အခန်း - (၂)

1.6K 36 0
                                    

(၂)
သူမလည်း သစ်ပင်များထဲမှ အမြန်ရုန်းထွက်သည်။  ပြီးတော့ ခြေဦးတည့်ရာကို ပြေးသည်။ သူမဆိုင်ကယ်က မိန်းဆောင်မှာ ကျန်ခဲ့ပြီမို့  ခြေထောက်များကိုသာ အားပြုပြေးရသည်။ သို့ သော် ပြေးနေရင်းနှင့် သူမဦးတည်ပြီး ပြေးနေသည်မှာ ပိုပြီးအမှောင်ကျတဲ့တောဘက်ကြီး ဖြစ်နေတာမို့  မှားပြီဟု တွေးမိပြီး ကျောင်းဝင်ပေါက်ရှိရာကို ခြေဦးတည်လိုက်သည်။ သို့ သော် သူမစိတ်ကူးကို သိနေသည့်အလား..ထိုကောင်လေးက သူမသွားမည့်လမ်းဘက်မှ ကြိုတင် ပိတ်ဆို့ ပြီး သူမဆီ ပြေးလာလျက်ရှိလေသည်။
သူမလည်း ရှေ့ ပြန်လှည့်ကာ အကူအညီရလိုရငြား ပြေးရင်း အော်ဟစ် အကူအညီတောင်းမိသည်။
"အမေရေ....ကယ်ပါ......ကယ်ကြပါဦး...လာကြပါဦး..ဒီမှာ...ကျွန်မကို သတ်တော့မှာမို့ လို့ ပါ...."
ထိုကောင်လေးက သူမအော်လိုက်သောအခါ ဒေါသထွက်သွားပြီး တုတ်ကို သူမဆီ လွှဲပစ်လိုက်လေသည်။ သူမလည်း ရုတ်တရက်မို့ လွတ်အောင်မရှောင်နိုင်။ တုတ်က သူမခါးဆီသို့ တည့်တည့်မှန်သည်။
"အား"
ချက်ကောင်းထိသွားသည်မို့  နာကျင်အောင့်မျက်ကာ  သူမ မှောက်ရက်လဲသွားရလေသည်။ မှောက်ရက်လဲရုံသာမက အရှိန်နှင့် ပြေးလာသည်မို့  မြေကြီးနှင့်ပင် တရွတ်တိုက်ဖြစ်သွားကာ ပွန်းပဲ့ ကုန် လေသည်။
ဟိုကောင်လေးသည် သူမလဲကျသွားသောအခါ သူမဆီသို့ ပိုမိုလျင်မြန်စွာ ပြေးလာသည်။ သူမလည်း စောစောက ခေါင်းပြားလျက်ရှိသော ကောင်မလေးကို မြင်ယောင်မိပြီး ကြောက်လန့် သွားကာ အလူးအလဲထသည်။ သို့ သော် နောက်ကျသွားချေပြီ။ ကောင်လေးသည် သူမနားသို့ ရောက်လာပြီး သူမဆံပင်ကို ဆွဲလိုက်လေသည်။ အားဖြင့်ဆွဲလိုက်သည်မို့  သူမသည် မတ်တပ်ရပ်နေရာမှ နောက်ပြန်လဲကျသွားရသည်...။  လဲကျသွားသည်နှင့် ဟိုကောင်လေးက သူမပေါ်မှ တက်ခွကာ လည်ပင်းညှစ်လေသည်။ သူမလည်း အလန့် တကြား သူမလည်ပင်းအားညှစ်ထားသည့် သန်မာသည့် လက်များကို ဆွဲဖယ်နေမိသည်။ တဖြည်းဖြည်း သူမမွန်းကြပ်လာသည်..။ နောက်ဆုံး လက်များကို ဘယ်လိုမှ ဆွဲဖြုတ်လို့ မရသဖြင့် အနီးအနားမှ ဆွဲမိဆွဲရာ သစ်ကိုင်းစဖြင့် ထိုကောင်လေး လက်အား ထိုးပစ်လိုက်သည်။
"အား...!!!"
