အခန်း - (၇)

1.3K 47 3
                                    

(၇)****ဇာတ်သိမ်းပိုင်း****
သူက အကြည့်လွှဲသွားသော ပွင့်ဖြူကို ကြည့်ရင်း
"ကောင်မလေး..."
ဟုခေါ်လိုက်ရာ ပွင့်ဖြူက သူ့ ကို ပြန်ကြည့်လိုက်သည်။
"ငါငယ်ငယ်တုန်းကပေါ့...ငါအမြဲတမ်း အဖေ့ ကို နားမလည်ဘူး သူက ငါ့ကို အမြဲ အရူးမသားလို့ အမြဲပြောတယ်...ငါ့ကိုလည်း အမြဲအပြစ်တင်တယ်..ဥာဏ်မမီဘူး...စသဖြင့် အမြဲအပြစ်တင်တယ်...ငါ့အမေကတော့ အဖေအဲ့လိုပြောပြီး ရိုက်နှက်ရင်လည်း ဘာမှပြန်မပြောရှာဘူး သူ့ ဘာသူ ငြိမ်ငြိမ်လေးဘဲ ကုတင်ပေါ် ကွေးနေလေ့ရှိတယ်..ရပ်ကွက်ထဲက ကလေးတွေဆို ငါအဖေကို ကြောက်ကြလို့ ဘယ်သူမှ လဲ ငါနဲ့ မဆော့ရဲကြဘူး ငါနဲ့ ဆော့ဖော်ဆိုလို့ အမေပဲ ရှိတယ်...တရက် ငါ့အမေက ငါ့ကို ခေါ်တယ်...သား...တဲ့...မင်းအမေစိတ်ဆင်းရဲနေတာကို ကြည့်ရက်သလားတဲ့..ငါမကြည့်ရက်ဘူး ဒီတော့ မကြည့်ရက်ဘူးလို့ ပြောလိုက်တယ်.......ဒီတော့ ငါ့အမေက အံဆွဲထဲကနေ ဓားတစ်လက်ထုတ်ပေးတယ်..သူ့ ကို သတ်ပေးပါတဲ့..ငါမသတ်ရက်ဘူး...အမေက ငါ့ကို ငိုပြီးတောင်းပန်တယ်..သူစိတ်ဆင်းရဲလွန်းလို့  သူ့ ကို သတ်ပေးပါတဲ့..သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာတဲ့...ငါ..ငါ..နောက်ဆုံးကျတော့..သူ့ ကို သနားလွန်းတာနဲ့ ငါ ဓားနဲ့ ထိုးပြီး ..ထိုးပြီး...သတ်ပေးလိုက်တယ်...ငါချစ်လွန်းတဲ့သူတွေကို ငါမခံစားစေချင်ဘူး.."
ပွင့်ဖြူသည် သူပြောနေသောစကားကို ဂြိုလ်သားစကားတွေလို အကြောင်သားနားထောင်နေမိသည်။
သူက မျက်ရည်များစို့ လာလျက်..
"မင်းပြောတာ မှန်ပါတယ်..စာမရီ ဘ၀က အရမ်းသနားဖို့ ကောင်းတယ်..သူငယ်ငယ်ကတည်းက မိဘတွေ ဆိုတာကို မြင်တောင်မမြင်ဖူးဘူး... ပြီးတော့ မေတ္တာမရခဲ့တဲ့အပြင် သူ့ အဒေါ်ကလည်း သူ့ ကို မညှာဘူး...အမြဲ နှိပ်စက်တယ်...သူ့ သားသမီးတွေနဲ့ တန်းတူမထားဘဲ အိမ်စေသာသာပဲ ထားထားတယ်...ကျောင်းတောင် ထုတ်ပစ်တော့မလို့ ပဲ ဒါပေမယ့် ရပ်ကွက်ထဲက သားသမီးချင်းစာနာတဲ့ မမြင်ရက်တဲ့သူတချို့ က သူ့ ကျောင်းစရိတ်တာဝန်ကို ယူလိုက်မှပဲ သူ့ မှာ ကျောင်းတက်ရရှာတယ်...အခု သူ့ အိမ်က အကြွေးတွေ ပတ်လည်ဝိုင်းနေတယ်..ဒီတော့ သူ့ အဒေါ်က အဒေါ်ကလည်း ငွေတမျက်နှာတည်းကြည့်ပြီး သူ့ ကို အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့  ပေးစားဖို့ ကြံစည်ထားတယ်... အဟင့်အဟင့်  ဒီသူတော်ကောင်းမကလဲ မငြင်းဘူး..... ကျေးဇူးတွေထောက်ပြီး လက်ခံတယ်တဲ့.... သူကျောင်းထွက်တော့မယ်လို့ ငါ့ကိုပြောတယ်......ပြီးတော့ သူငါနဲ့ လမ်းခွဲတယ်....."
