အခန်း - (၆)

370 30 0
                                    

(၆)
စာမရီနှင့် ပွင့်ဖြူသည် သစ်ပင်အကွယ်မှ နေပြီး လှမ်းမြင်နေရသော အိမ်ပျက်ကြီးအား ကြည့်နေကြလေသည်။
"ဒီအိမ်ထဲမှာလား.."
ပွင့်ဖြူအမေးကို စာမရီက ခေါင်းငြိမ့်ပြသည်။ ပွင့်ဖြူသည် သစ်ကိုင်းခြောက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ထိုသစ်လုံးအိမ်ကလေးဆီသို့ လျှောက်လာခဲ့လေသည်။
လူဆိုသည်မှာ သေရမှာ အကြောက်ဆုံး သူများဖြစ်သည်။ ဒါပေမယ့် သေရဲနေသောအခါတွင်တော့ လူဟာ ဘာကိုမှ မကြောက်တော့ချေ။ ဘာဖြစ်ဖြစ် ရင်ဆိုင်ရဲသွားလေသည်။ ပွင့်ဖြူသည်လည်း သေမထူးနေမထူးစိတ်ဓာတ်ထားလိုက်သော အခါ  သိပ်ကြီးကြောက်မနေတော့ချေ။
အိမ်ပျက်ကြီး သည် တောအုပ်အလယ်တွင် သစ်ရိပ်မရှိ ၀ါးရိပ်မရှိဖြင့် ထီးထီးကြီး ရှိနေသည်။ နှစ်ထပ်တိုက်ဖြစ်ပြီး လူမနေဘဲ စွန့် ပစ်သွားဟန်ဖြင့် အိမ်ကြီးသည် ပျက်စီးယိုယွင်းနေသည်။ တချို့ ပြတင်းပေါက်မှန်များသည် ကွဲလျက်ရှိပြီး တချို့ ပြတင်းပေါက်များတွင် ပြတင်းပေါက်တံခါးမရှိတော့ချေ။
ပွင့်ဖြူသည် အိမ်ကြီးကို ကြည့်ရင် ခြံဝင်းထဲ ၀င်ခဲ့လေသည်။ စာမရီကလည်း ဘေးကနေ လျှောက်လိုက်လာသည်။
အိမ်ဝင်းထဲတွင် ပစ္စည်းအပျက်များဖြင့် ပွထနေသည်။ ထိုင်ခုံအကျိုးများ၊ ပိုးလိုးပက်လက်ဖြစ်နေသော စားပွဲများ....၊ ရေမလောင်းသဖြင့် ခြောက်သွေ့ နေသော သစ်ပင်ပန်းပင်များ.......။
သူမတို့ သည် ထိုအရာများကို ဖြတ်ကျော်လာခဲ့ကာ အိမ်တံခါးရှေ့ သို့ ရောက်သော် စာမရီကို တစ်ချက်ကြည့်ပြီးး တံခါးကို အသာ တွန်းကြည့်လိုက်သည်။ သော့မခတ်ထားသောကြောင့် တံခါးက တွန်းလိုက်သည်နှင့် ပွင့်သွားလေသည်။
"ကျွီ......."
ပွင့်ဖြူသည် သစ်ကိုင်းခြောက်ကို တင်းတင်းဆုပ်ကိုင်ကာ ၀င်လာခဲ့သည်။
အိမ်ထဲတွင် အရာအားလုံး ဖရိုဖရဲဖြစ်နေသည်။
ကွဲကြေနေသော ပန်းကန်စ၊ ဖန်ကွဲစများ..။ လဲနေသော ဗီဒို၊ ခြေထောက်ကျိုးနေသဖြင့် စောင်းနေသော စားပွဲဝိုင်း..။ အလှချိတ်ဆွဲထားသော ဓားများ..တချို့ ဓားများမှာ မရှိတော့..။ အခင်းတချို့ ကျိုးနေသော ကုတင်ကြီးတစ်ခု...။
တချို့ နေရာများတွင် ....
