Taeyeon တစ်ယောက်.လေးပင်တဲ့ခြေလှမ်းတွေနဲ့ ထွက်သွားဖို့ပြင်လိုက်စဉ် တွေ့လိုက်ရတဲ့လူတစ်ယောက်ကြောင့် ခြေလှမ်းတို့က ရပ်သွားရတယ်..
" Sooyoung shii ပါ့လား.? သူက ဒီကို ဘာလို့လာတာပါလိမ့်.? "
Sooyoung က သူ့ကို မမြင်ပါ...လှည့်ထွက်သွားတဲ့ Sooyoung ကိုကြည့်ပြီး Taeyeon နားမလည်နိုင်စွာနဲ့ Sooyoung ရပ်ခဲ့တဲ့ နေရာကို သွားလိုက်တော့ ....
.
.
.
.
.အုတ်ဂူပေါ် " Tiffany Hwang " လို့ ကမ္ဗည်းရေးထိုးထားတဲ့ စာတန်းလေးကို Taeyeon မြင်လိုက်ရတဲ့အချိန်မှာတော့
သူမကမ္ဘာဟာ အမှောင်ကျသွားသလို ခံစားလိုက်ရတယ်။* Arrnyii မဖြစ်နိုင်ဘူး.. .ဟုတ်တယ်မလား.?
Fany က ဘာဖြစ်လို့သေရမှာလဲ.?😢 *ခေါင်းကို ဘယ်ညာခါရမ်းပြီး ငြင်းဆန်နေမိပေမဲ့ စာတန်းလေးကို ထပ်ပြန်ကြည့်မိတဲ့အခါမှာတော့ သူမသိခင်လိုက်မှာပဲ မျက်ရည်တွေက ပါးပြင်ပေါ် လိမ့်ဆင်းလာကြလေပြီ..
" Arr...ဘာလို့လဲ.? ဘာလို့ ဒီလိုဖြစ်ရတာလဲ.?
Fany က..ဘာ..ဘာလို့..ဟာကွာ "Taeyeon တစ်ယောက် Tiffany ရဲ့အုတ်ဂူရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ပြီး မြေကြီးကို ထုကာ သူ့ခံစားရတာတွေ ပေါက်ကွဲထွက်ကုန်တော့လေသည်။
တစ်ပူပေါ် တစ်ပူဆင့်သလို ရင်ထဲမှာ ပူလောင်နေရတော့ Taeyeon ခမျာ ငိုရလွန်းလို့ မျက်လုံးတွေလဲ နီရဲနေလေပြီ..ရုတ်တရက် အတွေးထဲဝင်လာတာက Tiffany က ဘာကြောင့် သေရတာလဲ.? ဒီအကြောင်းတွေ အားလုံးကို Sooyoung ကပဲ ကောင်းကောင်း သိလိမ့်မည်။ Tiffany ဘာကြောင့် သေရတယ်ဆိုတာ သိရအောင်ဖို့ Taeyeon ချက်ခြင်းပဲ ပြေးထွက်လာခဲ့တော့သည်။
ခပ်လှမ်းလှမ်းတစ်နေရာရောက်တော့ ကားပေါ်တက်တော့မယ် Sooyoung ကို မြင်လိုက်ရသည်။ Taeyeon ရင်ထဲကအပူကြောင့် စိတ်တို့ ခက်ထန်လာပြီး Sooyoung ဆီ အမြန်ပြေးသွားကာ Sooyoung ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်ပြီး ထိုးချလိုက်သည်။
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)