Taeyeon…Tiffany ကိုမတွေ့ရတာ နှစ်ရက်ရှိပြီ။အဲ့နှစ်ရက်အတွင်း သူ့စိတ်တွေမှာအလို
မကျမှု့တွေပဲများနေသည်။ဘာလို့အဲလိုဖြစ်နေမှန်း
ကိုယ့်ကိုယ်ကိုလဲနားမလည်။
ခု ကျောင်းမှာစာသင်နေရသော်လည်း စာထဲမှာ စိတ်ဝင်စားမှု့မရှိ။Tiffanyဆီသာစိတ်ရောက်နေသည်။Tiffany အတွက် ပူပန်ခြင်းတွေသာ သူရင်ထဲမှာနေရာယူနေသည်။ကျောင်းဆင်း alarm သံလဲကြားရော လွယ်အိတ်ထဲကို စာအုပ်တွေ အတင်းကောက်ထည့်နေတဲ့ ကျွန်မကို Sica က လှမ်းမေးတယ်။Sica - " Taengoo!ဘာတွေအလောတကြီးဖြစ်
နေတာလဲ!စာသင်ချိန်ကတည်းက ငါနင့်ကို ကြည့်နေတာ နင့်အာရုံကစာထဲမှာမရှိဘူး "Tae - " ဘာမှမဟုတ်ပါဘူး aww! Sica ဒီနေ့
နင်ပြန်နှင့်လိုက်တော့နော်!ငါဝင်စရာလေးရှိလို့
Bye "Sica - " ဟင်!!နင်က ဘယ်သွား----- "
Sica စကားကို ဆုံးအောင်နားမထောင်တော့ဘဲ လွယ်အိတ်ကို ကောက်လွယ်လိုက်ပြီး Taeyeon အပြေးတပိုင်းနဲ့ ထွက်သွားသည်။ထွက်သွားတဲ့ Taeyeon ကို ကြည့်ပြီး Sica မျက်နှာညှိုးနွမ်း
သွားတယ်။Sica's POV
*သူဘယ်သွားမယ်ဆိုတာ ကျွန်မကိုပြောမသွားပေမဲ့
ကျွန်မသိနေပါတယ်။ခုချိန်မှာ သူအရမ်းတွေ့ချင်နေတဲ့ လူတစ်ယောက်ဆီကို သွားတာနေမှာပေါ့။ကျွန်မကလဲ
သူ့ကို ချစ်နေမိတဲ့သူမလို့လားမသိဘူး။သူအတွင်းစိတ်
ကိုအကုန်ခန့်မှန်းနိုင်မိနေတယ်။ဒါပေမဲ့သူဘာလို့အဲလိုဖြစ်နေတာလဲ ကျွန်မစဉ်းစားလို့မရဘူး။*Sica လဲ လွယ်အိတ်ထဲကိုစာအုပ်တွေထည့်လိုက်ပြီး
လေးပင်တဲ့ခြေလှမ်းတွေနဲ့ စာသင်ခန်းထဲမှထွက်လာ
ခဲ့တော့သည်။ဘက်စ်ကားမှတ်တိုင်မှာ Taeyeon
မပါဘဲ ပြန်ရမှာကိုတွေးမိပြီး သက်ပြင်းရှည်တစ်ချက်
မှုတ်ထုတ်လိုက်သည်။
.
.
.
.
.
~~~~~~~~ skip ~~~~~~~Taeyeon…Taxi ငှါးပြီး Tiffany အိမ်ရှေ့
ရောက်လာသည်။နောက်တော့ Taeyeon ခြံတခါးရှေ့ရပ်လိုက်ပြီး ပန်းရောင်အိမ်လေးကို လှမ်းကြည့်လိုက်တယ်။ အိမ်ကြီးရဲ့တံခါးက ဖွင့်ထားပေမဲ့ခြံတခါးကပိတ်ထားတာမို့ Taeyeon ဘေးဘီဝဲယာကိုကြည့်လိုက်ကာ ခြံတံခါးကို ကျော်တက်လိုက်ပြီး ခြံထဲကို ခုန်ချလိုက်သည်။
နောက်တော့သူအိမ်ထဲကိုဝင်ခဲ့လိုက်
တယ်။ပထမဆုံးမြင်လိုက်ရတာက ဧည့်ခန်းထဲက စားပွဲခုံပေါ်မှာ ဘီယာပုလင်းတချို့.သောက်လက်စ
အငွေ့မပြယ်သေးတဲ့ဆေးလိပ်ထည့်ထားတဲ့ခွက်တစ်ခွက်။ဟိုတနေ့ကပုံစံမျိုးနဲ့လုံးဝမတူ။ Taeyeonဆက်ဝင်ရင်ကောင်းမလား!မကောင်းလား!ဝေခွဲရခက်နေတုန်း အိမ်ပေါ်ထပ်က ရေကျသံတွေကြောင့် သိချင်စိတ်နဲ့ လှေကားတွေကို
တစ်ထစ်ချင်းတက်ပြီး အိမ်ပေါ်ထပ်ကိုရောက်လာခဲ့
တော့သည်။လှေကားထိပ်အခန်းက ပွင့်နေပြီး
Taeyeon ဝင်လိုက်တယ်။ရေကျသံတွေက အခန်းရဲ့ရေချိုးခန်းဆီက ကြားနေရတာမို့
Taeyeon ဖွင့်ကြည့်လိုက်တယ်။အထဲက လော့ခ်ချမထားတော့ ပွင့်သွားသည်။မြင်လိုက်ရတာက ရေပန်းကို ဖွင့်ထားပြီး ရေပန်းရဲ့အောက်မှာ Tiffanyတစ်ယောက်ငုတ်တုပ်လေးထိုင်နေတာကို Taeyeon တွေ့လိုက်ရတယ်။
Tayeon…ရေပန်းကိုပိတ်လိုက်ပြီး Tiffany ဆီ အမြန်သွားလိုက်ပြီး ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ
YOU ARE READING
LOVE is PAIN!
FanfictionMain Cast 👇👇👇 Taeyeon ,Tiffany, Jessica (yuri myanmar fanfiction)