<< ဇာတ်​သိမ်းပိုင်း >>

9.2K 925 130
                                    

ပေးဆပ်​ခြင်း ဟူ​သော.. အတက်​ပညာအား..
ထူးချွန်​စွာ.. လွန်​​မြောက်​ခဲ့​လေ​သော ..
ထို လူသားကား ..

......................................................

" ကျွန်​​တော်​ ဘာလုပ်​သင့်​တယ်​.. ထင်​လဲ.. "

တိုး​ဖျော့စွာ အက်​ရှရှနိုင်​​သော .. ကျွန်​​တော့်​ အသံက.. နစ်​ဦးတည်းရှိ​သော ​ဆွေး​နွေးခန်း​လေးတွင်​ .. ဟိန်းခနဲ ထွက်​သွားသည်​လား .. ကျွန်​​တော်​ .. မသဲကွဲ ..

" ​ပြောပါ .. Hyung သာ ..
ကျွန်​​တော့်​ ​နေရာမှာ ဆိုရင်​.. ဘာလုပ်​မလဲ .. "

ဆွေး၍ မျက်​လာ​သော ရင်​အစုံသည်​ .. တိုးလို့ ကိုက်​ခဲလာသည့်​တိုင် .. ​ထ​အော်​လုမိမတပ်​ ​မေး​လေမိ​တော့ မျက်​စိ​ရှေ့က .. junmyeon hyung မျက်​နှာသည်​လည်း .. အပျက်​ပျက်​ အယွင်းယွင်း ..

" မင်းလိုပဲ .. ဆုံးဖြတ်​မိမှာ မှန်​​ပေမဲ့ ..
ဒီကိစ္စကို .. မင်း ကိုကိုသာ .. သိရင်
ဘယ်​​လောက်​​တောင်​.."

" မသိ​အောင်​ ထား​လေ .. hyung .. "

စိတ်​အစုံကို .. တိမ်​ငြိမ်​​အေး​ဆေး​စေရန်​ အလွန်​အကျူး ကြိုးစားပစ်​လိုက်​ရင်း .. ပြတင်း​ပေါက်​ဘက်​ကို မျက်​နှာလွှဲကာ ခပ်​တိုးတိုးဆိုမိ​တော့.. jun myeon hyung ဆီက သက်​ပြင်းချသံ ခပ်​သဲ့သဲ့​​လေး​တောင်​ ကြားလိုက်​ရ​သေး..

" Jongdae ah ..
မင်း ကိုကို ပြန်​နိုးလာတဲ့အခါ .. သူ့ရဲ့​ဘေးမှာ
မင်း မရှိ​တော့ဘူး ဆိုတာ သူသိသွားရင်​ .. သူ ဘယ်​​လောက်​နာကျင်​ရမယ်​ထင်​လဲ .. "

တကယ့်​ကို နူးညံ့ညံ့​လေးဆိုလာ​သော
jun myeon hyung ရဲ့ အတည်​​ပေါက်​​ပြော​နေဟန်​ရ​သော စကား​ကြောင့်​ .. Hyung မျက်​နှာကို ​စေ့​စေ့ပြန်​ကြည့်​မိ​တော့ ..

ထိုမျက်​၀န်းတွင်​ကား .. တည်​ကြည်​​လေးနက်​မှု ..
ပြီး​တော့.. မဖြစ်​သင့်​တဲ့ အ​ခြေအ​နေတစ်​ခုအတွက်​.. စိုးထိတ်​နာကျင်​မှု ..

" ဒါဆို .. ကျွန်​​တော်​ က​ရော .. ? "

စေ့ပိတ်​ထား​သော .. နှုတ်​ခမ်းလွှာမှ .. ခပ်​ဆတ်​ဆတ်​လွင့်​ပျံလာ​သော .. ကျွန်​​တော့်​ စကား​ကြောင့်​ ..
Jun myeon ခမျာ .. အသက်​ရှူရခက်​သွားဟန်​..

&quot; ကိုကို &quot; [ Completed ]Onde histórias criam vida. Descubra agora