ခေါင်းထဲမှာ တဆစ်ဆစ်ကိုက်ခဲမှု့တို့နဲ့အတူ Taeyeon အိပ်ရာကနေ နိုးလာသည်။
ညာဘက်လက်မောင်းက ထုံကျင်ပြီး လေးလံနေသလို ခံစားရလို့ လှည့်ကြည့်လိုက်မိတော့
* Oh my God..Si...Sica က ဘယ်လိုဖြစ်လို့ ကျွန်မရင်ခွင်ထဲ ရောက်နေပါ့လိမ့်😯 *
ခြုံစောင်ကို နှစ်ယောက်လုံး အတူတူ ခြုံထားတော့ naked ဖြစ်နေတဲ့အသားတွေက ထိမိနေတော့...Taeyeon ခေါင်းနားပန်းကြီးသွားရတယ်..
* ဘုရား...ဘုရား ငါ ညက သောက်တာများပြီး Sica နဲ့များ မှား...ဟာ..သွားပြီ Kim Taeyeon နင်တော့ အကြီးကြီးကို မှားသွားပြီ😓😦😭 *
Taeyeon ငုတ်တုတ်ထိုင်လိုက်ပြီး လွှဲမှားသွားတဲ့ အမှားတစ်ခုကြောင့် ယူကြုံးမရစွာနဲ့ မျက်ရည်တွေက ကျဆင်းလာတယ်..
ထိုအချိန် Sica လဲ အိပ်ရာမှ နိုးလာလေသည်။
တသိမ့်သိမ့်တုန်ပြီး ရှိုက်သံသဲ့သဲ့လေးကြားနေရတာမို့် Taeyeon ငိုနေတယ်ဆိုတာ Sica သိလိုက်တယ်။
Sica - " Taengoo နင်ငိုနေတာလား.?😔 "
Tae - " အမ်..ငါ..ငါ မငိုပါဘူး "
Sica - " မလိမ်ပါနဲ့ နင်ငိုနေတယ်ဆိုတာ ငါသိပါတယ် ညက ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ဆိုရင် နင်မငိုပါနဲ့ အဲ့ဒါက နင်တစ်ယောက်တည်းရဲ့ဆန္ဒတစ်ခုတည်းနဲ့ ဖြစ်ခဲ့ကြတာ မဟုတ်ဘူး ငါ့ရဲ့အမှားလဲ မကင်းပါဘူး အဲ့ဒါကြောင့်မလို့ ဘာမှမဖြစ်ခဲ့သလို ငါနေပေးပါ့မယ်😔😔😔 "
Sica ပြောပြီး အဝတ်အစားတွေ ပြန်ဝတ်လိုက်သည်။ Taeyeon လဲ အဝတ်တွေ ပြန်ဝတ်လိုက်ပြီး..အခန်းထဲကနေ ထွက်သွားဖို့ ပြင်နေတဲ့ Sica ဆီ လှည့်လာပြီး Sica ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး သိမ်းကျုံး ဖက်လိုက်တော့ Sica အံဩသွားတယ်...
Tae - " Sica "
Sica - " ဟမ် "
Taeyeon က Sica ကို ရင်ခွင်ထဲက ခွါလိုက်ပြီး Sica မျက်ဝန်းတွေကို ကြည့်ကာ
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)