Part - 20

6.2K 597 39
                                    

Mr Poker


ZAWGYI

သူ့နောက်ကျောပြင် ကျယ်ကျယ်
ပေါ်ပါးလေးအပ်ကာ သူ့ခါးကိုကြ
နောက်ကနေ တင်းတင်းကျပ်ကျပ်
ဖက်တွယ်လို့ လိုက်ပါလာခဲ့သည်။

နှုတ်ခမ်းထက်မှာလည်း
အပြုံးတို့က လှပစွာ ဖြစ်ထွန်း
လို့ပေါ့...

သူ့ရဲ့ ကိုယ်သင်းရနံ့သင်းသင်း
လေးဟာလည်း ကျတော့်ကို
ရင်တွေပိုခုန်အောင် ကလူကျီစယ်
နေပြန်သည်။

နောက်တော့လည်း စိတ်မထိန်းနိုင်စွာနဲ့ဘဲ
သူ့နောက်ကျောပြင်ထက်သို့
အနမ်းဖွဖွပေးလိုက်မိသည်။

ထိုသို့အနမ်းဖွဖွပေးရင်းမှ
တစ်နေ့ညက နှုတ်ခမ်းတစ်စုံကို
ပြန်လည်မြင်ယောင်လာမိတော့
မျက်နှာတစ်ပြင်လုံး ပန်းသွေးခြယ်
ကာ သူ့ကိုလည်းပိုလို့တင်းနေအောင်
ဖက်လိုက်မိသည်။

"ဟေ့... အတင်းမဖက်နဲ့လေ"

"Ah~ mianae... ဖက်လို့ကောင်း
လို့ပါ အဟီး..."

ဒီလိုနဲ့ ကျောင်းနားရောက်ခါနီး
လာတော့...

ဒီတိုင်းက မဖြစ်သေးပါဘူးလေဟူသော အသိဖြင့်
သူ့ကိုဖက်ထားတဲ့ ကိုယ့်လက်တွေကိုယ်
ဖယ်ရန်ပြင်လိုက်သည်။

သို့ပေမယ့်လည်း သူကသိနေသည့်
အလား ကျတော့်လက်တွေကိုပြန်
ဆွဲယူကာ ဖက်မြဲအတိုင်းဖက်ထားစေသည်။

"မလိုဘူး... ဒီတိုင်းလေးဘဲနေ"

သူ့ စကားတစ်ခွန်းဆို တစ်ခွန်း
လိုက်နာချင်သူမို့ အတွန့်မတက်မိတော့...

ကိုယ်တိုင်ကလည်း သူ့ကို
မလွှတ်တမ်း ဖက်ထားချင်သူပါ။

သို့ပေမယ့်လည်း ကျောင်းပေါက်ဝ
ရောက်တော့ ဝိုင်းစပ်စုလာတဲ့
အကြည့်တွေကြောင့် ရှက်ရွံ့မိကာ
သူ့နောက်ကျောပြင် ကျယ်ကျယ်ကို
မျက်နှာအပ်လို့ ပုန်းကွယ်မိရသည်။

ကျောင်းသူလေးတွေတော့
ကျတော့်ကို မုန်းနေတော့မှာပါဘဲ...

"Luhan~ ခေါင်းကြီးငုံ့မထားနဲ့လေ"

"ရှက်... ရှက်လို့ပါ လူတွေ
ဝိုင်းကြည့်နေတော့"

သူ့ကိုကြည့်ရင်း ခပ်တိုးတိုး
ဆိုမိတော့ သူ ကျတော့်ကို
နှုတ်ခမ်းတွန့်ရုံမျှ အပြုံးလေးဖြင့်
ပြုံးပြပြီး ပုခုံးကိုဆွဲဖက်လာကာ
အတန်းတွေဘက်လျှောက်လာသည်။

***Mr Poker***Where stories live. Discover now