သူမလည်ပင်းကို ညှစ်ထားသော လက်များ ပျော့သွားသည်နှင့် တပြိုင်နက် ထိုသူကို ဘယ်ကရလာမှန်းမသိသည့် အားများဖြင့် တွန်းပစ်ကာ သူမဆိုင်ကယ်ရှိရာကို ယိုင်တိယိုင်တိုင်ဖြင့် ပြေးလာခဲ့သည်။ ဆိုင်ကယ်သော့က ထိုင်ခုံတန်းမှာ တင်ထားခဲ့သဖြင့် ထိုင်ခုံဆီတခါ ပြေးရပြန်သည်။ laptop ကို အိတ်ထဲထည့် အိတ်ကိုကောက်လွယ်ပြီး သော့ကို ကောက်ယူသည်။ ထို့ နောက် ဆိုင်ကယ်ဆီ ပြေးသည်။ ဟိုလူ၏အရိပ်အယောင်ကို လုံးဝမမြင်ရတော့..။သူမလဲ ဆိုင်ကယ်ကို ၀ူးကနဲ့ မောင်းကာ ထွက်ခဲ့တော့သည်။
နောက်သို့ လှည့်ကြည့်လှည့်ကြည့်ဖြင့် သူမမောင်းနေမိသည်။ ယခုမှ ခွေးတွေ ဟောင်နေသောအသံကလည်း ဆူညံနေသည်။ လေတွေလဲ တိုက်နေသည်။
ကျောင်းထဲမှ ဆိုင်ကယ်ကို ၀ူးကနဲ့  ထွက်လာပြီး သူမအဆောင်ရှေ့ သို့ ရောက်သောအခါ ဆိုင်ကယ်ကို ရပ်..ပြီးတော့...ဒေါက်ပင်မထောက်နိုင် ဘဲ  တွန်းလှဲပစ်ခဲ့ပြီး အဆောင်ရှေ့ တံခါးကို တဖုန်းဖုန်းရိုက်ကာ ငိုယိုအော်ဟစ်နေမိသည်။
"တံခါးဖွင့်ပေးပါ...တံခါးဖွင့်ပေးပါ....အဟင့်အဟင့်....ရွှတ်...ဟဲ့..ဇင်...ငါ့ကို တံခါးဖွင့်ပေးကြပါ..ဖွင့်ပေးကြပါ.."
အရူးတစ်ယောက်လို အော်ဟစ်နေသောကြောင့် တဆောင်လုံးနီးပါးက ကောင်မလေးတွေ  ထွက်လာကြသည်။ တချို့ က သူမအား ဘာဖြစ်လာပါလိမ့်ဟု စိုးရိမ်နေကြဟန်ရှိပြီး တချို့ ကလဲ အိပ်ကောင်းတုန်းလာအော်နေသောကြောင့် ဒီဟာမ ဘာလဲဆိုသည့်အကြည့်ဖြင့် ကြည့်နေကြသည်။
"ဟယ်..ပွင့်ဖြူ...ဘာဖြစ်တာလဲ...သွေးတွေလဲရဲလို့ ...နင်ဘာဖြစ်လာတာလဲ.."
သူမသူငယ်ချင်းဇင်ဇင်က ကပျာကယာ တံခါးဖွင့်ပေးလိုက်သည်နှင့် တပြိုင်နက် သူမလဲ ဇင်ဇင်ကို ဖက်လိုက်မိပြီး အသံတုန်တုန်ကို ထိန်းပြီး ပြောရသည်။
"ဇင်...ဇင်ဇင်...ငါပြောတာသေချာနားထောင် ရဲစခန်းကို ဖုန်းခေါ်..ကျောင်းထဲမှာ တတိယနှစ်က...ကောင်မလေး.ကောင်မလေးတစ်ယောက် ကို လူတစ်ယောက်သတ်သွားတယ်...ရွှတ်...ဟင့်.."
ဒီအခါကျမှ အဆောင်သူတွေရော အဆောင်မှူးပါ အကုန် မျက်လုံးတွေ ပြူးကုန်သည်..
