အခန်း - (၁)

1.9K 46 0
                                    

(၁)
ဆောင်းအကုန်နွေအကူးမို့ သစ်ရွက်တွေက တဖြုတ်ဖြုတ်ကြွေလျက်ရှိသည်။ တချက်တချက်လေတိုက်လျှင် လူရော ဆိုင်ကယ်ပါ ယိုင်ယိုင်သွားသည်မို့  သူမဆိုင်ကယ်ကို နည်းနည်းအရှိန်လျော့လိုက်ရသည်။ ဆိုင်ကယ်မီးကလဲ တစ်ရက်ကပဲ အဆောင်က ကလေးမတစ်ယောက် ၀င်အောင်းသွားသဖြင့် ကောင်းကောင်းမလင်း ။ ခပ်မှိန်မှိန်အလင်းရောင် နှင့် ကျောင်းလမ်းဘေးတွင် စိုက်ထူထားသော လမ်းမီးတိုင်မှိန်မှိန်များ အားကိုးဖြင့် ရှေ့ ကို ဖြည်းဖြည်းကြည့်သွားနေရသည်။
တစ်ချက်တချက် လေဝှေ့ တိုင်း သူမ ကျောထဲသို့ စိမ့်စိမ့်သွားက မေးများပင် တုန်ချင်သွားရသည်။
အခုရက်ပိုင်း ကျောင်းမှာ assignment တွေက များလွန်းသည်မို့ အနားယူချိန်ပင်မရှိ။ ဇယ်ဆတ်သလိုလုပ်နေရသည်။ အခုလည်း ကျောင်းက server မှာ assignment တချို့ ထပ်ဖို့ တချို့ assignment တွေအတွက် အင်တာနက်ကနေ စာရှာဖို ညဘက်ကြီး  သူမတစ်ယောက်တည်း ကျောင်းထဲကို ထွက်လာခြင်းဖြစ်သည်။  ညဘက်ကြီး တစ်ယောက်ထဲထွက်တာ အန္တရာယ်များတာတော့ သူမသိသည်။ ဒီအချိန်ကြီး သူမသူငယ်ချင်းတွေက မလိုက်ရဲကြ။ ပြီးတော့ သူမဘယ်သွားသွား လိုက်နေကျ ဇင်ဇင်ကလဲ နေမကောင်းဖြစ်နေတော့ ဆေးသောက်ပြီး စောစောအိပ်ယာဝင်သွားသဖြင့် သူမတစ်ယောက်ထဲပဲ ထွက်လာဖို့ သာ ဆုံးဖြတ်ရတော့သည်။ ပြီးတော့ နေ့ ပိုင်းကျ ကျောင်းက မီးမလာ။ မီးမလာတော့ မီးနဲ့ အလုပ်လုပ်ရသည့် ကျောင်းserver မှာ assignement က လုံးဝ ထပ်လို့ မရ။ dead line ကလဲနီးနေပြီ။ ဒါကြောင့် အခုလိုအချိန် မီးလာနေတဲ့အချိန်မျိုးမှာ အမြန်လာထပ်လိုက်ရင်တော့ ပူစရာမလိုတော့..။ ပြီးတော့ မြို့ ထဲက သူမသူငယ်ချင်းတချို့ ကလဲ ဒီည သူမ ကျောင်းထဲ လာမှာ သိသဖြင့် သူတို့ assignment ပါ ထပ်ပေးဖို့ ပြောပြီး ဖိုင်တွေ ပေးသွားသည်။ သိပ်ပြီးတော့လဲ မကြောက်တတ် ကတိလည်းတည်ချင် တာဝန်လည်း ကျေချင်သော သူမဟာ ကျောင်းထဲတစ်ယောက်ထဲသာ ထွက်ခဲ့တော့သည်။
"၀ုတ် ၀ုတ်....၀ုတ်..အူးဝူးဝူး...."
သူမ ကျောင်းမိန်းဆောင်အောက်ရောက်တော့ ခွေးတွေကလဲ စူးစူးဝါးဝါး ထိုးဟောင်ကြသဖြင့် သူမကို မှတ်မိစေရန် အသံပေးရသည်။
"ဟဲ့..ငါလေ..ငါ့ကို မမှတ်မိကြဘူးလား..အစုတ်ပလုတ်တွေ..."