ပွင့်ဖြူသည် စာမရီအကြောင်းကို သိနေသော သူ့ အား အံ့သြသွားလေသည်။
"ဒါတွေသိနေတာတောင် ရှင်ဘာလို့ သူ့ ကို သတ်ခဲ့တာလဲ"
"သူ့ ကို သနားလွန်းလို့  ကိုယ်သတ်ခဲ့တာ..."
"ဘာရယ်..."
ပွင့်ဖြူသည် သူပြောသောစကားက ရှင်းနေသော်လည်း မျက်စိလည်ထွက်သွားသည်။
သူက မျက်ရည်များ ကျလာကာ ရုပ်ပျက်ဆင်းပျက်ငိုပြီး
"သူ့ ဘ၀က အရှင်လတ်လတ် ငရဲကျနေခဲ့ပြီမဟုတ်ဘူးလားဟာ.....ပြီးတော့ သူကငါနဲနောက်ဆုံးတခေါက့် ချိန်းတွေ့ ရင်း ငါ့ကို ပြောတယ်..သူဒီစိတ်ညစ်စရာတွေ မခံစားချင်တော့ဘူးတဲ့ ငိုပြီးပြောတယ်...ငါသူ့ ကို သနားလွန်းလို့ ဖက်ထားမိတယ်......ငါသူ့ ကို တအားချစ်တယ်..သူ့ ကို ဒီအဖြစ်ဆိုးတွေနဲ့ မကြုံစေချင်ဘူး.....တကယ်ပါ ငါတတ်နိုင်ခဲ့ရင် သူ့ ကို စိတ်ချမ်းသာတဲ့နေရာမှာ ပြည့်ပြည့်စုံစုံ မကြောင့်မကျ နဲ့ ထားချင်တယ်..ဒါပေမယ့် ငါ...ငါတတ်နိုင်တာလဲ ဘာမှမရှိဘူး....ဟာ...
အဟင့်အဟင့်....သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာတဲ့....ငါ့အမေက အမြဲပြောတယ်.....
သူ့ ကို ငါအရမ်းချစ်တယ်.....သူ့အတွက် ငါဘာမဆို လုပ်နိုင်တယ်...ငါလုပ်နိုင်တာကို ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်...ငါလဲသူ့ ကို ....သူ့ ကို "
ပွင့်ဖြူက ခေါင်းကို ခါယမ်းပြီး  သူ့ ကို ခြေထောက်ဖြင့် ကန်ပစ်ကာ အော်ပစ်လိုက်သည်။
"ရှင် သူ့ ကို အဲ့ဒါနဲ့ ပဲ သတ်ပစ်လိုက်တယ်ပေါ့ ဟုတ်လား..ဟင်..ဟင်...ခေါင်းကို အဲ့လိုနင်းပြီး သတ်ပစ်လိုက်တယ်ပေါ့....ရှင်ဒီလိုသတ်တာကမှ သူ့ ကို ပိုနာကျင်စေမယ်ဆိုတာ ရှင်မသိဘူးလား.."
သူက ခေါင်းငုံ့ ခံပြီး အားရပါးရ ငိုနေကာ သူမကို ပြောလေသည်။
"ငါမသိဘူး..ငါသိတာ သူစိတ်မဆင်းရဲဖို့ ဘဲ.....သူစိတ်ချမ်းသာဖို့ ငါလုပ်ခဲ့တာပါ.."
