ ကလေးရဲ့ မျက်နှာကို ၁လ လောက်တော့ တွေ့ခွင့်ရလိမ့်မည် မဟုတ်လား......

"အော် Mr.Shixun လောကမှာ လူတူမရှား နာမည်တူမရှားဆိုတာ သိသင့်တယ်"

အနားမှာနေရင် ရနေကျ ကိုယ်သင်းနံ့ သင်းသင်းရယ်.....

ချိုအီတဲ့ အသံ....

မှေးစင်းနေတဲ့ မျက်ဝန်းနက်မှအစ လက်ဖျားအဆုံး တူနေတဲ့ ချစ်ရသူက သူ့ကို ဘယ်လောက်ပဲ မသိဘူးငြင်းနေပါစေ.....

မင်းကို ကိုယ့်ရဲ့နှလုံးသားက ရင်းရင်းနှိးနှီး ခုန်ပေါက်ကာ နှုတ်ဆက်နေတာကို ကြည့်ရင် မင်းက ကလေးပါ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုလေးပေါ့....

..
..
တိုပါတယ် တောင်းပန်ပါတယ်😢

Only You||SeBaek-Complete||Where stories live. Discover now