"ဘုန်း"
တစ်ခုခုကျသွားသည့် အသံကို ကြားလိုက်ရတာမို့  ပွင့်ဖြူ နောက်ကို လှည့်ကြည့်လိုက်မိသည်။
စာမရီမရှိတော့ချေ...။ မိန်းကလေးတစ်ယောက်သာ ပုံလဲကျလျက်ရှိလေသည်။ ဟင် ခက်ခက် ပါလား။
"ခက်ခက်...ခက်ခက်"
သူမလည်း ဘယ်ကရောက်လာမှန်းမသိသည့် ခက်ခက်ကို ပြေးပြီး ပွေ့ လိုက်သည်။ ခက်ခက်က သတိလစ်နေဟန်ရှိနေသည်။ ထို့ နောက် ဘေးဘီဝဲယာကို လှည့်ပြီး ပျောက်သွားသည့် စာမရီကို ရှာဖွေမိသည်။
"စာမရီ..မင်းဘယ်ရောက်သွားတာလဲ"
"ဘုတ်" ဖြတ်ကနဲ့  အိမ်ရှေ့မှာ တစ်ခုခု ပစ်ချလိုက်သည့်အသံကြားလိုက်သောကြောင့် ပွင့်ဖြူသည် ဖုန်းမီးကို ပိတ်ကာ ခက်ခက်ကို မနိုင်မနင်းနှင့် ဆွဲပြီး အနီးမှကုတင်အောက်ထဲ တွန်းပို့ လိုက်သည်။ ထို့ နောက် ပြတင်းပေါက်မှတဆင့် အိမ်ရှေ့ကို ချောင်းကြည့်လိုက်သည်။
ကောင်လေး(လူသတ်သမား)။ ထိုကောင်လေးသည် အထုတ်ကြီးတစ်ထုပ်ကို အိမ်ထဲသို့  ဆွဲယူလာလေသည်။ သို့ သော်အထုတ်ထဲမှ တစုံတရာက လှုပ်ပြီး တအားရုန်းနေသဖြင့် ဆွဲယူလို့ မရဘဲ ဖြစ်နေလေသည်။ ထိုအခါ သူသည် တအား ဒေါသထွက်ပြီး အနားတွင် ထားထားသော ဓားဖြင့် အားရပါးရ ခုတ်ပစ်လိုက်လေသည်။ ထိုအထုပ်ထဲမှ သွေးများစီးကျလာပြီး လှုပ်နေသော အရာလည်း ငြိမ်သွားတော့သည်။
ပွင့်ဖြူသည် အသာ ခေါင်းပြန်ငုံ့ လိုက်သည်။ လူသတ်သမားကို သူမတစ်ယောက်ထဲနှင့် ဘယ်လိုမှ ရင်ဆိုင်နိုင်မည်မဟုတ်ချေ..။ ခက်တာက ခက်ခက်ကဘယ်ကနေရောက်လာမှန်းမသိ ရောက်လာပြီး စာမရီ က ဘယ်ပျောက်သွားမှန်းမသိတာ ဖြစ်သည်။
ပွင့်ဖြူသည် ခေါင်းထဲတွင် ဖြတ်ကနဲ့ တွေးကာ အမြန်စဉ်းစားလိုက်သည်။
Xxxxxxxxxxxxxxxx
လူသတ်သမားသည် ခုတ်လို့ အားရသော အခါ နဖူးမှ ချွေးများ နှင့်ရောနေသည့် သွေးများကို လက်မောင်းဖြင့် ပွတ်ကာ သုတ် လိုက်သည်။
ထို့ နောက် ဓားကို ချွင်ကနဲ့ ပစ်ချလိုက်ကာ အိမ်ထဲဝင်လာလေသည်။
သို့သော် အိမ်ထဲသို့ ခြေတလှမ်း လှမ်းရုံရှိသေးသည်။ ပွင့်ဖြူသည် တံခါးအကွယ်မှ ခေါင်းကို သစ်ကိုင်းခြောက်ဖြင့် အားရပါရရိုက်ထည့်လိုက်သည်။ လူသတ်သမားသည် ခေါင်းကိုင်ကာ တချက်ယိုင်သွားချိန်တွင်ပွင့်ဖြူသည် နောက်တချက် ခေါင်းကို ရိုက်ထည့်လိုက်ရာ လူသတ်သမားသည် နောက်ပြန် လဲကျသွားလေသည်။  ပွင့်ဖြူလည်း လူသတ်သမားလဲသွားသည်နှင့် ကုတင်အောက်မှ ခက်ခက်ကို အမြန်ဆွဲထုတ်သည်။ ခက်ခက်ကို ဆွဲပြီး နောက်ဖေးတံခါးကနေထွက်သည်။
"အင်း..."