ဘုရား...ဘုရား...ပွင့်ဖြူရှေ့ မှာ ရှိနေသော သူသည် တကယ်တမ်းတော့ လူသတ်သမားမဟုတ်ဘဲ စိတ်ရောဂါရနေသော သူတစ်ယောက်ဖြစ်နေလေသည်။ ပုံမှန်လူတစ်ယောက်သည် သနားရုံမျှနှင့် ထို့ သို့ မလုပ်ချေ....။
သူသည် ငိုနေရင်းနှင့် မတ်တပ်ထသွားကာ ဓားများချိတ်ထားသည့်နေရာမှ ဓားတစ်လက်ကို ဆွဲယူလိုက်လေသည်။ ပွင့်ဖြူသည် မျက်လုံးများကို မှေးကျဉ်းထားရင်း သူ့ ကို ကြည့်နေမိလေသည်။
"မင်းကိုငါ မသတ်ချင်ဘူး.... မင်း ငါ့ကို ကတိပေးမလားဟင်....ငါ့သတ်တာကို ဘယ်သူ့ ကိုမှ မပြောပါနဲ့ နော်...ဒါဆိုတခြားလူတွေလို မင်းကို ငါမသတ်တော့ဘူးလေနော်...နော်.."
သူက ပွင့်ဖြူကို ဆွေးဆွေးမြှေ့ မြှေ့ ကြည့်ရင်း ပြောလေသည်။ ပွင့်ဖြူဘာမှမပြောဘဲ သူ့ ကို မျက်ရည်များကျကာ  ကြည့်နေမိသည်။
"ဟင်..ကတိပေးမယ်မလားဟင်...မင်းက သူများနဲ့ မတူဘူး ငါသိတယ်...မင်း...မင်း...သူများကို မပြောဘူးမလားဟင်..."
ပွင့်ဖြူသည် စိတ်များရှုပ်ထွေးနေကာ နောက်ဆုံးအနေနှင့် အသက်ကို ၀အောင်ရှူလိုက်ပြီး...
"ကျွန်မ ဒီအကြောင်းတွေ အကုန်လုံးကို ဒီကလွတ်တာနဲ့  သက်ဆိုင်ရာကို ပြောမှာပဲ......"
သူ့ မျက်လုံးတွေ လက်သွားသည်ဟု ထင်သည်။ သူသည် ဓားကိုင်ထားသော လက်ကို တဖြည်းဖြည်းချင်းမြှောက်လိုက်လေသည်။
ပွင့်ဖြူသည် သူမမျက်လုံးအစုံ ကို မှိတ်ထားလိုက်သည်။ သေချင်လဲ သေပါစေတော့လေ... သူမဒီဘ၀ထဲအသက်လဲ မရှင်ချင်တော့ပေ...။  ယုံကြည်သူ မရှိ၊ ကိုယ့်ကိုချစ်ခင်မယ့် မိဘလည်းမရှိ၊ ပွင့်ဖြူသည် သူမငယ်စဉ်က သူမတစ်ယောက်တည်း ချောင်ထဲတွင် ငိုကြွေးနေရပုံများ၊ သူများတွေ ကျောင်းလာပို့ သောအခါ အဖေအမေလက်တွေချိတ်ထားချိန်တွင် သူမလက်ထဲတွင်တော့ ဗလာဟင်းလင်းဖြစ်နေပုံ၊ မိဘ အကြောင်း စာစီစာကုံးရေးခိုင်းချိန်တွင် သူမမှာ ဘာရေးရမှန်းမသိဖြစ်နေခဲ့ပုံ၊ အိမ်သာထဲ ကျိတ်ငိုခဲ့ရပုံ ၊ သူမပထမဆုယူနေသော်လည်း အားပေးချီးမြှောက်မယ့် မိဘ မရှိ.. ဒုတိယဆုရသော သူငယ်ချင်းဇင်ဇင် ဆုယူချိန်တွင် ဇင်ဇင် အဖေ့နဲ့ အမေတို့ တအားပျော်ရွှင်နေပုံ...
