Taeyeon အခု အရမ်းကို စိတ်ညစ်နေတယ်...
ကျောင်းတက်လဲ စာထဲစိတ်မ၀င်စား
Jessica နဲ့ ရှိနေရင်လဲ ထုံထုံမှိုင်းမှိုင်း
ရုပ်နဲ့နာမ်နဲ့မကပ်ဖြစ်နေရခြင်းက Tiffany သူ့ကို လုံးဝအဆက်အသွယ်မလုပ်တာ တစ်ပတ်ပင် ရှိနေလေပြီ...Tiffany အိမ်ကို သွားတော့လဲ အိမ်ကသော့ခတ်ထားသည်။အလုပ်ကို လိုက်သွားတော့လဲ အလုပ်ကို မလာတာ တစ်ပတ်ရှိပြီတဲ့...သူ့သူငယ်ချင်း Choi Sooyoung ကိုမေးဖို့ရာကျတော့လဲ Sooyoung ကပါ company ကို မလာတာ Tiffany လိုပင်......Tae's mind:* ဟူးးးးး ဘယ်တွေ သွားနေတာလဲ.? Fany ya! ဒီမှာ Tae လွမ်းလွန်းလို့ သေတော့မယ်😢. Miss Choi ပါ company ကို မလာတာဆိုတော့ အလုပ်ကိစ္စတွေနဲ့ ခရီးတွေဘာတွေများ ထွက်သွားတာလား.? Ph ဆက်တော့လဲ စက်ပိတ်ထားတယ် ဘာတွေများလုပ်နေတာလဲ အချစ်ရယ်😔😔 *
Taeyeon တစ်ယောက် စာသင်ပြီးလို့ break - time အချိန်ရောက်တော့ စားပွဲခုံပေါ် မျက်နှာကြီးမှောက်ပြီး ph screen ကို ငူငူကြီး ငေးကြည့်နေတာကို ဘေးက Sica မြင်နေရတယ်....
Sica - " Taengoo ဘာဖြစ်နေတာလဲ.? အခုတလော နင်ကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုပဲ ဘာလဲ.? နင့်ချစ်ချစ်နဲ့ အဆင်မပြေလို့လား.? "
Tiffany များ တစ်ခုခုပြောလိုက်လို့ Taeyeon မှိုင်နေတယ်ထင်ပြီး Sica စိုးရိမ်စိတ်နဲ့ မေးလိုက်သည်။
Tae - " မဟုတ်ပါဘူးဟာ....ဒီတိုင်း သူနဲ့ မတွေ့ရတာ ကြာလို့ပါ "
ပြောတုန်းရှိသေး Taeyeon လက်ထဲက ph လေးက မြည်လာသည်။
Tae - " ဟာ..... Fany ဆီကပဲ😊😊 "
caller ID ကို ကြည့်ပြီး ပြုံးသွားတဲ့ Taeyeon ကြောင့် Sica သိလိုက်ပါတယ်....သူ့အပြုံးလေးတွေက သူအရမ်းချစ်ရတဲ့ ကောင်မလေးကြောင့်ပဲ ဖြစ်မှာပဲလေ....
ကိုယ်ချစ်တဲ့သူ မျက်နှာလေး ပြုံးသွားတာနဲ့ ကိုယ်ပါ လိုက်ပြုံးမိတဲ့အဖြစ်က ချစ်လွန်းလို့ ရူးသွားတာလား.?မစဉ်းစားချင်တော့...သူ့အပေါ် ကိုယ်ခံယူထားတဲ့အချစ်က အရာရာ သူလေးပျော်ရွှင်စေဖို့ပင်.....
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)