ZAWGYI
Start >>>>
ကျွန်တော် ရေချိုးပြီးတော့ Donghae လည်း ရေချိုးဖို့ထင်တယ် ရေချိုးခန်းထဲ ၀င်သွားလေသည်။ ကျွန်တော် ဒီနေ့တော့ ဘယ်လိုဖြစ်တယ် မသိပါတကယ်ကို စိတ်မကြည်တာပါ အဲ့ဒါကြောင့် အိပ်ယာပေါ် အနားယူဖို့ ဆုံးဖြတ်လိုက်တယ် ကျွန်တော် ပင်ပန်းနေလို့ စိတ်မကြည်တာဖြစ်မယ် မနေ့က လေယောဉ်ကလည်း အကြာကြီးစီးလာတယ် သေချာလည်း မနားရသေးတော့ ပင်ပန်းပြီး စိတ်မကြည်တာဖြစ်နိုင်ပါတယ် အိမ်အသစ်ကိုကလည်း နောက်ရက် မနက်စောစောလေး သွားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် အခုတော့ စောစောနားမှ ရတော့မယ်လေ ....
Donghae ရေချိုးပြီးတော့ Hyukkie က သူ့ဘက်ကို ကျောပေးပြီး အိပ်နေတယ် သူလည်း ပင်ပန်းနေတာဆိုတော့ အ၀တ်အစားအမြန်ဝတ်လိုက်ပြီးနားဖို့ ဆုံးဖြတ်လိုက်တယ် 😔😔😔
သူက Hyukkie ရဲ့ ရင်ခွင်ထဲမှာ မှ အိပ်တတ်တာကို သူက ကျောပေးအိပ်နေတယ် တကယ်ပဲ အကျင့်ပုတ် တဲ့မျောက်စုတ် 😖😖😖
ချစ်လို့ ယူထားတာ မဟုတ်ပေမယ့် ကျွန်တော်က Hyukkie ကို တကယ်ချစ်တာပါ ငယ်ငယ်ကတည်းက တိတ်တိတ်လေး ချစ်ခဲ့တာရယ် အဲ့ဒါကြောင့်လည်း မိဘတွေ သဘောတူတယ်ပြောတော့ သူအရမ်းပျော်ခဲ့တယ် ဒါပေမယ့် Hyuk က သူ့ကို မင်္ဂလာပွဲကို ငြင်းခိုင်းခဲ့တယ်အဲ့တုန်းက အရမ်းကို နာကျင်ခံစားခဲ့ရတာပါ မငြင်းပေးနိုင်ဘူးလို့ ပြောပြီး သူ့ကို ချစ်တဲ့အကြောင်းပါ ထုတ်ပြောဖြစ်ခဲ့တယ် အဲ့ဒီနေ့ကစပြီး Hyukkie ကသူ့ကို စတင်မုန်းတည်းလာတယ်ထင်ပါတယ် ဒါပေမယ့် သူ့ မိဘစကားကိုမငြင်းခဲ့ဘူး ကျွန်တော်နဲ့ လက်ထပ်ခဲ့ပေမယ့် သူကျွန်တော်ကို မျက်နှာချင်းတောင် မဆိုင်ချင်လောက်တဲ့အထိ မုန်းသွားဘူးသေးတယ် ကျွန်တော်လည်း ကျွန်တော်လိုချင်တဲ့ သူ့ကို ကျွန်တော် ပိုင်ဆိုင်ခဲ့ရပြီဖြစ်လို့ သူ့စိတ်ကြိုက် အကုန် လိုက်နေပေးဖို့ ဆုံးဖြတ်ခဲ့တယ် သူ့ကို သုံးခုတောင်းဆိုးခဲ့တယ် ပထမဆုံး သူ့ကို ထားမသွားဖို့ ၊ ဒုတိယအနေနဲ့ သူ့ကို မချစ်ရင်နေပါ ညတိုင်း သူ့ရင်ခွင်ထဲမှာ အိပ်ခွင့်တောင်းခဲ့တယ်၊ နောက်ဆုံး တခုအနေနဲ့ သူပြန်ချစ်လာမယ့်နေ့ကို စောင့်နေခွင့်လေး သူ့ကို တောင်းဆိုခဲ့တယ် တောင်းဆိုခဲ့တယ် ဆိုပေမယ့် သူက ဘာအဖြေမှ ပြန်မပေးခဲ့ပါ ခွင့်ပြုသည် မပြုသည် တခုမှ မပြောခဲ့ပါ

ESTÁS LEYENDO
My Baby Sebooty
Fanfictionအာ ကျနော် Park Chan လား မအားဘူး အခု ကလေးထိန်းနေတယ်လေ အိမ်မှာ company မလာနိုင်သေးဘူး ဒီနေ့ 😂😂😂