သူမသည် ပထမဆုရသော်လည်း ဇင့်ဇင့်ဒုတိယဆုကို ပိုလိုချင်သွားခဲ့ပုံ...
ပွင့်ဖြူသည် သူမ စိတ်ထဲဝင် ငုပ်လျှိုးနေသော သိမ်ငယ်စိတ်များ၊ အားငယ်မှုများကို နောက်ဆုံးအနေနှင့် ပြန်လည် ကြည့်ရှူနေလေသည်။ မကြာမီစက္ကန့် ပိုင်းအတွင်း သူမသည် ဒီခံစားချက်များမှ လွတ်မြောက်တော့မည်။
ဟင်......။ ပွင့်ဖြူ ဖြတ်ကနဲ့ တွေးမိသွားသည်။ ဒီလိုခံစားမှုလား...။ ဒီလိုခံစားမှုတွေကနေ လွတ်မြောက်စေချင်လို့  လူသတ်သမားဟာ စာမရီကို သတ်ခဲ့တာလား...သူ့ အမေကို သတ်ခဲ့တာလား...
လူသတ်သမား တွေးတောပုံဟာ မှန်သည်ဟု မဆိုနိုင်သော်လည်း မမှားဟု ပွင့်ဖြူ ပထမဆုံးအကြိမ် တွေးမိလေသည်။ သူ့ အမေက သတ္တ၀ါဆိုတာ လူချွတ်မှ ကျွတ်တာ ဟူသော စကားကို အသေစိတ်စွဲနေသော လူသတ်သမားသည် သူချစ်သော စာမရီအား  စိတ်မဆင်းရဲစေချင်သောကြောင့် သတ်ပစ်လိုက်သည်ဆိုသည်မှာ  အပြစ်ရှိသော အလုပ်ဟုတ်ပါရဲ့လား...။
အကယ်လို့ စိတ်ရောဂါ ရှိမနေသော သူတစ်ယောက်က လုပ်တာဆိုရင်တော့ ဒါဟာ အပြစ်ရှိလေသည်။
စိတ်ရောဂါရှိနေသော သူတစ်ယောက်က လုပ်တာဆိုရင်တော့ ဒါဟာ အပြစ်ဟုတ်နိုင်သေးသလား မဟုတ်နိုင်တော့ဘူးလား...(ပွင့်ဖြူတွေးနေသော အတွေးသည် စာရေးသူအတွေးနှင့် ထပ်တူမကျပါ)
သူမ သည် ပထမဆုံးအကြိမ်အဖြစ် လူသတ်သမားကို သနားမိလေသည်။ ပြီးတော့ သူ့ စိတ်ရောဂါကို ကုပေးချင်မိလေသည်။
သူမမျက်လုံးကို ဖွင့်လိုက်သော အခါ လူသတ်သမားသည် သူမကို မသတ်ဘဲ ကြည့်နေလေသည်။
ပြီးတော့ ဓားကို လွှတ်ချလိုက်ကာ
"ငါမင်းကို မသတ်ရက်ဘူး....."
