Part - 18

6.1K 575 72
                                    

Mr Poker


ZAWGYI

"Luhan~"

မခေါ်စဖူး ကျတော့်နာမည်ကို
Sehunခေါ်လိုက်တာကြောင့်
သူ့ကိုလှမ်းကြည့်မိစဉ်မှာဘဲ
လက်ထဲရောက်လာတဲ့
ကော်ဖီဗူးလေး...

ထိုကော်ဖီဗူးကို အထူးအဆန်း
သဖွယ် ကြည့်နေမိတုန်း...

"မနေ့ကရေဗူးအတွက်
အစားပြန်ပေးတာ"

"Hmm..."

အဟက်~ ကြည်နူးမိတဲ့သူက
အရူးလိုဘဲ...

ပြောရင်းဆိုရင်း သူက
လှည့်ထွက်သွားတော့မည်မို့
ကျတော် သူ့လက်ကိုအမြန်
ဆွဲကာ တားလိုက်ရင်း...

"မလိုဘူး Oh Sehun~
ပြန်ယူသွား..."

ကျတော့်စကားအဆုံး
သူ့နှုတ်ခမ်းထက်မှာ
မဲ့ပြုံးရေးရေးလေး
ဖြစ်ထွန်းလို့သွားသည်။

ငေးသွားမိရပြန်ပါပေါ့လား...

သူဘယ်လို ပြုံးရယ်နေနေ
ကြည့်ကောင်းနေတာကတော့
အတော်လေးဆိုးသည်။

ထိုအပြုံးတွေဟာ ကျတော်
Luhanရဲ့ အားနည်းချက်
ပေများလား?

သူ့အပြုံးတွေကို
နောက်တစ်ကြိမ် ပြန်မြင်
ချင်သေးသည်။

သူ့အပြုံးတွေကို
ကျတော် သဘောကျသည်။

"လိုချင်တယ် မလိုချင်ဘူးဆိုတာက
မင်းအပိုင်းလေ~
ပြန်ပေးစရာတော့ မလိုဘူး~
သောက်ချင်သောက်
မသောက်ချင် လွှတ်ပစ်လိုက်"

"မဟုတ်ဘူး Oh Sehun
ကျတော်..."

"ကျစ်~ ရှင်းရှင်းလေးကို
လာမရှုပ်စမ်းနဲ့ Luhan"

သူကပြောရင်း လှည့်ထွက်
သွားပြန်တာကြောင့်...

"Oh Sehun!"

ကျတော့်အသံက နည်းနည်း
ကျယ်သွားတာကြောင့်
ကော်ရစ်တာတစ်လျှောက်မှာရှိနေတဲ့
ကျောင်းသားကျောင်းသူအချို့
ကျတော်တို့နှစ်ယောက်ကို
လှမ်းကြည့်လို့လာကြသည်။

Oh Sehunသည်လည်း
ကျတော့်ကို မျက်မှောင်ကြုပ်
လို့ စိုက်ကြည့်လာသည်။

"ဒီလိုဘဲပြောတတ်တာလား?
စကားအကောင်းပြောရင်
သေသွားမှာမို့လို့လား Oh Sehun~
ဟမ်?"

***Mr Poker***Donde viven las historias. Descúbrelo ahora