အိပ်လို့ကောင်းလိုက်တာ။ ကုတင်က တခြားကုတင်
တွေထက်ပိုပြီး နွေးထွေးနေသလားလို့။
အယ်… ဘေးကဝန်းရံထားတဲ့ ခေါင်းအုံးတွေက
နူးနူးညံ့ညံ့နဲ့နွေးနေတာပဲ။ ဘယ်လိုတောင်နွေးထွေး
နေတာလဲ? ခါးမှာပတ်ထားတာစောင်လား? ဒါပေမဲ့
စောင်နဲ့မတူသလိုပဲ။ ဘာပဲဖြစ်ဖြစ်သက်တောင့်
သက်သာဖြစ်လိုက်တာ။လေးလံနေတဲ့ မျက်လုံးတွေကိုအားယူဖွင့်ကြည့်
လိုက်တော့ မျက်စိရှေ့မှာရင်းနှီးနေသလို မရင်းနှီး
သလိုမျက်နှာတစ်ခု။Omma လား?
မျက်နှာကလည်း မှုန်ဝါးဝါးနဲ့။
ဝါး… ကိုင်လို့ကောင်းလိုက်တာ… ချောမွေ့နူးညံ့နေ
တာပဲ။ Omma လိုလည်းအရေးအကြောင်းတွေ
မရှိပါလား? တဖြည်းဖြည်းကြည်လင်လာတဲ့မျက်နှာ
က…Wu Yi Fan…
Nah… အိမ်မက် ကြီးကလည်း တကယ်ကျနေတာ
ပဲ ဟွန့်… အိမ်မက်ထဲမှာတောင်ကျက်သရေတုံး
တယ်။ မမြင်ချင်ဘူး သွား။တစ်ဖက်လှည့်လိုက်တော့ မြင်ဖူးနေသလိုမျက်နှာ
နောက်တစ်ခု။ ဘယ်သူလဲ?Wu Sehun…
အိမ်မက်ထဲမှာတောင် ညီအစ်ကိုနှစ်ကောင်လုံး
ဒုက္ခလိုက်ပေးနေတယ်။ မုန်းလိုက်တာ။
ဟင်… သူတို့နှစ်ယောက်လုံးရဲ့လက်တွေက
ကျွန်တော့်ခါးပေါ်မှာပဲ။
Sehun… လည်ပင်းပေါ်က အနီကွက်ကလေးက
ဘာလေးလဲ? နေဦး ဒါအိမ်မက်ရော… ဟုတ်ရဲ့လား?အိမ်မက် ဟုတ်မဟုတ်သေချာအောင်အောက်နှုတ်
ခမ်းကိုဖိကိုက်ကြည့်လိုက်သည်။အား… သေပါပြီ။
ပေါက်သွားပြီလား မသိဘူး။ဒါ…ဒါဆို ဒါက အိမ်…အိမ်မက်မဟုတ်ဘူးပေါ့။
ဒီနှစ်ကောင်ကတကယ်ကြီး ကျွန်တော့်ကုတင်ပေါ်
မှာ…"အားးးးးးး!!!!!!!!!"
~~~~**********~~~~
Flash Back
"အားး!…"
လည်ချောင်းထဲစူးရှစွာဆင်းသွားတဲ့ ခါးသက်သက်
အရည်တွေကို ကြိတ်မှိတ်မျိုချရင်း ဘူးကိုစားပွဲပေါ်
ခပ်ပြင်းပြင်းဆောင့်ချလိုက်မိသည်။"Chanyeol~ah... တော်တော့ မင်းများနေပြီ"
နောက်တစ်ဘူးသောက်ဖို့လှမ်းလိုက်တဲ့လက်ကိုဖမ်း
ကိုင်ထားတဲ့ Lay Hyung ရဲ့လက်ကိုခပ်ဆတ်
ဆတ်ခါချလိုက်သည်။