ချစ်မြတ်နိုးခြင်း ၏ ..
ဆွတ်ပျံ့ဖွယ် အနားသတ်တွင်မူ ..
တုန်ရီခြောက်ခြားဖွယ်သော ..
နှုတ်ဆက်ခွဲခွာခြင်း အနုပညာ ကား ..
ယှက်နွယ် .. သိမ်မွေ့လျက် ..............................................................
နောင်တ တရား ဟာ.. အမြဲလိုလို ..
နောက်ကျတတ်ပါတယ်...
ဥပမာ .. ကျွန်တော်... ကိုကို့ ကို အဆုံးစွန်ထိ
ဖယ်တွယ် ချစ်မြတ်နိုးချင်မိတာမျိုး .." Dae ah .. "
အူမြူးခုန်ပေါက်တော့မတပ် .. အိမ်ထဲပြေးဝင်လာတဲ့ ကိုကို ဟာ.. ဆိုဖာပေါ်မှာ.. လှဲအိပ်နေမိတဲ့ ကျွန်တော့်ကို အတင်းလို့ဆွဲထူရင်း ..
သိပ်ကို စည်းစနစ်ကျတက်သည့် ကိုကိုက ချွေးစို့နေတဲ့ Duty coat ကိုတောင် လဲဖို့ သတိမရပဲ .. ကျွန်တော့်ကို ရုတ်တရက်ကြီး သိုင်းလို့ဖက်လာပြန်သည်လေ ..
ကိုကို ဘာများဖြစ်သည်လဲ .. ?
" ကိုကို ပြောမယ် .. သေချာ နားထောင်နော်..
Dae .. ခွဲစိတ်ရမယ် ... "ကိုကို ဘာကို ဆိုလိုချင်လည်း.. ကျွန်တော် သေချာ မသိသော်ငြား.. ပြုံးရောင်သန်းနေတဲ့ ကိုကို့ မျက်နှာကြောင့်သာ .. ဒါဟာ.. ကောင်းတဲ့ ကိစ္စ လို့ မှတ်ယူမိရင်း .. ကျွန်တော်ပါ လိုက်ပြုံးမိသည်လေ..
" Jun myeon က ပြောတယ် ..
Dae ရဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုက .. ရုတ်တရက်ကြီး.ရပ်သွားတယ်တဲ့ .. ဦးနှောက်ရဲ့ အဓိက အပိုင်းတွေကို သေချာသာ ခွဲစိတ်နိုင်ရင် .. ခက်ခဲတဲ့ ခွဲစိတ်မှု ဆိုပေမဲ့ .. အသက်ရှင်ဖို့ 50% သေချာတယ်တဲ့လေ .. "ကျွန်တော် လက်ကို ခပ်ဖွဖွလေး ဖိညစ်ကာ .. တကယ့်ကို သဘောတကျ ပြောနေသော .. ကိုကို့ အသံလေးကို ကျွန်တော် ခေါင်းငုံ့လို့ နားထောင်ရင်း .. တစိမ့်စိမ့်ပြုံးမိလေပြန်သည်..
တစ်ကြိမ်တစ်ခါက တည်ငြိမ်တတ်တဲ့ ကိုကို ဟာ..
တစ်ခါတစ်ရံမှာတော့.. သည်လို ပျာယာခတ်စွာပဲ .. ချစ်ဖို့ကောင်းသတဲ့.. ။