ခက်ခက်ဆီမှ ညည်းသံသဲ့သဲ့ကြားလိုက်ရသလိုရှိသော်လည်း ပွင့်ဖြူသည် မကြည့်နိုင်အားဘဲ ခက်ခက်ကို ဆွဲကာ ပျက်နေသော ခြံစည်းရိုးမှတဆင့် အိမ်အပြင်ကို ဆွဲသွားသည်။ တချက်နောက်လှည့်ကြည့်မိသည်။ ဘယ်သူမှမရှိ...။
ပွင့်ဖြူလည်း စိတ်အေးသွားကာ ခြုံအကွယ်တစ်ခုသို့ ဝင်လိုက်ပြီး ခက်ခက်ကို မှောင်မဲကြီးထဲတွင် အသက်ရှူမရှူ စစ်ကြည့်ရသည်။ ခက်ခက်ဆီမှ ညည်းသံ တချက်ထွက်လာသဖြင့် ခက်ခက်ပါးကို ပုတ်ကြည့်သည်။
"ခက်ခက် ...ခက်ခက် "
သို့ သော် ညည်းသံသာ ကြားရပြီး ခက်ခက်သည် သတိမရသေး....။ သူမလည်း ပါးကို ပုတ်ကာ ထပ်နိုးကြည့်မိသည်။ ထို့ နောက် ဘယ်လိုဖြစ်သွားသည်မသိ ပွင့်ဖြူခေါင်းမှ စစ်ကနဲ့ ဖြစ်သွားပြီး လောကကြီးနဲ့ အဆက်ပြတ်သွားလေသည်။
xxxxxxxxxxxxxxxxxx
"ဟင်..."
ပွင့်ဖြူသည် မီးရောင်များကြောင့် မျက်လုံးစူးသွားကာ မျက်လုံးပြန်မှိတ်လိုက်ရသည်။ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မျက်လုံးကို ကျင့်သားရအောင် လုပ်ရသည်။
သူမ ဘယ်လောက်တောင် မေ့သွားခဲ့သည်လဲ။ခေါင်းကလဲ တဆစ်ဆစ် နာနေသည်။ ပတ်ဝန်းကျင်ကို သေချာမြင်ရတော့မှ သူမကိုယ် သူမ ပြန်ကြည့်မိသည်။
သူမတကိုယ်လုံးကို အ၀တ်ဖြင့် စည်းနှောင်ထားလေသည်။ ပွင့်ဖြူရုန်းကြည့်သည်။ ရုန်းလို့ မရ..ဘယ်လောက်ကြာကြာ စည်းထားသည်လဲ မသိ။ သူမတစ်ကိုယ်လုံး သွေးမလျှောက်တော့ဘဲ ထုံတုံတုံကြီးဖြစ်နေသည်။ ပွင့်ဖြူသည် လဲနေရာမှ  ခက်ခက်ခဲခဲ ထိုင်လျက်အနေအထားဖြစ်အောင် ပြင်ရသည်။
ထိုင်ရက်ဖြစ်သွားတော့မှ သူမသည် အိမ်ပျက်ကြီးထဲ ပြန်ရောက်နေသည်ကို သိသွားလေသည်။
"မင်းနိုးလာပြီလား.."
သူမရှေ သို့ ရေနွေးခွက်ကို ကိုင်ကာ ၀င်လာရင်း မေးလိုက်သော လူသတ်သမားအသံကြောင့် ပွင့်ဖြူ ဆတ်ကနဲ့ ဖြစ်သွားသည်။ လူသတ်သမားသည် ပွင့်ဖြူလက်ချက်ကြောင့် သွေးထွက်နေဟန်ရှိသော ခေါင်းမှ ဒဏ်ရာကို အ၀တ်စစည်းထားရလေသည်။ ပွင့်ဖြူသည် ဘာမှမပြောဘဲ ရုပ်တည်ကြီးဖြင့် ရှေ့ ကိုသာ ကြည့်ပြီး ဂရုမစိုက်သည့် ပုံစံမျိုး နေထားလိုက်သည်။
လူသတ်သမားက ပြုံးသည်။  ထို့ နောက်  ဘာမှမပြောတော့ဘဲ ပွင့်ဖြူကို တစိမ့်စိမ့်ကြည့်ကာ ရေနွေးကို တဖူးဖူးမှုတ်သောက်လိုက် အေးအေးဆေးဆေးလုပ်နေလေသည်။
အချိန်အကြာကြီး သူမနှင့် လူသတ်သမားသည် စကားမပြောကြ...။
နောက်ဆုံးတွင် လူသတ်သမားသည် မနေနိုင်တော့ဘဲ ပွင့်ဖြူဆီ ၀ုန်းကနဲ့ ရောက်လာကာ ပွင့်ဖြူ မေးကို ကိုင်ပြီး သူ့ ဘက်ကို ဆွဲလှည့်သည်။ ပွင့် ဖြူလည်း ရုန်းလို့ မရသဖြင့် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး လူသတ်သမား မျက်လုံးထဲသို့  တည့်တည့်ပြန်ကြည့်လိုက်သည်။
"မင်းငါ့ကို ဘာလို့ ဓာတ်ပုံရိုက်တာလဲ ဟင်"
ပွင့်ဖြူပြန်မဖြေချေ။
"အခုရောက်နေတာ ဘယ်နေရာလဲရော မင်းသိလား "
ပွင့်ဖြူက ဘာမှမပြောဘဲ နေမည်လုပ်ထားသော်လည်း စိတ်ပြောင်းသွားပြီး မျက်နှာကို လူသတ်သမား မျက်နှာနားကပ်လိုက်ပြီး
"ဂရုမစိုက်ဘူး..."
