Taeyeon နဲ့ Sica အခု လမ်းထိပ်က ဖန်စီလှလှလေးတွေ ရောင်းတဲ့ဆိုင်ထဲရောက်နေကြ
လေသည်။သူတို့နှစ်ယောက် ဖန်စီပစ္စည်းလေးတွေ
ကြည့်နေရင်း … Taeyeon ရဲ့ အကြည့်က အသဲပုံဆွဲသီးလေးပါတဲ့ handchain လေးဆီမှာ
ရောက်သွားတယ်။ငွေရောင်ကြိုးမျှင်သေးသေးလေးနဲ့
ပလက်တီနမ်ဆွဲသီးလေးကြောင့် handchain လေးရဲ့အလှကို ပိုပြည့်စုံစေသည်။Tae - " Sica "
Sica - " umm "
Taeyeon ခေါ်သံကြောင့် ကောင်တာထဲက ပစ္စည်းတွေကို ကြည့်နေတဲ့ Sica… Taeyeon အနားရောက်လာသည်။ သူမကြည့်လိုက်တော့ Taeyeon က handchain လေးဆီကနေ အကြည့်တွေမခွါတာမို့ ……
Sica - " ဘာလဲ.? Taengoo!! "
Tae - " ဒါလေးလှတယ်လို့ နင်မထင်ဘူးလား.?
Fany လက်မှာ ဝတ်လိုက်ရင် ပိုလှသွားလောက် မှာ နော် 😊"Sica - " omm!! မဆိုးဘူး နင်မြင်တတ်သားပဲ
ဒါလေးကအရမ်းလှတယ် နင် ဒါကို Tiffany ကို ပေးလိုက်ရင် သူစိတ်ဆိုးပြေသွားမှာ သေချာတယ် "Sica ရဲ့ ထောက်ခံမှု့ကြောင့် Taeyeon ပျော်သွားတယ်။
Tae - " Aunty …chaw ကို ဒါလေး ပြပေးပါ့လား? "
ဆိုင်ရှင်ကလဲ Taeyeon ပြောသော handchain လေးကို ထုတ်ပြလိုက်သည်။
ဆိုင်ရှင် - " arrgashii က ရွေးတတ်သားပဲ
ဒီ handchain လေးက ဒီတိုင်းဆိုရင် မပေါ်လွင်ဘူးထင်ရပေမဲ့ ဝတ်လိုက်ရင် လူတိုင်းနဲ့
လိုက်တယ်လေ ဒါနဲ့ လက်ဆောင်ပေးဖို့လား.? "Tae - " Nae😊 "
ဆိုင်ရှင်ထုတ်ပြတဲ့ handchain လေးကို တစိမ့်စိမ့်ကြည့်ရင်း Taeyeon ပြုံးနေတယ်။
Tae - " Aunty ဒါလေးကဈေးဘယ်လောက်ရှိ လဲ.? ဟင် "
ဆိုင်ရှင် - " 150000 pr "
handchain လေးရဲ့တန်ဖိုးကို သိလိုက်ရတဲ့
Taeyeon ဝယ်ဖို့တွန့်သွားတယ်။သူလို ကျောင်းသူ
တစ်ယောက်အနေနဲ့ အဲ့လောက်ပိုက်ဆံဘယ်လိုလုပ်
ရှိမှာလဲ.?။သူမမိဘတွေကလဲ သာမာန်လူတန်းစား
အလယ်အလတ်ဆိုတော့ အိမ်ကိုအပူကပ်လို့လဲ မရနိုင်။သက်ပြင်းတချက်သာချနိုင်ပြီး လက်ထဲက
handchain လေးကို ပြန်ချလိုက်ကာTae - " Arr…Nae! chaw မယူတော့ပါဘူး တခြားဟာပဲ ကြည့်တော့မယ်😔 "
Taeyeon ရဲ့ပုံစံကိုကြည့်ပြီး Sica စိတ်မကောင်း
ဖြစ်သွားတယ်။နောက်တော့ သူမတခုခုကို စဉ်းစားမိသွားပြီး.....
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)