အပိုင်း - ၎

7K 918 121
                                    

အချစ်လား ..?
ဒီလိုပါပဲ ... မျက်ရည်ကျပြမှ ..
သနားသက်ညှာသွားတဲ့ ကိစ္စရပ်တွေရှိတယ် ...

. . . . . . . . . . . . . . . . . . . .

" ကိုကို .. "

နက်ပြာရောင် ကတ္တီပါသားနဲ့ ချုပ်ထားတဲ့ အနောက်တိုင်း ဝတ်စုံကို သေသေသပ်သပ် လျှိုနေတဲ့ ကိုကိုက သူ့နောက်ကျောဘက်မှာ ရပ်နေတဲ့ ကျွန်တော့်အသံကြောင့် မှန်ထဲက တစ်ချက်လှမ်းကြည့်လေတယ် ...

" မင်း ဘာမှမပြင်ရသေးဘူးလား ..
Dae .. "

အကောင်းစားရေမွှေးပုလင်းကို ခပ်အေးအေးပဲ လှမ်းဆွဲလိုက်ရင်း ကိုကိုက မှန်ပေါ်က ခန့်ညားတဲ့ သူ့ပုံရိပ်ကို သူ သဘောကျနေသလို နှုတ်ခမ်းလေး ကွေးရုံသာ ပြုံးပြန်တယ် ..

ကျွန်တော့်မှာတော့ သူနဲ့ ဆန်ကျင့်စွာ အဖြူရောင်ရှပ်အပွကြီးတစ်ထည်နဲ့ ပေါင်လယ်လောက် ဘောင်းဘီတို ...
သူ့နောက်မှာ ရပ်နေတဲ့ ကိုယ့်ပုံစံကို ပြန်လို့ကာ ကြည့်မိတော့ ..

အော် ..
ဒီလို မလိုက်ဖက်တဲ့ ဘဝ ..

" အဲ့ဝတ်စုံနဲ့တော့ ပါတီပွဲကို မတက်ဘူးလို့ မျှော်လင့်ပါတယ် .. "

ဆံပင်ကို ခါတိုင်းလို လူကြီးဆန်ဆန် မသပ်တင်ထားပဲ ခပ်ဖွဖွလေးလုပ်ထားတဲ့ ကိုကိုက ကျွန်တော့်ဘက် လှည့်ကြည့်လာရင်း ခပ်တိုးတိုးပြောတော့ ကျွန်တော့်မှာ စိတ်ရှုပ်ထွေးစွာ ခေါင်းကို တကုတ်ကုတ်..

" ကျွန်တော် မလိုက်လို့မရဘူးလားဟင်..
ပြီးတော့ ကျွန်တော် နေလည်းသိပ်မကောင်းသေးဘူးလေ.. "

" မင်း .. အတော်ကြီးကို သက်သာနေပါပြီ ..
Dae .. "

ဆင်ခြေစကားကို သိသလို မျက်လုံးလေးပင့်ကာ ပြောသွားသော ကိုကို့ကြောင့် ကျွန်တော် ဘယ်လိုဆက်လိမ်ရမလဲ မသိ..
ဟုတ်တာပဲ .. ဆရာဝန်ကိုသွားပြီး နေမကောင်းသေးပါဘူးဆိုပြီး သွားလိမ်လို့ရမလား
Kim Jongdae ရယ် ..

ဒါပေမဲ့လည်း ..
ဒီပါတီပွဲကိုတော့ ကျွန်တော် မတက်ချင်..
လူများလို့ စိတ်ရှုပ်ပါတယ်ဆိုတဲ့ ဥာဉ်တော့ ကျွန်တော့်မှာ မရှိပေမဲ့ ... ကိုကို့အတွက် ကျွန်တော်က ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည် ဆိုလျှင်ရော .. ?

" ကိုကို " [ Completed ]Donde viven las historias. Descúbrelo ahora