* Yuri ရေးဖို့တောင်းဆိုထားတဲ့ Readers * တွေအတွက် ရေးထားတဲ့ အနော့်ရဲ့ပထမဆုံး
* Yuri Fic* လေးပါ ။
အမှားပါတာတွေရှိရင် ကြိုပြီးတောင်းပန်ပါရစေ။Episode.1
***********
ပြင်းရှရှနေရောင်ခြည်နဲ့ သာယာလှပတဲ့ Sunday ရဲ့ မနက်ခင်းလေးတစ်ခု...
ကောင်မလေးတစ်ယောက် သူ့အိမ်ထဲကထွက်လာပြီး ခြံချင်းကပ်လျက်ဖြစ်တဲ့ အိမ်ကြီးဆီ ဝင်သွားသည်။
.
.
.
.
Sica -" Aunty ... Taengoo ရော".
T'omma -" အမလေး...ခုထိအိပ်ရာထဲကမထသေးဘူး ...ညက ဂိမ်းတွေဆော့ပြီး ဘယ်ချိန်မှ အိပ်လဲ မသိပါဘူး ".
Sica -" ဟုတ်လား...သမီးသွားနိုးလိုက်အုံးမယ်နော်".
T's omma -" Aww...အေး..အေး".
Sica လဲ Taeyeon အခန်းတံခါးကို အသာလေးဖွင့်ပြီး ဝင်လာခဲ့တယ်။
Taeyeon ကတော့ အိပ်နေလိုက်တာများ တခူခူးတခေါခေါနဲ့တောင်နေသေး...ကုတင်ပေါ်မှာ အရုပ်တွေနဲ့ပြည့်နှက်နေပြီး...ကုတင်အောက်မှာလဲ ကာတွန်းခွေတွေ...ကာတွန်းစာအုပ်တွေနဲ့ စားပြီးသားမုန့်အိတ်ခွံတွေကလဲ အများအပြား....
Sica -" နင်ဟာလေ ခုထိ ကလေးစိတ်မကုန်သေးဘူး "Sica နဲ့ Taeyeon က ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့အိမ်နီးချင်း သူငယ်ချင်း..ခုဆိုရင်နှစ်ယောက်လုံးက စီးပွါးရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူတွေ
တောင်ဖြစ်နေလေပြီ...အရွယ်သာရောက်လာတာ Taeyeon ကခုထိ ကလေးစိတ်...
Sica အပေါ်မှာလဲ ကလေးတစ်ယောက်လို ဆိုးနွဲ့တတ်သေး။.
Sica ....Taeyeon ကိုနိုးဖို့ Taeyeon ခြုံထားတဲ့စောင်ကို အတင်းဆွဲခွါလိုက်သည်။Sica -" Taengoo...ထတော့ "
.
Tae -" arr..ဆက်အိပ်ပါရစေအုံး"Taeyeon တစ်ယောက် အိပ်ရာထဲကမထဘဲ မျက်လုံးမှိတ်ရက်နဲ့ပြန်ပြောလိုက်သည်။Taeyeonသိပါတယ်။သူ့ကိုဒီလိုလာနိုးတာ သူ့အမေမဟုတ်ရင် Sica ဆိုတာကို
ကျောင်းသွားတဲ့မနက်တိုင်းလဲ Sica ကစောစောလာပြီး ကျောင်းသွားဖို့ Taeyeon ကိုနိုးတတ်တာဆိုတော့။
.
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)