ဇင်ဇင်လည်း ပါးစပ်အဟောင်းသားဖြင့် သူမကို ပွေ့ ဖက်ကာ ကြောင်လျက်ရှိသည်။ အဆောင်မှူးအန်တီကတော့
"မဖြစ်ဘူး မဖြစ်ဘူး"ဟု ဆိုကာ ဖုန်းကို တတီတီနှိပ်ပြီး ဘယ်သူ့ ကိုမှန်းမသိဖုန်းခေါ်နေလေသည်။ သူမလဲ
ဘယ်သူလာတိုက်မှန်းမသိသည့် ရေတစ်ခွက်ကို အငမ်းမရသောက်ကာ...စိတ်ကိုဖြည်းဖြည်းငြိမ်လာအောင် လုပ်ယူရသည်...။ မောလွန်းသဖြင့် ပေါက်ထွက်မတွက် နာကျင်နေသော ရင်ဘတ်ကို ဖိထားပြီး အသက်ကို ၀အောင် မနည်းရှူနေရသည်။ ပွန်းပဲ့ဒဏ်ရာများ၊ ဟိုလူ့ လက်မှ စီးကျခဲ့သော သွေးများကြောင့် သူမအကျီ င်္အဖြူလေးမှာ သွေးများရဲစိုနေသည့်အပြင် ပွန်းပဲ့ ဒဏ်ရာများကြောင့် တကိုယ်လုံး စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။
ခဏအကြာတွင် လူကြီးများရောက်လာကြပြီး တချို့မှာ တုတ်ဓားများ ဓာတ်မီးများ ကိုင်ဆောင်ထားကြလေသည်။ လူကြီးတစ်ယောက်က အဆောင်မှူးနှင့် စကားခဏပြောပြီးနောက် သူမဆီ လျှောက်လာကာ..
"သမီး..ဘယ်လိုဖြစ်တာလဲ ဦးတို့ ကို ပြော...အခုလိုက်သွားမယ်..အဲ့ဒီကို"
သူမလည်း စိတ်နဲနဲငြိမ်သွားပြီဖြစ်တော့ကြောင့် အသံမတုန်တတုန်ဖြင့် ထိန်းကာ အကြောင်းစုံကို ပြောပြရသည်။ထိုလူက ခေါင်းတဆတ်ဆတ်ငြိမ့်နားထောင်ပြီး..သူမစကားဆုံးသည်နှင့်
"ကဲ ငါတို့ မိန်းဆောင်ကို သွားကြာမယ်..လူသတ်သမားလက်မှာဒဏ်ရာရထားတယ်..လိုက်ရှာကြမယ်..သွားစို့ "
လူအုပ်ကြီး ကျောင်းထဲသို့ သွားပုံမှာ ကြမ်းတမ်းလှသည်။ တချို့ က ဒေါသထွက်လျက် တောက်တခေါက်ခေါက်ဖြင့် သွားကြသည်။ သူမလည်း သူမကို ဖေးမကာ အိပ်ခန်းထဲ ခေါ်ဆောင်လာသော ဇင်ဇင်အား မှီထားမိရင်း လိုက်သွားမိသည်။ အခန်းထဲတွင် ဇင်ဇင်က သူမကို ခဏလဲလျောင်းထားစေပြီး ဒဏ်ရာများကို ဆေးကြောရန်၊ ဆေးထည့်ရန် ရေများ၊ပတ်တီးများ သွားယူသည်။ြ့ပီးတော့ သူမကို ဆေးထည့်ပေးသည်။ ဆေးထည့်ပြီးခါနီးတွင် အဆောင်ရှေ့ မှ အော်ဟစ်လိုက်သော အသံကြောင့် သူမဆတ်ကနဲ့ ပင် တုန်သွားမိသည်။
"ဟေ့ ဟိုကလေးမ  ...ခဏထွက်ခဲ့စမ်း"
"သမီး ပွင့်ဖြူ ခဏဆင်းခဲ့ဦး..."
အဆောင်မှူးလဲ အော်ခေါ်နေသဖြင့် သူမက အပြင်ထွက်ရန် ပြင်ရသည်။ဇင်ဇင်က ပြတင်းပေါက်မှ ချောင်းကြည့်ကာ
"စောစောကလူတွေ ပြန်လာကြပြီ....ပွင့်ဖြူ..." 
