ပြုတင်းပေါက်ကနေ နေရောင်ခြည်ပြင်းပြင်းက ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားကာ ဝင်ရောက်
နေသော်လည်း Wu ညီနောင်နှစ်ကောင်မှာ အိပ်ရာ
ကနေမထသေးတာမို့ Chanyeol ကပဲ မနက်စာ
တွေထပြင်နေရသည်။"အိပ်ရေးပျက်တာက ငါကို... ဘာလို့နှစ်ကောင်လုံး
ကာလနဂါးလိုအိပ်နေကြတာလဲ မသိဘူး?"နှစ်ကောင်လုံးကို ပါးစပ်ကသာကျိန်ဆဲနေတာ မနက်စာကတော့ အစအဆုံးနီးပါးကိုပြင်လို့ဆင်လို့
ပြီးတော့မယ်။ မနက်စာတွေပြင်နေရင်းနဲ့ခြံရှေ့က
အသံကြားလို့ကြည့်လိုက်မိတော့ သတင်းစာလာပို့
တဲ့ကောင်လေးက သတင်းစာကိုစာတိုက်ပုံးထဲ
ထည့်နေသည်။ ဟင်းလေးတစ်ဖက် ပါးစပ်ထဲ
ကောက်ထည့်ရင်း သတင်းစာယူရန်အိမ်ရှေ့ထွက်
လာသည်။Wu အိမ်တော်က အိမ်ရှေ့ခြံတံခါးကပေါက်က
သိပ်မဝေးပေမယ့် အုတ်လေးတွေ ပန်းပင်လေးတွေ
နဲ့သေချာလှလှပပ ပြင်ထားတဲ့လမ်းကကွေ့ကွေ့
ကောက်ကောက်နဲ့မို့ လမ်းအတိုင်းသွားမည်ဆိုလျှင်
တော့ တော်တော်လျှောက်ရမည်။
Chanyeol လည်းမနက်စာပြန်ပြင်ရမည်မို့ Wu ညီနောင်နှစ်ကောင်ကို အရိပ်အခြေကြည့်ကာ ပန်းအိုးတွေ ပန်းပင်တွေကိုကျော်ခွပြီး စာတိုက်ပုံးဆီ
ပြေးတော့သည်။ သူ့ခမျာလည်း ပန်းအိုးလေးတွေ
ပန်းပင်လေးတွေကိုတောင်းပန်စကားပြောရတာ
လိုက်ရတာအမော။"Umm?... ဒါဘာကြီးလဲ?"
စာတိုက်ပုံးထဲကသတင်းစာကိုယူပြီးအထဲက ဘာမှ
မရေးထားတဲ့စက္ကူအိတ်ကြီးတစ်အိတ်တွေ့တာနဲ့
Chanyeol လှမ်းယူစပ်စုကြည့်နေမိသည်။ စာအိတ်က ပိတ်တော့ပိတ်မထားထိပ်ပိုင်းကိုပဲ
အသာလေးခေါက်ထားသည်။ စာအိတ်ကိုပိတ်ထား
ရင်မကြည့်ဘူးလို့ ဆုံးဖြတ်ထားပေမယ့်အခုကဖွင့်
ထားတော့...Chanyeol လည်းဟိုကြည့်ဒီကြည့်လုပ်ကာ စာအိတ်ထိပ်လေးအသာလှန်ရင်း အထဲကအကြောင်းအရာကို ကြည့်မိလိုက်တော့...
"B-Boyah?... ဒါ-ဒါက..."
အထဲကအကြောင်းအရာကို လက်ထဲကျစ်ကျစ်ပါ
အောင်ဆုပ်ကိုင်ရင်း Chanyeol ဝုန်းခနဲ အိမ်ထဲ
ဝင်ပြေးပြန်သည်။"Park Chanyeol... မနက်စောစောစီးစီးဘာဖြစ်
နေတာလဲ?"အိမ်ထဲအမောတကောနဲ့ပြန်ဝင်ပြေးလာတဲ့ Chanyeol ကိုအပေါ်ထပ်ကနေ အိပ်ချင်မူးတူးနဲ့
ဆင်းလာတဲ့ Sehun ကဆီးဟောက်ပေမယ့်လည်း
Chanyeol ပြန်မစွာနိုင်။ လက်ထဲကအရာကို Sehun မျက်စိရှေ့တွင့် ဝှေ့ရမ်းပြရင်း...
![](https://img.wattpad.com/cover/97591354-288-k456443.jpg)