"သတို့သား… သတို့သမီးကိုနမ်းနိုင်ပါပြီ"
Chanyeol ဝဲကျလာသောမျက်ရည်တွေကိုလက်ခုံ
နဲ့ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်သည်။ သူတစ်သက်လုံးတောင့်တခဲ့ရတဲ့အရာကအခုတော့
တကယ်ဖြစ်လာခဲ့ပြီ။ ကိုယ်ချစ်ရသူနဲ့ပျော်နေတဲ့
အမေ့အပြုံးလေးတွေကိုမြင်ခွင့်ရခဲ့ပြီ။ မွေးကတည်း
ကအဖေဆိုတာကို ဓာတ်ပုံထဲမှာပဲမြင်ခွင့်ရခဲ့တဲ့သူ့
အတွက်တော့ Zhou Yu arjushi ကတကယ်
နွေးထွေးတဲ့သူတစ်ယောက်ပါ။ အမေ့အတွက်လည်းတကယ်သင့်တော်တဲ့ လက်တွဲ
ဖော် တစ်ယောက်ပါ။အမေ ကံကောင်းပါတယ်…။
~~*********~~
အထုပ်အပိုးတွေကို Taxi ပေါ်ကနေမနည်းချရင်း
ခမ်းနားကြီးကျယ်လှသည့်အိမ်ကြီးကိုကြည့်ရင်း
Chanyeol ကြက်သီးတွေပါထလာသည်။ ရုပ်ရှင်
တွေထဲကသရဲခြောက်သည့်အိမ်ကြီးနှင့်တောင်ခပ်
ဆင်ဆင်။"ကြက်သီးတောင်ထတယ်…"
အထုပ်တွေ မနိုင်မနင်းနှင့် အိမ်တံခါးကိုခက်ခက်ခဲ
ခဲဖွင့်ယူရသည်။ အရေးထဲမိုးကရွာလာသေးတယ်။
ဒါပြောတာနေမယ် ကံဆိုးကောင်သွားရာ မိုးလိုက်
လို့ရွာ ဆိုတာ။ ကိုယ့်အတွေးနဲ့ကိုယ်တွေးကာ
တခိခိကရယ်လိုက်သေးသည်။အိမ်ထဲရောက်တော့လည်း အိမ်တွင်းအပြင်အဆင်
တွေကြောင့်ထပ်အံ့သြရပြန်သည်။ အပြင်အဆင်
တွေက ရှေးမဆန်လွန်း ခေတ်မဆန်လွန်းပေမယ့်
တစ်မျိုးလေးဆန်းနေပြန်သည်။ Chanyeol
အကြိုက်ဆုံးကတော့ ဧည့်ခန်းအလယ်တွင် တင့်
တယ်စွာချိတ်ဆွဲထားသည့် မီးဆိုင်းကြီး။"ဝါးး… Zhou Yu arjushi ကဒီလောက်တောင်
ချမ်းသာတာလား?…"ချမ်းသာတာတော့ သိပေမယ့် ဒီလောက်ကတော့
နည်းနည်း။*…!*
"Ummm…Ummm"
အနောက်ကနေ ပါးစပ်ကိုပိတ်ကာ ဒူးခေါက်အနောက်ကိုခြေထောက်ဖြင့် ပိတ်ကန်
လိုက်တာကြောင့် Chanyeol ကြမ်းပြင်ပေါ်ကိုပစ်
ကျသွားသည်။ ဘယ်သူလဲ? သူခိုးလား? ဓားမြလား?