Part - 6

2.1K 204 11
                                    

ZAWGYI

Start >>>

At Evening

Chan Yeol တစ်ယောက်လည်း Bubble Tea ဘူးလေးကို ၀ယ်ကာ အိမ်သို့သာ အမြန်ပြန်လာခဲ့ တယ် ဟိုကလေး တစ်ယောက်တည်း အိမ်မှာ ကောက်နေမှာ စိုးလို့လေ

အိမ်ထဲ ၀င်ဝင်ချင်း ရင်ဝကို အကန်ခံလိုက်ရသလိုပဲ အသန့်ကြိုက်တဲ့ သူ့အဖို့ ကတော့ ဒီကိစ္စ ကတော်တော် ကြီးကို စိတ်ဒုက္ခရောက်စေတယ်လေ

မြင်လိုက်ရတဲ့ မြင်ကွင်းလေးကတော့ စားပြီးသား အမှိုက်ခွံများနှင့် ရှုတ်ပွနေသော သူ့ရဲ့ ဧည့်ခန်းသာ ဖြစ်ပေတယ်

Sofa ဘက်မှာတော့ ဖြူဖြူဖွေးဖွေး ခြေထောက်လေး တဘက် ထွက်နေတယ်လေ အဲ့ဒါ ဟိုကလေး ခြေထောက်ပဲ နေမှာ ပေါ့ သူ့အိမ်ကိုဇောက်ထိုး လုပ်ထားရဲတာ သူ့အပြင်အခြားသူမရှိဘူးလေ လူတိုင်းကြောက်ပြီးလေးစားကြတဲ့ သူ့လိုလူသားကို အဲ့လို ဇောက်ထိုး လုပ်ရဲတာကလည်း အဲ့ဒီ Oh Kitty အပြင်အခြားမရှိပြီလေ ထိုကလေးကလွဲ၍ ဘယ်သူမှ မဖြစ်နိုင် သူ့ကို ဒေါသ ထွက်အောင်ရော ဗိုက်နှပ်ရယ်အောင်ပါ စွမ်းဆောင်နိုင်သူ လူသားသည်ကား Oh Sehun တစ်ယောက်သာ ရှိသည်လေ

စိတ်ခံစားချက် အမျိုးမျိုးကို ပေး နိုင်သူပါ

သူ့ကို တရက်လေး အိမ်မှာထားခဲ့ပါတယ် အိမ်ကို မုန်းတိုင်း တိုက်သွားသလား ထင်ရတယ် ဧည့်ခန်း တခုလုံး စားပြီးသားအမှိုက်များ သောက်ထားသော အချိုရည်ဖူးခွံတို့က နေရာယူထားလေပြီ

အော် နောက်ကိုအိမ်မှာ တယောက်ထဲ ချန်မထားခဲ့ရဲအောင်ပါပဲလား Oh Sehun ရယ် 😏

😡😡😡သူကသာ ဒေါသတွေအလိပ်လိုက် ထွက်နေတာ ဟိုအကောင်ငယ်ကတော့ အိပ်လို့ ကောင်းနေတယ်လေ တော်တော်လေး နှပ် ကောင်းနေတယ် ဒင်းကတော့ တွေ့ဦးမယ် မနက်ကသနားမိတာတွေကတော့ ကြက်ပျောက် ငှက်ပျောက်ပဲ အခုတော့ ဒေါသအလိပ်လိုက်ထွက်နေပြီရယ်
ဝယ်လာတဲ့ Bubble Tea လည်းအမှိုက်ပုံးထဲ လွှင့်ပစ်ချင်စိတ်က အပြည့်ရယ် ပိုက်ဆံရှုံးမှာ ကြောက် လို့ရယ်

(ပိုက်ဆံ ရှုံးမှာ ကြောက်တာလား ဟိုကလေးက သူကြိုက်တဲ့ Bubble Tea ကို လွင့်ပြစ်လို့ စိတ်ဆိုးမှာကြောက်တာလားကတော့ သူပဲ သိမှာပေါ့လေ)

My Baby SebootyOù les histoires vivent. Découvrez maintenant