သူမအသံကြားတော့မှ ခွေးတွေက ဟောင်တာရပ်သွားပြီး အမြီးတွေနန့် ပြကြသည်။
သူမလည်း laptop အိတ်ကို ဆိုင်ကယ်ခြင်းထဲကနေ ဆွဲယူပြီး ထိုင်နေကျ ထိုင်ခုံတန်းလေးဆီ လျောက်လာခဲ့သည်။ အင်တာနက် လာသုံးတာ သူမတစ်ယောက်တည်းတော့မဟုတ်..။ တချို့ မသိတဲ့သူတွေ(လေးငါးယောက်ခန့် ) ကိုပါ တွေ့ ရသည်။  သူမလဲ အဖက်လုပ်မနေတော့ဘဲ laptop ကို ဖွင့်ပြီး ထပ်ရမယ့် assignment တွေကို  ကျောင်းserver ပေါ် တင်ရသည်။ ပြီးတော့ သူငယ်ချင်း assignment တွေကိုပါ တင်ပေးသည်။ တင်စရာရှိတင်ပြီးသည်နှင့် ရေးလက်စ assignment  တချို့ ကို အင်တာနက် အားကိုးဖြင့် လုပ်ရသည်။ စာကြိုးစားသော သူမဟာ စာထဲအာရုံနစ်သွားသဖြင့် ဘယ်လောက်ကြာသွားသည်မသိ။ သူမ ပတ်ဝန်းကျင်ကို သတိထားမိချိန်တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်သာ ကျန်တော့သည်။ကောင်မလေးကို တော့ သူမ မျက်မှန်းတန်းမိသဖြင့် တတိယနှစ်က မှန်း သိသည်။ ဘေးက ကောင်လေးကိုတော့ သူမ မသိချေ။ ခါးတွေလဲတောင့် ခေါင်းတွေလည်း နည်းနည်းနောက်လာပြီမို့  ခဏ အညောင်းအညာပြေ လမ်းလျောက်ရသည်။ ကျောင်းလမ်းလေးတစ်လျောက် လမ်းလျောက်လာရင်း အခုခေတ် လူငယ်တစ်ယောက်ဖြစ်သော သူမဟာ ဖေ့ဘုတ်သုံးဖို့ မမေ့ပါချေ...။ လမ်းလျောက်ရင်း လျောက်ရင်း နှင့် newsfeeds ကို ပွတ်ကာ ဒီနေ့  သတင်းတွေကို ကြည့်နေမိသည်။
တချို့ သူငယ်ချင်းတွေ တင်ထားသော ပုံတွေက ရယ်ရသဖြင့် သူမ comment တွေ ပေးပြီး မိမိcomment ကို မိမိပြန်ရယ်နေမိသည်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတာမို့ သူမစိတ်ထဲ တမျိုးဖြစ်သွားပြီး ဖုန်းကနေ မျက်နှာကို ခွာလိုက်မိပြီး ပတ်ဝန်းကျင်ကို ကြည့်မိသည်။ လေသံ ၊ ပိုးကောင်တွေအသံ ဘာအသံမှကို မကြားရ။ သူမလျောက်လာခဲ့သည်မှာ မိန်းဆောင်နဲ့ တော်တော်ဝေးဝေး ကိုရောက်လာခဲ့ပြီ။ လမ်းမီးအနည်းငယ်မှအပ အမှောင်ရိပ်ကျနေသော နေရာဖြစ်သည်မို့ (ကြောက်တော့မကြောက်သော်လဲ) စိတ်ထဲတမျိုးကြီး ဖြစ်လာပြီး စောစောက သူမထိုင်နေရာ ခုံတန်းလေးရှိရာဆီ ပြန်လျောက်လာခဲ့သည်။
နားထဲမှာလဲ ကျောင်းကသရဲခြောက်သည့် အကြောင်းများကို ရုတ်တရက်တွေးမိကာ နဲနဲတော့ စိတ်အားငယ်သလိုဖြစ်လာပြီး..အမှောင်ထဲကနေ မြန်မြန်လွတ်အောင် ခြေလှမ်းကို ခပ်သွက်သွက် လှမ်းနေမိသည်။
စိတ်ဆိုတာကလည်း ခက်သည်။ ဒီအချိန်မှာမှ သူမဖတ်ဖူးထားသည့် သရဲတစ္ဆေအကြောင်းတွေကလဲ ခေါင်းထဲ အစီအရီပေါ်လာနေသည်။ အမှောင်ထဲမှ ပြန်လည် စူးစိုက်ကြည့်နေသော မျက်လုံးများ.....။ မိမိရပ်လိုက်လျှင် ခြေသံကြားရသည်များရပ်သွားပြီး..လမ်းလျောက်လျှင် နောက်မှ ကြားရသောခြေသံအကြောင်းများ..။