သူမလည်း အ၀တ်အစားများဝတ်လိုက်ပြီး အဆောင်ရှေ့ သို့ ထွက်လာခဲ့သည်။
"ကလေးမ နင်ပြောတဲ့ လူသတ်သမားက ဘယ်ကောင်မလေးကို သတ်သွားသလဲ နင်သိလား"
"ရှင် ကျွန်မမသိဘူး..အဲ...မဟုတ်ဘူး ကျွန်မပြောချင်တာ ကျွန်မသူ့ ကို တတိယနှစ်ကမှန်းတော့ သိတယ်..ဒါပေမယ့် သူ့ နာမည်ကို မသိဘူး......အဲ့ကောင်မလေး...သူ..သူ...သေသွားပြီမလားဟင်"
သူမသည် အဖြေကို ကြိုသိလင့်ကစား... ၇ူးမိုက်စွာ မေးမိလေသည်။
"..."
လူကြီးက ဘာဖြေရမှန်းမသိဖြစ်နေဟန်ရှိလေသည်။ သူမလည်း နားမလည်စွာ မေးမိသည်။
"ဟင် သေသွားပြီလားဟင်..လူသတ်သမားရောဟင်...ဖမ်းမိကြလားဟင်"
ဘေးမှ အသက်ကြီးကြီး လူကြီးတစ်ယောက်က သူမအား စိတ်ကုန်စွာကြည့်ပြီး..
"အဲ့ဒီမှာ ဘာအလောင်းမှလဲ မရှိဘူး..ဘာလူသတ်သမားမှလဲ မရှိဘူး...ဖုန်းတစ်လုံး ကျနေတာပဲတွေ့ တယ်..ကိုထူးကျော် ဘာငိုင်နေတာလဲ ပြလိုက်ဖုန်းကို သူ့ ဖုန်းဟုတ်မဟုတ်"
ကိုထူးကျော်မှာ သူမအား စိတ်မသက်မသာစွာ ကြည့်ုလိုက်ပြီး ဖုန်းကို ထုတ်ပြလေသည်။
ဟင်....ဒါ သူမဖုန်း..။
"အဲ့ဒါ ကျွန်မဖုန်းပဲ..."
သူမက ဖုန်းကို ဆွဲယူလိုက်သည်။ စောစောက အသက်ကြီးကြီးလူက
"ကဲ ဟို ကလေးမ နင်လူသတ်သမားတွေ့ တာရော သေချာလား...အဲ့ဒီမိန်းဆောင်မှာ ဘာမှကို မရှိဘူး..နင်တော့ အိပ်ရေးပျက်များနေပြီထင်တယ်.."
တခါတလေကျ ပြောလိုက်သည့်စကားက ရှင်းသော်လည်း နားမလည်လိုက်သည့်အခါမျိုးရှိပါသည်။
သူမလဲ  ပါးစပ်အဟောင်းသားဖြင့် ထိုလူကြီးကို ငေးကြည့်နေမိသည်။ ဘာမှမရှိဘူးတဲ့လား...။ စောစောက သူမ ရှေ့ မှာပင် ရက်ရက်စက်စက်သတ်သွားသည်။ ထို့အပြင်သူမကိုလဲ သတ်ဖို လုပ်သွားသည်လေ...။
အသက်ကြီးကြီး လူကြီးက စိတ်မရှည်စွာဖြင့်
"ဟဲ့(....)မ...နင်ခေါင်းကောင်းသေးရဲ့ လား..ဘာကိစ္စငိုင်နေတာလဲ......ပြောလေ..ငါတို့ မေးနေတာ ဖြေလေ.."
သူမသည် မခံမရပ်နိုင်ဖြစ်ကာ (ဆဲလိုက်သောကြောင့်လဲပါသည်)
"ကျွန်မမရူးဘူး....ကျွန်မ ဖုန်းထဲမှာ ဓာတ်ပုံရိုက်ထားတယ်...ဒီမှာ" ဟု အော်ဟစ်ပစ်လိုက်သည်။ ထို့ နောက် သူမဖုန်းထဲတွင် ရိုက်ထားခဲ့သော ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ကာ စောစောက ရိုက်ခဲ့သော ပုံကို ပြဖို့ လိုက်ရှာသည်...။
ဘုရားရေ....သူမဖုန်းထဲတွင် ဓာတ်ပုံတစ်ပုံမှ မရှိတော့ချေ.....။

ဆက်ရန်.....

ထိုကဲ့သို့လည်းWhere stories live. Discover now