"Yeollie လေး… Zhuo Yu ရဲ့သားတွေနဲ့တည့်
အောင်နေနော်… ဟိုကလေးတွေကတော့ပြောစရာမလို
ပေမယ့် Yeollie လေးက စိတ်ကြီးတော့ Omma
ဟိုကလေးတွေအတွက်စိတ်ပူမိတယ် သားက သည်းခံနော်…"ဘုရား ဘုရား Omma ရယ်… Omma စိတ်ပူရ
မှာကျွန်တော့်ကိုပါ။ ဟိုလဒနှစ်ကောင်ကိုမဟုတ်ပါ
ဘူး။ အဲ့နှစ်ကောင်ကလေ သားကို #$%&*
စိတ်ထဲကသာ Omma ကိုတိုင်လိုက်ကာတကယ်
တမ်းမှာတော့…"Nae Omma… သား သည်းခံပါ့မယ်"
သည်းခံရမှာပေါ့။ သူတို့အိမ်မှာနေနေရတာကိုပဲ။
အရင်တိုက်ခန်းလေးကိုလွမ်းလိုက်တာ။ ကျဉ်းကျပ်
ပေမယ့် ဒီလို စိတ်ခုလုခုလုမဖြစ်ရဘူး။ဟူးး…"သားလိမ္မာလေးပဲ…"
*ဖြီးးးးး*
မျက်စိတော်တော်လည်ပြီးမှ ရှာတွေ့ထားတဲ့အခန်း
ပေါက်ဘောင်ကိုမှီပြီး ရပ်နေတဲ့ ကြက်ပေါက်စ Wu Sehun။"သားလေး… Yeollie ဘာဖြစ်နေတာလဲ?"
"Ar-Arnyi Omma…ဘာမှမဖြစ်ပါဘူး…
ကြက်ပေါက်လေးတစ်ကောင်ဝင်လာလို့ပါ…"ကြက်ပေါက်လေး ဆိုတဲ့စကားလုံးကို Sehun မျက်
နှာကိုသေချာကြည့်ပြီး တစ်လုံးချင်းပြောလိုက်တော့
Sehun မျက်နှာက သိသိသာသာကိုဆူပုတ်သွား
သည်။"Omma… ဒါဆို သားဖုန်းချလိုက်တောမယ်နော်"
"သြော် အင်း…အင်း သားလေး သည်းခံနော်"
"ဟုတ်ကဲ့ပါ"
ဖုန်းချလိုက်ပြီးတာနဲ့ Sehun ဘက်လှည့်မိတော့
ဘုရားရေ… Wu Sehun တစ်ယောက်မျက်လုံးထဲ
မှာ လူသတ်တော့မယ့် အရိပ်အယောင်တွေနဲ့ပါ
လား?"မင်း…မင်း ငါ့အခန်းကိုဘာလာလုပ်တာလဲ?"
အရေးထဲ ကြောက်တာ ပေါ်သွားလို့မဖြစ်ပါဘူးဆိုမှ
စကားကလာထစ်နေသေးတယ်။ Park Chanyeol ရေ… မင်းဘဝကလည်း လူကဖြင့်
တက္ကသိုလ်ရောက်နေပြီ အထက်တန်းကျောင်းသား
လေးကိုပြန်ကြောက်နေရတယ်လို့။
ဒါပေမယ့် အခုသေချာကြည့်လိုက်တော့မှ ဒီကြက်ပေါက်က တော်တော်အရပ်ရှည်တာပဲ။
ကျွန်တော်နဲ့ရွယ်တူလောက်တောင်ရှိမယ်။ ကျွန်တော်လို လန်ဘားနဲ့တောင်တူတူပဲဆိုတော့
ဒီကောင်လေးက အရပ်ရှည်တယ်လို့ပြောရမယ်။