Part - 12

5.5K 588 46
                                    

^^Mr Poker^^


ZAWGYI

ဟူး... အားကြီးပျင်းဖို့ကောင်းတာဘဲ...

ဆရာစာသင်နေတာကို မနားထောင်ချင်သော်ငြားလည်း ဟန်ဆောင်နားထောင်နေရသည်။

စတော်ကြီးတွေနဲ့ ပြည့်နေတဲ့အခန်းဆိုတော့လည်း ဘာပြောလို့ရမှာလည်းလေ~

သူတို့ကသာ နားထောင်လိုက် လိုက်မှတ်လိုက်ဖြင့် စာထဲစိတ်ဝင်တစားရှိလို့နေကြပေမယ့် ကျတော့်အတွက်ကတော့ ပျင်းရိဖွယ်ရာအတိ...

မထင်ရင်မထင်သလို စာထထမေးတဲ့ဆရာကိုလည်း ကြောက်ရသေးသည်။

Oh Sehunရှိရင်တော့ သူ့ကိုထိုင်ငေးနေလို့ရသေးသည်။ အဲ့လိုသာဆို အခုလိုပျင်းနေမှာလည်းမဟုတ်။ အခုကကြ သူကလည်းမရှိ။

မရှိဆို အခုထိကို သူကကျောင်းလာမတက်သေးဘဲကိုး...

Luhanတို့ အချစ်ရေးမှာကံမကောင်းလိုက်ပုံများ... ဘာမှတောင်မစရသေးဘူး အဆုံးသတ်တော့မှာလိုလို...

ဒီလိုနဲ့ ဝေးကွာသွားရမှာတော့ မဟုတ်လောက်ပါဘူးနော်?

သူနှင့်မတွေ့တော့မှာကို ကျတော်တကယ်ဘဲ ကြောက်ရွံ့မိပါသည်။

'မင်းမလာတော့မှာကို ကြောက်ရွံ့နေမိတယ်ဆို မင်းဘာပြောမလဲ Oh Sehun...

ငါမင်းကိုစောင့်နေတာမို့ အမြန်ဆုံးကျောင်းလာတတ်လှည့်ပါ'

*** ***

ဒီနေ့လည်း ပျင်းပျင်းရှိတာနဲ့ ကျောင်းကဘောလုံးကွင်းဘက်ထွက်လာကာ ကျောင်းသားအချို့ဘောလုံးကန်နေကြသည်ကို အကြောင်းမဲ့ထိုင်ငေးနေမိသည်။

"ဟေ့ Luhan"

ထိုင်ငေးနေတုန်း ခေါ်သံကြားမိတာကြောင့် လှည့်ကြည့်မိတော့ ဘတ်စကက်ဘောအသင်းက ခေါင်းဆောင်Hyungဖြစ်နေသည်။

သူက ကျတော့်ဘေးနားဝင်ထိုင်လာရင်း...

"ဘာတွေငေးနေတာလဲ Luhan?"

"ဒီလိုပါဘဲ ပျင်းလို့လာထိုင်နေတာ~ Hyungကရော?"

"ငါလား? ဒီဘက်လျှောက်လာရင်း မင်းကိုတွေ့မိလို့"

"ဪ..."

"ဒါနဲ့ YiXingစီကကြားတယ် ဒီနှစ် Basketballအသင်းထဲမပါတော့ဘူးဆို"

***Mr Poker***Where stories live. Discover now