အပိုင်း - ၉

6.4K 840 75
                                    

အတင်းအကျပ်​... နှုတ်​ဆက်​မှုများအကြား..
ရွှေရင်​ချင့်​မှ​ ... လွမ်းချင်း​တို့အား ..
မရပ်​မနား... တဖွဖွ​ခြွေ၍...
ကိုကို မကြားပါ​စေနဲ့...
ကိုကို မကြားပါ​စေနဲ့ ...

.....................................

" Dae .. ကိုကို မလုပ်​​ပေးနိုင်​ဘူး.. "

တင်းမာကာ ​အေးစက်​​နေတဲ့ ကိုကို့ မျက်​နှာရဲ့ အနားသတ်​ဟာ သိပ်​ကို အချိုးညီစွာ 
ပြေဆင်းသွားတာနဲ့အညီ .. ခပ်​ပါးပါး နီ​ထွေး​ထွေးနှုတ်​ခမ်းလွှာဟာ .. သိပ်​ကို ကဗျာဆန်​စွာ..
ဖွင့်​ချည်​ .. ဟချည်​..

" ဘာများခက်​ခဲ​နေသလဲ .. ကိုကို ..
တကယ်​ဆို .. ကိုကို့ဘက်​က လတ်​မှတ်​​လေးတစ်​ချက်​ပဲ ထိုးဖို့လိုတာကိုပဲ .. "

မျက်​လုံးအကြည့်​ကို ကိုကို့​ရှေ့မှာ ချထားတဲ့ အဖြူ​ရောင်​ ခပ်​နုနု စာရွက်​​လေးဆီကို ပို့လိုက်​ရင်း.. ​ပြောမိ​လေ​တော့ ..
ရိပ်​ခနဲ မြင်​လိုက်​ရတဲ့ ကိုကို့လက်​သီးဆုတ်​​လေးဟာ.. ​ဘောပင်​ကို ကျိုးထွက်​သွား​တော့မတပ်​ အတင်းကို ဖိညစ်​ထား​လေသတဲ့ ...

" Dae .. မင်း​ပြောရက်​တယ်​​နော်​ ..
ဘာများခက်​ခဲသလဲတဲ့ ဟုတ်​လား .. မင်းစိတ်​ထဲ ကိုကို့တို့ အိမ်​​ထောင်​​ရေးက ကစားစရာ လို့ ထင်​​နေသလား .. ဟင်​! .. ကိုကို့ ကို ​ပြောစမ်း .. Dae .. "

နီရဲကာ .. ညို့တက်​လာ​သော ကိုကို့မျက်​၀န်းသည်​ တဖြည်းဖြည်း ​ဖျော့သထက်​ ​ဖျော့လာသည်​ ..
ကျွန်​​တော်​က​တော့ .. ထို​ဖျော့​တော့မှုကိုသာ ..
အဆုံးအစွန်​ထိ ​ငေး​မောကြည့်​ဖြစ်​ခဲ့သည်​...

" မင်း ကွာရှင်းချင်​တိုင်း ကိုကိုက မင်းကို ကွာရှင်း​ပေးမယ်​ထင်​​နေလားလို့ .. ​ပြောစမ်း .. Dae .. "

နောက်​တစ်​ကြိမ်​ ကိုကို့ ၏ ခပ်​တင်းတင်း
ဖိညစ်​မှု​အောက်​တွင်​ .. ကိုကို့ လက်​ထဲက ​ဘောပင်​​လေးသည်​ တင်းမာမှုကို မခံနိုင်​​တော့စွာ ..
ဖျောက်​ခနဲ .. ကျိုးသွား​လေ​တော့သည်​ ..

" ကိုကို " [ Completed ]Donde viven las historias. Descúbrelo ahora