Part - 19

6K 609 62
                                    

Mr Poker


ZAWGYI

ကျတော့်ရင်တွေပေါက်ထွက်မတက်
ခုန်နေပါသည်။

Sehunထံမှ ထွက်သက်ဝင်သက်
လေငွေ့ငွေ့ဟာလည်း ကျတော့်
မျက်နှာ တဝိုက်နွေးထွေးစွာ
ကျီစယ်လျက်~

မျက်ဝန်းတို့ကို
စုံမှိတ်ထားတာကြောင့်
မမြင်သော်ငြား သူ့မျက်နှာဟာ
ကျတော်နဲ့အလွန်မှကို နီးကပ်နေမည်
ဖြစ်ကြောင်း ထိုလေနွေးနွေးလေးမှ
ခံစားမိသည်။

အတော်ကြာသည်အထိ
မျှော်လင့်သလို ရောက်ရှိမလာ
သေးတဲ့ သူ့နှုတ်ခမ်းတစ်စုံကြောင့်
မျက်ဝန်းတို့ကို အသာဖွင့်ကြည့်
မိရပြန်သည်။

"Huh~"

သူ့ထံမှ ရယ်သံနဲ့အတူ
အပြုံးလေးကိုလစ်ခနဲ့
မြင်တွေ့လိုက်ရပြီးနောက်မှာ
တော့ ကျတော့်နှုတ်ခမ်းလေး
သည်လည်း နွေးထွေးလို့
သွားခဲ့လေသည်။

ဆွဲမက်ဖွယ်နမ်းရှိုက်လို့လာတဲ့
သူ့အနမ်းတွေကြောင့်
မျက်ဝန်းတို့ကိုတဖန် ပြန်မှေးမှိတ်
ရင်း စီးမျောလိုက်ပါမိရသည်။

သူ့လက်တစ်စုံဟာ
ကျတော့်မျက်နှာကို
အုပ်မိုးလို့ကိုင်ကာ ပိုလို့ဆွဲမော့
လိုက်ပြီး မွတ်သိပ်သော
အနမ်းတို့ကိုပေးလာသည်။

ကျတော့်လက်တစ်စုံသည်လည်း
သူ့ခါနားက အင်္ကျီစလေးကိုသာ
မြဲမြဲစုပ်ကိုင်ထားမိတော့သည်။

ပြင်းပြကာ ဆွဲမက်ဖွယ်ကောင်းလှသော
အနမ်း...

ထိုအနမ်းတွေကိုလည်း
ကျတော် သဘောကျသည်။

ရုပ်ရည် ၊ အပြုံး ၊ အမူအကျင့်တွေ
အပြင် အခုလည်း ကျတော့်ကို
သူ၏အနမ်းတွေဖြင့် ဆွဲဆောင်
သွားပြန်ပါသည်။

ထို့နောက် အနမ်းတို့ပြီးမြောက်
ချိန်မှာတော့ သူကျတော့်ကို
စူးစူးစိုက်စိုက်လေး ကြည့်လို့နေသည်။

ကျတော့်မှာသာ
အသက်ဝဝရှူသွင်းရင်း
မျက်နှာမထားတတ်အောင်
ဖြစ်ရသည်။

သူ့ရဲ့ တည်တည်တန့်တန့်နဲ့
စူးစူးနစ်နစ် အကြည့်တွေအောက်မှာ
ကျတော့် စိတ်ခံစားချက်တွေ
ဟာလည်း မူမမှန်ချင်~

***Mr Poker***Where stories live. Discover now