Part - 6

6.3K 606 2
                                    

Mr Poker


ZAWGYI

အတော်ကြာခေါင်းကိုငုံ့ထားမိရာမှ ပြန်မော့လို့ကြည့်ချိန်တွင် Sehunမရှိတော့...
သူ့ရဲ့ ခပ်တည်တည်နဲ့အကြည့်စူးစူးကြောင့် လန့်ဖျန့်ကာ ခေါင်းလေးငုံ့လို့နေမိရတဲ့အဖြစ်~

သက်ပြင်းကိုသာခပ်ဖွဖွချရင်း ကိုယ့်အဖြစ်ကိုရယ်ချင်မိပြန်သည်။ ဘာကြောင့်များ Sehunအပေါ်ဆို ချစ်တဲ့စိတ်အပြင် ကြောက်တဲ့စိတ်ပါရှိနေရတာလဲမသိပါ။

ဒါပေမယ့်လည်း သူနဲ့ နီးစပ်ဖို့ရန် ကျတော်ကြိုးစားရပေဦးမည်။

အချေမင်းသားလေးကို အနည်းငယ်ရှိန်ကာ လန့်ပေမယ့်လည်းပေါ့လေ...

တစ်နေ့နေ့တော့ ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်လေး Happy endingလေးဖြစ်လာနိုင်ကောင်းပါရဲ့......

~* ~* ~* ~* ~* ~*
~* ~* ~* ~* ~* ~*

တစ်ခုသော ညနေခင်းရဲ့ ကျောင်းဆင်းချိန်တွင်တော့ Sehunနဲ့တွေ့ဆုံဖို့ရန် အကြောင်းကဖန်လာလေတော့သည်။

ထိုနေ့က ကျတော်တစ်ယောက်ထဲ Busကားအလာစောင့်နေချိန် ဘေးနားလူတစ်ယောက်လာရပ်သည်မို့ လှည့်ကြည့်မိတော့ သူဖြစ်လို့နေသည်~

ကျတော့် crushလေး Oh Sehun ^_<

ဘတ်စကားမှတ်တိုင်တွင် သူနဲ့ကျတော်နှစ်ယောက်ထဲ~

ကျောပိုးအိပ်ကိုပုခုံးတစ်ဖက်တွင်လွယ်ကာ လက်တစ်ဖက်ကဘောင်းဘီအိပ်ထဲထည့်ထားပြီး တစ်ဖက်ကဖုန်းကိုင်ကာ သူရပ်နေကြအတိုင်းဖင်လေးဘေးပစ်ပြီးဟန်ပါပါရပ်နေပုံက အလိုလိုကိုကြည့်ကောင်းနေပြန်သည်။

ကျောင်းshirtအင်္ကျီကို ကြယ်သီးနှစ်လုံးလောက်က ဖြုတ်ထားပြန်တာကြောင့်လည်း ငေးမိရပြန်လေသည်။

သူကတော့နားတွင် နားကျပ်ကလည်းတပ်ထားကာ ဘေးပတ်ဝန်းကျင်ကိုအရေးမစိုက်သည့်ဟန်အပြည့်...

သူအရေးမစိုက်တော့လည်း ကျတော့်ဖာသာလွတ်လွတ်လပ်လပ် သူ့ကိုငမ်းလို့ရတာပေါ့လေ...

လက်တစ်ကမ်းအကွာလောက်မှာသာရပ်နေတဲ့သူ့ကို အခုလိုလေးအနီးကပ်ကြည့်ရတာဟာလဲ အရသာရှိလွန်းပါဘိ...

***Mr Poker***Where stories live. Discover now