part 32

915 44 1
                                    

Doctor  KrisLay (yaoi)

Part 32

Suho ထမင်းပန်းကန်ကိုင်ပြီးနေရာလွတ်ကိုရှာနေချိန်တွင် ChanYeol သူ့သူငယ်ချင်းခေါ်သံကြောင့်လှည့်လိုက်တယ် သူအံဩသွားတယ်အဲ့ဝိုင်းထဲမှာ Lay နဲ့ Sehun ရှိနေလို့လေ သူကိုယ့်ကိုယ်ကိုကတိပေးထားတယ် Lay နဲ့ဝေးဝေးနေမယ်လို့ ငါ့ရဲ့နှလုံးသားကိုအမြဲပြုစားနေတဲ့ကောင်လေး ဒါပေမယ့်လဲ ChanYeol ကခေါ်နေတော့သွားရမှာပေါ့    Lay တို့ရှိရာသို့လျှောက်လာကာ Sehunဘေးတွင်ဝင်ထိုင်လိုက်တယ်

Pcy : ကြာလိုက်တာ စိတ်ကLuHan ဆီရောက်နေတာလား

Suho ဘာမပြောပဲပြုံးပြလိုက်တယ်
ကျောင်းသားနှစ်ယောက်ကတော့မျက်နှာမကောင်း ခေါင်းငုံ့ပြီးထမင်းစားနေလိုက်တယ်

Suho : Sehun Lay ဘယ်လိုလဲအဆင်ပြေကြလား

Lay : အရမ်းပင်ပန်းတယ်  ...
ကျနော့်အထင်တော့ကျနော် ကလေးဌာနနဲ့မလိုက်ဘူးထင်တယ်

Pcy : အဲ့လိုမပြောနဲ့လေ ကျနော်ဝမ်းနည်းတယ်နော်

Suho : aww ဟုတ်လား
ဒါပေမယ့် chanyeol က သဘောကောင်းပါတယ်  သူတဲ့သင်လိုက်အုန်းနော်
Yeol နင်ကလေးတွေကိုအလုပ်တွေအများကြီး
မပေးလောက်ပါဘူးနော်

Pcy : ငါအဲ့လိုမလုပ်ပါဘူး ငါသဘောပေါက်အောင်သေချာသင်ပေးပါတယ် Lay ကိုဆိုပိုဂရုစိုက်ပေးပါတယ်

အဲ့စကားကြောင့် Lay စိတ်တွေတိုနေတယ်

Suho : Lay ကစာအရမ်းတော်တာ ငါ့ဘာသာမှာဆို သူကအမှတ်အများဆုံးပဲ လိမ်လဲလိမ်မာတယ်

Lay : teacher  အသင်ကောင်းလို့လေ

Chanyeol Suho ပြောတာနားထောင်ပြီးမျက်ခုံးကြုံ့ပြီး Lay နဲ့ Suho ကိုတစ်လည့်ဆီကြည့်နေလိုက်တယ်

Suho : Sehun လဲတော်တယ်  အမြဲတမ်းtop1 ပဲ

Lay pov : အိုး ... ငါ့ရဲ့နတ်သားကတော့ အမြဲချစ်စရာကောင်းနေပါလား

Pcy : Sehunတော်တာငါသိပါတယ် ငါဘာမှသိပ်ပြီးသင်စရာမလိုဘူး ငါကြည့်တာနဲ့သိတယ်သူတော်တယ်ဆိုတာ
ဒါပေမယ့် Lay ကတော့ ငါအဲ့လိုမမြင်ဘူး ငါမထင်ထားမိဘူးသူအမှတ်အများဆုံးရတယ်ဆိုတာ
နင့်ရဲ့အတော်ဆုံးကလေးက လူနာကိုစမ်းပြီးဘာရောဂါဖြစ်တယ်ဆိုတာတောင်သိပ်မခွဲတက်သေးဘူး...

Doctor Where stories live. Discover now