ZAWGYI
Start >>>
ဒါနဲ့ ဒီကလေး ဘာဖြစ်သွားတာပါလိမ့် မျက်နှာ လည်း မကောင်းဘူး
မတွေးဘူးလို့ စိတ်တင်းထား ပေးမယ့် သူ့ Papa မျက်နှာ ရှိသေးတယ်လေ မတွေးလို့လည်း မဖြစ်သေးဘူး တော် ကြာ အာ့ကလေး က ယုံရတာ မဟုတ်ဘူး သူ စိတ်ကောင်း ရှိတဲ့အခါ ကောင်းပြီး တခါတလေ တော်တော်ကောက်ပြီး အချွန်နဲ့ မချင်လည်း မတာရယ် ယုံရတာ မဟုတ်ဘူးညဘက်ကျမှ သူဘယ်အခြေအနေ အထိ ကောက်နေလဲ ဆိုတာ သူ့ Papa ဆီ သွားလည်ရင်း ကြည့်ရမယ် ချော့သင့်ရင် ချော့ရမယ်လေ သူ့ကို ချော့ချင်လွန်းလို့ တော့ မဟုတ် သူ့ Papa ကို လျှောက်ပြောလိုက်ရင် မျက်နှာ ပျက်နေရမှာ စိုးလို့ပါ
သူ့ Papa ကလည်း ကျနော်တို့ Park Group က ပိုင်တဲ့ Company အတော်များများ မှာလည်း ရှယ်ယာ တော်တော် များများ ဝင်ထားတော့လည်း သူ့ကို မကြည်တောင် သူ့ Papa မျက်နှာထောက်ပြီး ချော့သင့် ချော့ရတော့မပေါ့
သူ့က ကျနော့်ကိုသာ မပိုင်တာ ကျနော့် Appa Park Joon Ki ရဲ့ အသည်းတုန်း Appa သွားချွန်လည်း ကျနော်ပဲ ခံရမှာ
အော် ကျနော့် ဘဝက မိအေး နှစ်ခါနာပါ 😖😖😖
အဲ့ဒီတော့ ဟောဒီက Park ChanYeol ဆိုတဲ့ ကျနော့် ဘက် ဘယ်သူဒေ ရှိသလဲ စစ်တမ်း ကောက်ပြရမလား ကျနော့်ကို ကြွေနေတဲ့ စော်လေးဒေ ရှိသလေ ကိုယ်ကလည်း ဥစ္စာပေါ ရုပ်ချော ကိုးး😁
ဒါပေမယ့် ဒီအချိန် အဲ့စော်ဒေ သုံးစားမျှပါဘူး အလကားဟာဒေ 😖😖😖
.................. ## ..................
CEO ရုံးခန်း အပြင်ဘက်မှာ သူငယ်ချင်း တဖြစ်လဲ အတွင်းရေးမှူး၏ မျက်နှာ မှာ လည်း ရှုံ့တွကာ ပါးစပ်ကလည်း ပွစိ ပွစိနဲ့
ဟုတ်သည်လေ သူတောင် မနိုင်လို့ လွတ်ထားရတဲ့ Hunnie ကို အတွင်းရေးမှူး စုတ်က ဒီကလေး တယောက် ကိုတောင် မနိုင်ဘူးလား ဆိုတော့ ကာ😏
ငါက ဘာလုပ်ပေးရမှာ သူသာ အရင် နိုင်အောင် လုပ်ကြည့်ပါလား 😏
သူ့ကလေးကဖြင့် သူ့အလို မလိုက်ရင် Park Chan လောက်ကို စကားထဲ ထည့်ပြောမှာ မဟုတ်ဘူး Park Joon Ki နဲ့ ခြိမ်းခြောက်တတ်တာ အဲ့ဒါကို ငါက ဘာလုပ်ပေးရမှာလည်း ငါ့မှာလည်း သူ့ထက် ကြောက် ရတဲ့သူ ရှိပါတယ် ဆိုမှပဲ 😭😭😭

VOCÊ ESTÁ LENDO
My Baby Sebooty
Fanficအာ ကျနော် Park Chan လား မအားဘူး အခု ကလေးထိန်းနေတယ်လေ အိမ်မှာ company မလာနိုင်သေးဘူး ဒီနေ့ 😂😂😂