Doctor KrisLay (yaoi)
Part 53 final
Su : ကျနော့်အမှားပါ
Lay / Se : .........
Lay နဲ့ Sehun အသံလာရာဘက်ကိုလှည့်ကြည့်ပြီး ကြောင်ကြည့်နေတယ်
Lay : teacher Suho ကျနော် ...ကျနော်
Su : ဘာမှမပြောနဲ့တော့ Lay ကျနော်အကုန်လုံးနားလည်တယ်
Su : ကျနော်ကျောင်းသားဘ၀တုန်းက Kris အားရင်အလယ်တန်းကျောင်းတစ်ကျောင်းကိုအမြဲသွားပြီး ကောင်လေးတစ်ယောက်ကိုသွားကြည့်တယ် ဒါပေမယ့်ကျနော်တို့ကိုသူဘာမှမပြောဘူး
ကျနော်ကြည့်တာနဲ့သိတယ်
သူအဲကောင်လေးကိုအရမ်းချစ်တယ်ဆိုတာ
ကျနော်နဲ့ yeol သူ့နောက်အမြဲလိုက်သွားတယ်
သူကနေ့တိုင်းမပျင်းမရိပဲနေ့တိုင်းသွားကြည့်တယ် နေ့ ရက် လ ကြာလာတော့ ကျနော် နဲ့ yeol ပျင်းလာတော့ သူနဲ့လိုက်မသွားတော့ဘူး သူကတော့သွားမြဲသွားနေတာပဲ
တနေ့တော့ မိုးသည်းထန်စွာရွာနေတယ် ကျနော်တို့အတန်ပြီးတော့ သူအဲ့ကောင်လေးစီကိုမရမကသွားကိုသွားရမှာ ဆိုတော့ ကျနော်လဲသူ့ကိုစိတ်ပူတာနဲ့ သူနဲ့လိုကိသွားတယ် .........
အဲ့နေ့မှာတော့ အဲ့ကောင်လေးက မုန့်ထုပ်တွေတပွေတပိုက်နဲ့ ဆေးဆိုင်တစ်ဆိုင်ကနေထွက်လာပြီး ကျောင်းဘက်ကိုပြန်မလို့ မိုးသည်းထန်လွန်းလို့လမ်းကိုတောင်မမြင်ရဘူး ကောင်းလေးကလမ်းဖြတ်ကူးလာနေတဲ့အချိန်မှာ ကုန်ကားတစ်စီးကလဲနေတော့ အဲ့ကောင်လေးကိုတိုက်မိမှာဆိုးလို့ Kris အဲ့ကောင်လေးကိုတွန်းထုတ်လိုက်ကာ Kris နဲ့အဲ့ကောင်လေးလမ်းပေးသို့လဲကျသွားကာ Kris နဖူးကွဲသွားတယ်
သူနဖူးကိုခြောက်ချက်ချုပ်လိုက်ရတယ် ခုထိအဲ့အမာရွတ်ရှိနေတုန်းပဲ
သူခန္ဓာကိုယ်ပေါ်မှာအနာတွေအနဲငယ်ရှိနေတော့ သူအဲ့ကောင်လေးကိုမကြည့်နိုင်ဘူးအဲ့ဒါကြောင့်ကျနော်ကိုကြည့်ခိုင်လိုက်တာ
မိုအရမ်းရွာတော့ လမ်းကချော်တော့ ကောင်လေးကိုလူနာတင်ကားပေါ်ပို့ပြီးသူနဲ့လိုက်သွားမယ့်အချိန် ကျနော်ခြေချော်ပြီ ကျနော့်လက် ကားနဲ့ခြစ်မိကာခုထိအမာရွတ်ကျန်နေတယ်...
အဲ့နေကစပြီး Kris အဲ့ကောင်လေးကိုသွားမကြည့်ရတော့ဘူး
သူခေါင်းကအရိုးအပ်သွားလို့ ကံကောင်းလို့ဆိုးဆိုးရွားရွားမဖြစ်တာ