သူမသည် ခေါင်းကို မိန်းဆောင်ဘက်ပဲ ဦးတည်ထားကာ ဘေးဘီကို လုံးဝမကြည့်ဘဲ မြန်မြန်လျောက်နေမိသည်။
မိန်းဆောင်နဲ့ တဖြည်းဖြည်းနီးလာသော သူမသည် စောစောက ကောင်လေးနှင့် ကောင်မလေးကိုပင် မြင်နေရလေသည်။
သို့သော်သူတို့သည် ဘာတွေဖြစ်နေကြသည်လဲမသိ။ ကောင်မလေးသည် ပြေးရန် ကြိုးစားလျက်ရှိပြီး ကောင်လေးက ဆံပင်ကို လှမ်းဆွဲလိုက်သောကြောင့် မှောက်ခုံ လဲသွားသည်။ သူမလဲ ကြက်သေသေလျက်ရှိပြီး..ဘာလုပ်ရမယ်မှန်းမသိ..မြင်ကွင်းကို သတိလက်လွတ် ငေးကြည့်နေမိသည်။
ကောင်လေးသည် လဲကျသွားသော ကောင်မလေး၏ ခေါင်းအား အားဖြင့် နင်းပစ်လိုက်လေတော့သည်။ နင်းလိုက်သဖြင့်
"ဗျစ်" ကနဲ့ မြည်သွားသော အသံကို ဒီကပင် ကြားရလေသည်။ သူမလည်း အခုမှ သတိဝင်လာပြီး အနားက သစ်ပင်ရိပ်တွေထဲ အမြန်ဝင်ပုန်းလိုက်သည်။
ဘုရားရေ..ငါဘာလုပ်ရမလဲ...??
ဘာလို့ ကောင်လေးက ကောင်မလေးကို သတ်လိုက်တာလဲ..???
စောစောက ကောင်လေးသည် ခေါင်းပြားလျက်ရှိသော ကောင်မလေးအနားကနေ သူမ assignment လုပ်ရင်းဖွင့်ထားခဲ့သော laptop ဆီသို့ လျောက်သွားလေသည်။ ဘုရားရေ..သူမlaptop ထဲတွင် သူမဓာတ်ပုံများ၊ ဖုန်းနံပါတ်များ..ရှိသည်။ ကောင်လေးသည် သူမlaptopကို ကိုင်လျက်ရှိလေပြီ။
သူမ တဆတ်ဆတ်တုန်နေသော လက်များကို ငြိမ်အောင် ဆုတ်ကိုင်ထားမိသည်...??
စိတ်ကို တည်ငြိမ်အောင် လုပ်ရင်း သူမ ဒီအကြောင်းကို အနီးအနားက လူတွေကို ပြောဖို့ လိုသည်ဟု တွေးမိလေသည်။ အနီးအနားမှာကလဲ လူသူမနေကြ...။ သို့ သော် ဒီမိန်းဆောင်မှ အနည်းငယ်လျောက်သွားလိုက်လျှင် ဆရာဆရာမတွေ နေတဲ့အဆောင်တွေတော့ ရှိသည်။
သူမပြောတာကို ယုံဖို့  ယခုမြင်ကွင်းကို ဓာတ်ပုံရိုက်ထားဖို့  တွေးကာ ဖုန်းကို အသံပိတ်သည်။ ကင်မရာကို ဖွင့်ကာ zoom ချဲ့ ပြီး ဟိုကောင်လေးရှိရာကို လှမ်းရိုက်လိုက်သည်။
သို့ သော်......အမှောင်ထဲ ဓာတ်ပုံရိုက်လျှင် auto မီးပွင့်သွားတတ်သော ဖုန်းကင်မရာ အကြောင်း သူမသတိလွတ်သွားခဲ့သည်။
အမှောင်ကြီးထဲတွင် သူမ၏ ကင်မရာမီးရောင်က သိသိသာသာ ဖြတ်ကနဲ့ လင်းသွားခဲ့လေသည်။
စောစောက ကောင်လေးသည် ဆတ်ကနဲ့ သူမရှိရာဘက်ကို စူးစိုက်စွာ ကြည့်လေသည်။ ထို့ နောက် အနီးက ခုံအကျိုးမှ သစ်သားချောင်းကို ဆွဲယူလိုက်ပြီး သူမရှိရာနေရာသို့ တချက်ချင်း လျောက်လာလေသည်။
သူမလည်း....
(ဆက်ရန်)

ထိုကဲ့သို့လည်းWhere stories live. Discover now