Aish… Wu Sehun အစုတ်ပလုတ်လေး။
သူ့ဘာမှမဟုတ်တာကို ဝင်ကယ်မိလို့
ကျွန်တော်နောက်ကျပြီ။
Hye Mi Noona ကိုအားနာစရာကြီးတွေဖြစ်ကုန်
ပြီ။ ပြေးရင်းနဲ့ ခုနကလမ်းကြားလေးနားရောက်
လာတော့ ခုနကကျောင်းသားတွေက ခုနကအတိုင်း
ရှိနေတုန်းပဲ။ ကျွန်တော့်ကို မျက်လုံးပြူးလေးတွေနဲ့
ဝိုင်းကြည့်နေကြသည်။"ဟီး…"
ကျွန်တော်လည်း သွားသုံးဆယ့်နှစ်ချောင်းလုံးကို
ဖြဲကာ အလိုရှိရာအရပ်ကိုပြေးရတော့သည်။ မပြေး
လို့လည်းမရ။နောက်ကျနေပြီး မဟုတ်ပါလော။ချိန်းထားတဲ့ကော်ဖီဆိုင်လေးရောက်တာနဲ့ ဆိုင်ရဲ့
မျက်နှာစာနေရာမှာထိုင်နေတဲ့ အိနြေ္ဒအပြည့်နဲ့သူမ
ကိုတွေ့မှသက်ပြင်းချနိုင်တော့သည်။"Noona… တောင်းပါတယ် ကျွန်တော် အရမ်း
နောက်ကျသွားတယ်""Arni… Noona က အကူအညီတောင်းထားတဲ့
သူပဲ စိတ်ရှည်ရမှာပေါ့""ကျွန်တော်က အကူအညီပေးရတဲ့သူမို့ တမင်လုပ်
တာမဟုတ်ပါဘူး"ကျွန်တော်ကပြာပြာသလဲရှင်းပြတော့ သူမက သူမရဲ့သွားတက်စွယ်လေးပေါ်ရယ်သည်။ Hye Mi Noona… ကျွန်တော်တို့ထက်တစ်နှစ်ကြီးပြီး
ပြဇာတ်မေဂျာကပါ။ တစ်ကျောင်းလုံးကယောကျာ်း
လေးတွေရဲ့ စိတ်ကူးယဉ်မိတဲ့ Noona တစ်ယောက်ပေါ့။ ကျွန်တော်လည်းပါတာပေါ့။
ဒီအတိုင်း Noona ကလှလို့စိတ်ကူးယဉ်မိရုံပါ။
ဘာမှမပိုပါဘူး။ ပိုရင်လည်းပိုမှာပေါ့။ ဒါပေမယ့် ဘာမှမလုပ်-"Chanyeol?"
"Nae!"
ကျွန်တော့်ရဲ့အတွေးလွန်နေတုန်း လန့်သွားတဲ့ပုံကို
Noona က ရယ်ပြန်သည်။ Noona ရယ်တာ
လေးကကျက်သရေရှိလိုက်တာ။"Noona… အကူအညီတောင်းထားတာလေး"
"Ah!…ဒီမှာ Noona"
Noona က ပြဇာတ်မေဂျာကဖြစ်ပြီးတော့ ကျွန်တော်က Drama Club ထဲဝင်ထားတာမို့ Drama Club ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Noona
နဲ့အနီးကပ်တွေ့ရခြင်းသာဖြစ်သည်။ အခုလည်း
Noona တို့ အတန်းကပြဇာတ်တစ်ပုဒ်အတွက်
သီချင်းစာသားတွေစီစဉ်ပေးဖို့အကူအညီတောင်း
ထားလို့ကူညီပေးခြင်းသာ။