အပိုင်း - ၃

7.5K 1.2K 84
                                    

စိတ်ပျက်ဖွယ် ဇာတ်လမ်းအဆုံးသတ်..
အူကြောင်ကြောင်နိုင်တဲ့ လွဲမှားမှုတွေနဲ့
နာကျင် ရင်မောဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို
လူတွေဘာလို့ အသည်းစွဲအောင် နှစ်သက်ကြသည်ထင်လဲ.?

အဖြေက - သူတို့အားလုံး ရူးနေကြလို့


. . . . . . . . . . . . . . . . . . . . . . . . .

" စဉ်းစားကြည့် .. Dae_ah "

ကျွန်တော် အပြင်မှာတောင် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော ကိုကို့ အပြုံးတို့က ဝေဝေဆာဆာနဲ့ ကျွန်တော့်ရှေ့မှာ သက်ဆင်းကြွေကျနေသယောင်..

ဒီလိုအချိန်မျိုးဆို .. ကိုကိုဟာ ကျွန်တော့်အတွက် ချောမောခန့်ညားတဲ့ နတ်ဆိုးတစ်ပါး မဟုတ်တော့ပဲ ..
ချစ်စရာကောင်းတဲ့ နတ်သားလေး တစ်ပါး ဖြစ်သွားတတ်တယ်...

အော် ..
အိမ်မက်ဆိုတာမျိုး အရမ်းကို ခမ်းနားတာပဲ ..

" တကယ့် အပြင်ဘက်က မင်းရဲ့ ကိုကို က ကြောက်ဖို့ကောင်းတယ်လို့ထင်လား .. "

ကြွေကျလာတဲ့ မေပယ်ရွက်လေးတွေကို အကြောင်းအရင်းမရှိလိုက်ဖမ်းနေပုံရတဲ့ အိမ်မက်ထဲက ကိုကိုက ကျွန်တော့်ကို သွားဖုံးလေးတွေ ပေါ်လာတဲ့ထိ ရယ်ပြရင်းမေးတယ် ..

ကိုကို့အပြုံးကို ကျွန်တော်ဘယ်လောက်ထိ ငေးစိုက်ကြည့်မိနေသည်မသိ.. ကျွန်တော့်မျက်နှာရှေ့ကို လာဝေ့ဝဲတဲ့ လက်ဖဝါး ဖြူဖြူလေး ရောက်လာမှ ကျွန်တော် စိတ်နဲ့ကိုယ် ပြန်ကပ်ရလေတယ် ..

အိုး .. ကြည့်စမ်း ..
အိမ်မက်ထဲက ကိုကို့လက်တွေက ပေါင်မုန့်သားလေးလို ပြည့်ပြည့်ဖောင်းဖောင်းလေးတွေ ..
ပါးလေးနှစ်ဖက်ကလည်း လေထိုးထားသလို ပြည့်ပြည့်အင့်အင့်လေး ..

" မင်း ကိုကို ကို ပစ်ပြီးတော့ .. ငါနဲ့ လာနေပါလား
Dae_ah ... ဟင် .. ငါတစ်ယောက်တည်း ပျင်းလို့ပါ.."

မျက်မှောင်လေးတွန့်ကာ အပြင်က ကိုကိုနဲ့ အကွာကြီးကွာနေတဲ့ ပုံစံကြောင့် ကျွန်တော် တကယ်ကို သဘောတကျထရယ်လိုက်မိသည့်ဖြစ်ခြင်း ..

" ကိုကို " [ Completed ]Opowieści tętniące życiem. Odkryj je teraz