part 35

823 41 0
                                    

Doctor  KrisLay (yaoi)

Part 35

Lay အဆောင်မပြန်ရတော့ပဲ Kris အိမ်မှာပဲအိပ်လိုက်ရတယ် မနက်ရောက်တော့ Kris နဲ့အတူဆေးရုံသို့သွားလိုက်တယ် Lay နဲ့ Kris လမ်းမခွဲခင် "အလုပ်ဆင်းရင်ဘယ်သူနဲ့မှမသွားရ သူကိုယ်တိုင်အဆောင်ကိုလိုက်ပို့ပြီးမှ သူဆေးရုံကိုပြန်လာမယ် ပြီးတော့ မလိုအပ်ရင် ChanYeol နဲ့စကားမပြောနဲ့တဲ့" kris Lay ရဲ့ဖုန်းကိုပါသိမ်းလိုက်တယ် Kris Layကို သေသေချာချာမှာလိုက်တယ်

Lay pov : သူပြောတာလိုက်မလုပ်လို့ကတော့ ဒီတခေါက်ပုံပဲတင်မှာမဟုတ်တော့ဘူးထင်တယ် video ပါတင်မယ်လောက်တယ် ကြောက်စရာကောင်းလိုက်တာ

Lay သန်းပြီးအလုပ်လုပ်နေတယ် မနေ့ညကသိပ်မအိပ်လိုက်ရဘူးလေ

Pcy : Lay ဘာလို့ဖုန်းမကိုင်တာလဲ အဲ့လောက်တောင်မအားတာလား ကျနော်ဝမ်းနည်းတယ်နော်

Lay : မင်္ဂလာပါ teacher ChanYeol

Pcy : ကျနော်မေးတာဖြေပါအုန်း

Lay : မနေ့ကကျနော်ဖုန်းသံမကြားလိုက်လို့နေမှာ ခုလဲကျနော်ဖုန်းမယူလာဘူး

Pcy : အော်အဲ့လိုလား မသိပါဘူး ကျနော်နဲ့ဖုန်းမပြောချင်တော့ဘူးလားလို့
ဒီနေ့ဘယ်အချိန်းဆင်းလဲ တခုခုသွားစားရအောင်

Lay pov : "မလိုအပ်ရင် chanyeol နဲ့စကားမပြောနဲ့"

Lay : ဟို ....... ကျနော် ...

Stu : teacher ChanYeol ကျမ teacher ကိုရှာနေတာ ကျမနဲ့ခဏလိုက်ခဲ့ပါ ဒီဘက်

Lay pov : ကံကောင်းသွားတယ်
Lay လဲသူအလုပ်သူပြန်လုပ်နေလိုက်တယ်
နားချိန်ရောက်တော့ Lay ကဆေးရုံထဲလိုက်ကြည့်နေလိုက်တယ် အခန်းတစ်ခန်းရောက်တော့ သူတစ်ခုခုကိုမြင်လိုက်ပြီးစပ်စုချင်စိတ်ဖြင့်ဝင်ကြည့်လိုက်တယ်

Lay : အား မိုက်လိုက်တာလေဆာစက်ကြီးပဲ

Lay အဲ့ဒီစက်ကြီးကိုပတ်ကြည့်ကာငန်းနေတယ်

Lay pov : မိုက်တာ

အဲ့အခန်းမှပြန်ထွက်လာတော့

ခွင်း!!!!
မီးကြိုးကိုခလုတ်တိုက်ပြီးစက်ကြီးလဲကာကွဲသွားတယ်

Pcy : Lay !!

Lay : teacher ChanYeol

Lay မျက်နှာမကောင်းတော့ပါလန့်လဲအရမ်းလန့်နေတယ်

Doctor Where stories live. Discover now