Part - 3

2.7K 230 13
                                    

ZAWGYI

Start >>>

အိမ် ပြန် လမ်းတလျှောက် နှစ်ယောက်သား တယောက်နဲ့ တယောက် စကားမပြောဖြစ်ပေမယ့် အတွေး ကိုယ်စ်ီ အပြုံး ကိုယ်စီနဲ့ ပြန်လာခဲ့ကြတယ်

ChanYeol ခင်မျာ သူ့အတွေးနဲ့ သူတောင် မယုံနိုင် ဖြစ်နေရှာတယ် ဘာလို့ဆို သူက ကိုယ့်ထက်ငယ်တဲ့ သူဆို ချစ်သူအဖြစ်လည်း မထားချင်ပါ ချစ်စရာလေးလို့လည်း သိပ်မတွေးတတ်ပါ အခု အသက် 30 နား နီးနေတာတောင် ကိုယ့်ကိုကိုယ့် အသက်ကြီးတယ်လို့ ရုပ်ရင့်တယ်လို့ တခါမှ တွေးဘူးဘူးရယ် ကိုယ့်ဘာသာကို ချောတယ် ခန့်တယ် ချစ်စရာကောင်းတယ် အာ့လိုပဲ တွေးဘူးတော့ ဘယ်လိုလုပ်မလဲ ☺️☺️☺️

ယောက်ျားလေး အချင်းချင်းဆို ပိုတောင် မတွေးသေးတယ် မိန်းကလေးဆို့ရင်တော့ ချစ်စရာကောင်းရင် ကောင်းတယ် ပြောအူးမယ် ယောက်ျားလေးဆိုရင်တော့ ကိုယ်သာလျှင် ............😂😂😂

ရည်းစားဆို ရွယ်တူ ဒါမှမဟုတ် ကိုယ့်ထက် အသက်ကြီးသော Noona များကို သာ မျက်စိကျတတ်သည်။ သူအရမ်း ချစ်ခဲ့ရတဲ့ Noona Dara လိုပေါ့။ ဒါပေမယ့် Dara ကို သူဖွင့်မပြောခဲ့ရဘူး😔😔😔

သူ Crush နေတဲ့ သူမမှာ အရမ်း ချစ်ရတဲ့ ကောင်လေး ရှိတယ် ဆိုလို့ သူမကို ပြောမယ့် ချစ်စကားကို သူမျိုသိပ်ခဲ့ရတယ်။ သူမကတော့ သူ့ အချစ်ဦးပေါ့။

သူအဲ့ဒီလို မျိုသိပ်ခဲ့ ရတဲ့ အကြောင်း ကို သူ့ Diary ထဲမှာတောင် ရေးထားဘူးတယ်လေ

အခု သူ့ကိုသူတော့ နားမလည်ပါ အရင်က အရမ်း ဂျစ်တဲ့သူဆို သူ မကြိုက်ပါ အလျော့လည်း မပေးတတ်။ ဒါပေမယ့် ဒီအကောင်ငယ်လေးကိုတော့ ခဏခဏ အလျော့ပေးရတယ်။

ခဏခဏလည်း ချော့ရတယ်လေ သူခင်မျာ ဘာလို့ ချော့လည်း စဉ်းစားရင် အကြောင်းအရင်းက အဖြေ တမျိုးပဲထွက်တယ် ငါ့ထက် 11 နှစ်လောက်ငယ်တဲ့ ကလေးလေးမို့ ပြီးတော့ အိမ်နီးချင်းလည်း ဖြစ်သလို Mr. Oh Kris ရဲ့ တဦးတည်းသော သားလေး မို့ သူ့ Papa Oh Kris ကလည်း စီးပွားရေး လောကမှာ ဆရာတပါး ဖြစ်သလို သူငယ်ငယ်ကတည်း အားကျခဲ့ရတဲ့ သူ ဖြစ်သောကြောင့် Company တခု နဲ့ တခု relationship မပျက်လို လို့သာ သူတွေး ဖြစ်တယ် အခုတခါ အတွေးကို တော့ သူမဖြေချင်ပါ လိုက်မရှာလည်း ရရဲ့သားနဲ့ ဘာလို့ လိုက်ရှာမိလည်း ဆိုတာ နောက်မှပဲ ဆက်တွေးဖို့ ဆုံး ဖြတ်လိုက်တယ် .......................

My Baby SebootyDonde viven las historias. Descúbrelo ahora