ဟု အေးစက်စက် ပြန်ပြောလိုက်လေသည်။ထူးဆန်းစွာပင် ဒီတခါတွင်တော့  လူသတ်သမား ရှေ့ ရောက်နေသော်လည်း ပွင့်ဖြူ နည်းနည်း မှမကြောက်မိချေ...။
လူသတ်သမားက ရယ်ချင်သွားသည့် ပုံစံဖြင့် ပြုံးစိစိဖြစ်သွားလေသည်။ ပြီးတော့ မတ်တပ်ရပ်ကာ အပေါ်မော့ပြီး တဟားဟားအော်ရယ်လေသည်။ ပြီးတော့ ရိတိတိ အပြုံးဖြင့်..
"ကြိုက်သွားပြီ  မင်းကိုတော့..တော်တော်ကြိုက်သွားပြီ။"
ပွင့်ဖြူလည်း မရယ်မပြုံးဖြင့် စူးစူးရှရှ ကြည့်ပြီး...
"ရှင် ကျွန်မကို ပိုကြိုက်လာလိမ့်မယ်.." ဟု ပြန်ပြောလေသည်။ ထို့ နောက်
"ရှင် စာမရီ့ ကို ဘာလို့ သတ်တာလဲ"
သူ့ မျက်နှာက ဖြတ်ကနဲ့ တည်သွားသည်။ ပွင့်ဖြူကလဲ ဆက်ပြီး
"ပြီးတော့ ရှင်ဘယ်သူလဲ...ဘာလို့ ဒီမှာလာနေနေတာလဲ"
သူက ဘာမှမပြောဘဲ ပွင့်ဖြူရှေ့  တစ်တောင်အကွာတွင် တင်ပလင် ခွေထိုင်ချလိုက်သည်။ ထို့ နောက် ပွင့်ဖြူကို ကြည့်လေသည်။
"အပြစ်မရှိတဲ့ သနားစရာကောင်းတဲ့ စာမရီကို ရှင်သတ်တာ လွန်လွန်းအားကြီးတယ်..သူ့ ဘ၀ကြီးက.....သူ့ဘဝကြီးက....အခုတောင်  စိတ်ဆင်းရဲစရာတွေကြီးပဲ...ဒါကိုတောင် ရှင်က မညှာမတာ သတ်ပစ်ခဲ့တယ်..ရှင်က တကယ်ကို ရက်စက်လွန်းတဲ့သူ....."
ပွင့်ဖြူသည် မျက်ရည်များဝဲလျက် သူ့ ကို စူးစိုက်ကြည့်ကာ တစ်လုံးချင်း ပြောနေလေသည်။
သူက ဘာမှပြန်မပြော။
သူတို့နှစ်ယောက်ကြားတိတ်ဆိတ်သွားပြန်သည်။
သူကစိုက်ကြည့်နေသဖြင့် ပွင့်ဖြူလဲ တန်ပြန်ကြည့်နေမိသည်။
နှာတံပေါ်ပေါ်....
မျက်ခုံးနက်နက်များ..
မျက်ရစ်မရှိသော ဗာဒံစေ့ပုံစံ မျက်ဝန်းးရှည်ရှည်များ..
စိမ်းစိုနေသော နှုတ်ခမ်းမွေး ရေးရေးများ...
ပိပိရိရိနှင့် မသိမသာ တဆတ်ဆတ်တုန်နေပြီး နီရဲနေသော နှုတ်ခမ်းများ..
သူသည် ပွင့်ဖြူကို တမျိုးသောမျက်ဝန်းများဖြင့် အတန်ကြာကြီး ငေးစိုက်ကြည့်နေသဖြင့် ပွင့်ဖြူသည် တစ်မျိုးကြီးဖြစ်လာလေသည်။
(ယောက်ျားတစ်ယောက်ကို အနီးကပ်ကြီး ဒီလောက်အကြာကြီး မကြည့်ဖူးသောကြောင့်လည်း ဖြစ်နိုင်သည်။)
သူ့ မျက်ဝန်းသည် အလွန်တောက်ပကြည်လင်နေလေသည်။ ပြီးတော့..ပြီးတော့.....ပွင့်ဖြူ မသိချေ......။
ပွင့်ဖြူမျက်နှာလွှဲလိုက်မိသည်။
ဆက်ရန်...
နောက်တပိုင်းမှာ ဇာတ်သိမ်းပိုင်းဖြစ်ပါသည်၊

ထိုကဲ့သို့လည်းWhere stories live. Discover now