Part - 29

948 48 0
                                    

Doctor   KrisLay (yaoi)

Part 29

Kris : အဲ့လိုရှိချင်လား?

Lay : ........!!!

Krisရဲ့စကားကြောင့်Layပါးစပ်ကြီးဟပြီးမျက်လုံးပြူးကာKrisကိုကြောင်ကြည့်နေတာကို Krisကြည့်ပြီးမျက်ခုံးပင့်ကာ

Kris : အယုံလွယ်နေတာကိုး ဒါကြောင့်ဒီလိုဖြစ်နေတာ

Lay : ခဗျားကလေ !!!

Lay စိတ်ရှိလက်ရှိအော်လိုက်တယ် ပြီးတော့သူkrisစစသွားတဲ့နေ့တုန်းကသူ့ကိုရေနွေးကြမ်းထဲဆေးထည့်ပြီးတိုက်တာ အကွက်ဆင်ပြီးအမျိုးမျိုးအနိုင်ကျင့်နေတာ ခုလဲသူ့စိတ်ကိုတုန်လုပ်အောင်စနောက်နေတာအကျင့်မကောင်းဘူး

Kris : လာသွားမယ်

Krisရှေ့ကနေထွက်သွားပြီးLayကလည်းနောက်ကျနေလိုက်သွားတယ်

Lay pov : ငါကလဲနော် သူ့ကိုလူကောင်းသွားထင်နေသေးတယ် ဘီးလူးကဘီးပဲ နတ်သားဖြစ်လာမှာမဟုတ်ဘူး
....................

Lay Krisရဲ့ အင်္ကျီကိုခြုံပြီးကားထဲထိုင်ကာ Krisကိုကြည့်နေတယ်

Kris : Lay ခဗျားအမြင်ကပ်လား တကယ်လို့တစ်ယောက်ယောက်ကခဗျားကိုအကြာကြီးကြည့်နေရင်

Lay : ကျနော်စဉ်းစားကြည့်နေတာ teacher Kris နဲ့ teacher Suho လိုချောချောလေးနှစ်ယောက်ထဲက တက္ကသိုလ်ကျောင်းသားဘ၀တုန်းကဘယ်သူကKingရတာလဲလို့

Layသိချင်တာတွေအကုန်မေးလိုက်တယ်

Lay pov : တကယ်လို့ငါ့မျက်လုံးအနေနဲ့ကြည့်မယ်ဆိုရင်တော့ teacher Kris ရမှာသေချာတယ်  ငါ့နှလုံးသားနဲ့ကြည့်မယ်ဆိုရင်တော့ teacher Suho ပေါ့ teacher Suho ကအမြဲပြုံးတယ်သဘောလဲကောင်းတယ်
teacher Kris ကတော့ ဆူပုတ်နောတာပဲ ကြိုက်ဘူး

Kris : ခဗျားအထင်ကဘယ်သူလဲ

Lay : ကျနော်မသိဘူး

Kris : တစ်ယောက်မှမဟုတ်ဘူး

Lay : ဟား !!!! ......... မဖြစ်နိုင်ဘူး

သူနှစ်ယောက်မရဘူးဆိုတော့ Lay အရမ်းအံ့ဩသွားတယ်

Kris : ဖြစ်နိုင်တာပေါ့

Lay : ဘာဖြစ်လို့လဲ?

Kris : ..... ပထမနှစ်တုန်းက ကျနော်တို့နှစ်ယောက်ထက်ချောတဲ့သူရှိလို့ပေါ့

Doctor Where stories live. Discover now