EXTRA(Ending)

3.1K 262 14
                                    

Mr. Poker




ZAWGYI

လူလေးမှရှိတာ (၆)ယောက်ကို ကျွန်တော်
တို့ နှစ်ယောက်က ကွက်ပြီး ပဋိပက္ခ အနည်း
ငယ်ဖြစ်နေတော့ ကျန်လေးယောက်သည်
လည်း မသိဘဲဘယ်နေမည်နည်း။

"Oh Sehun မင်းမျက်နှာကြောကြီးကို
နည်းနည်းလျှော့စမ်းကွာ။ အားလုံးပဲ
ပျော်ပျော်ပါးပါးပေါ့။"

"အေးလေကွာ။"

Chanyeol ဆိုစကားအား Baekhyunက
လည်း လိုက်ပါထောက်ခံသည်။

YiXing နဲ့ JunMyeon အကြည့်တွေက
တော့ ကျွန်တော့်ထံ ဆိုက်ဆိုက်မြိုက်မြိုက်
ကြီးကျရောက်လာကြတာနဲ့ သွားလေး
အဖြီးသားနဲ့ ပြုံးပြလိုက်ရ၏။

"YiXingက ဒီမှာဘယ်လောက်ကြာကြာ
နေမှာလဲ?"

အနေရကျပ်တာနဲ့ပဲ သိသိသာသာပင်
စကားလမ်းကြောင်း လွဲပြောင်းလိုက်
ရတယ်။

"တစ်ပတ်လောက်ပေါ့။"

"ဟင် ခဏပဲလား? အာ. . မေ့သွားလို့
မင်းက အလုပ်ရှိသေးတယ်နော်။"

"အေး။ ငါလည်း ကြာကြာနေချင်တာ
ပေါ့။ အခုတော့ မဖြစ်သေးလို့။"

"YiXingကတော့ ကြိုးစားတယ်ဟေ့။"

"အဲ့နှစ်ယောက်ရဲ့ အချစ်နယ်နိမိတ်က
ဝေဟင်ထက်မှာလေ။"

Chanyeol စကားကြောင့် YiXing နဲ့
ပြောနေရာကနေ ကျွန်တော် ခဏမျှ
ကြောင်သွားမိရ၏။ YiXingကိုကြည့်
တော့ကြ ပါးချိုင့်ခွက်ကလေးထင်း
လာလျက် သဘောကျသွားဟန်ရှိသည်။

"Chanyeol ကတော့ လုပ်ပြီဟေ့။"

JunMyeonရဲ့ ရယ်ရယ်မောမော
ဝင်ရောက်ပြောဆိုပြီးနောက်တွင်
Chanyeolသည်လည်း သူ့စကား
အား သူ့ဘာသာသူ အကျယ်ချဲ့ပြလို့
လာသည်။

"ငါပြောတာ မဟုတ်လို့လား။ သူများ
သမီးရည်စားတွေ ဝေးကွာနေလို့ လွမ်း
ဆွတ်သတိရကြရင် လေလှိုင်းထဲကနေပဲ
အလွမ်းသည်ကြဖို့များတာ မင်းတို့ကကြ
အဲ့ထက်အဆင့်မြင့်တယ်။ လေကြောင်း
ကနေလေ လွမ်းရင် လေယာဉ်လေး
ကောက်စီးပြီး တစ်ယောက်ရှိတဲ့နေရာ
တစ်ယောက်အရောက်သွားကြတဲ့ဟာ။
ခုနငါပြောသလို ကင်ပွန်းတပ်သင့်တယ်
ထင်တာပဲ။"

***Mr Poker***Where stories live. Discover now