ထို အချိန်မှာပဲ လေများဝှေ့ သွားသဖြင့်  ပွင့်ဖြူသည် မျက်လုံးပိတ်မိသွားသည် ပြီးတော့ ပြန်ဖွင့်ကြည့်လိုက်မိသည့်အခါ  ကောင်လေးသည် ပွင့်ဖြူ၏ အနောက်ကို ကျော် ကြည့်ကာ ကျက်သေသေနေ၏ သို့ မဟုတ် အံ့သြနေလေ၏။ ပွင့်ဖြူလည်း သူမနောက်သို့ ကြည့်လိုက်သောအခါ စာမရီကို တွေ့ လေသည်။ စာမရီ၏ မျက်နှာသည် ဒေါသကြောင့် တင်းမာနေလေသည်။
စာမရီသည် ကျနေသော ဓားတစ်လက်က ကောက်ပြီး ကျက်သေသေနေသော လူသတ်သမားနှင့် ပွင့်ဖြူတို့ ကြားကို ချပေးလိုက်လေသည်။ ပွင့်ဖြူကို တုတ်ထားသောအ၀တ်များသည် အလိုလိုပြေကျသွားလေသည်။
စာမရီ မျက်လုံးများက ပွင့်ဖြူကို လူသတ်သမားအား သတ်ပေးဖို့ အသနားခံနေလေသည်။
ပွင့်ဖြူသည် ဘာလုပ်ရမယ်မှန်းမသိချေ...။
ဓားကို ကိုင်ဖို့  ချီတုံ ချတုံဖြစ်နေသော ပွင့်ဖြူကို ကြည့်ကာ စာမရီသည် သူမကို  အံ့သြစွာကြည့်လေသည်။ ထို့အကြည့်ကို ပွင့်ဖြူ နားလည်သည်။ သတ်ဖို့ ဒီလောက် လုပ်ခဲ့ပြီးမှ ဘာကြောင့် အခုမှ ချီတုံချတုံဖြစ်နေသလဲ ဆိုသော အကြည့်ဖြစ်သည်။
ပွင့်ဖြူသည် တုန်ယင်နေသော လက်များဖြင့် ဓားကို ကိုင်လိုက်လေသည်။ ပြီးတော့...ပြီးတော့...သူမ
ဘာလုပ်ရမယ်မှန်းမသိ...။

စာမရီသည် သူမကို အသနားခံသော မျက်ဝန်းများဖြင့် လူသတ်သမားအား သတ်ပေးရန် အကူအညီတောင်းခံနေလေသည်။
သူမသည် စာမရီကို လည်း သနားသည်။ သူမသည် ဒီလူကို မှ မသတ်ရရင် မကျေမချမ်းဖြစ်ကာ ဘ၀ကူးကောင်းမည် မထင်ချေ။ သူမ စာမရီကို နားလည်သည်။

လူသတ်သမားကတော့ ထူးဆန်းစွာပင် ဓားကို ပစ်ချလိုက်ပြီး သူမကို လုပ်ချင်တာလုပ် ကျေနပ်တယ် ဟူသော မျက်လုံးနဲ့  ကြည့်နေလေသည်။
သူမသည် လူသတ်သမားကို လည်း သနားမိသည်။ တကယ်တမ်းကျ ဒီလူသည် စိတ်ရောဂါအခံကြောင့် ပြီးတော့ သူချစ်လွန်းသောကြောင့် ချစ်လွန်းတဲ့သူတွေအပေါ် ဒီလိုတွေလုပ်မိခြင်းဖြစ်သည်။ သူသည် အပြစ်မရှိချေ..အပြစ်ရှိသည်မှာ သူ့ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုကြောင့်ဖြစ်သည်။ သူမသည် လူသတ်သမားကိုလည်း နားလည်သည်။

ထို့နောက် ပွင့်ဖြူသည် သူမရှေ့ တွင် မြင်နေရသော မှန်ထဲမှ သူမကို သူမ ပြန်ကြည့်နေမိလေသည်။
တကယ်တမ်း ပွင့်ဖြူ နားမလည်သော သူမှာ ပွင့်ဖြူ  ကိုယ်ကို  ဖြစ်လေသည်။

ပွင့်ဖြူသည် ဓားတစ်လက်ကို ကိုင်ကာ မျက်ဝန်းနှစ်ခု အကြားတွင် ငိုင်နေလျက်ရှိလေသည်။

*****ပြီးပါပြီ။*****
(စာကြွင်း)
စာဖတ်သူသည် လူသတ်သမားကို သတ်မည်ဆိုပါက စာမရီသည် ဘ၀ကူးကောင်းသွားပေလိမ့်မည်။ သို့သော် လူသတ်သမား၏ စိတ်ဝေဒနာကို ပွင့်ဖြူသည် နားလည်နေသောကြောင့် အပြစ်မရှိမှန်း သိနေသည်။ အပြစ်မရှိမှန်းသိသိကြီးနှင့် သတ်ပြီးသည့်နောက် သူမ လိပ်ပြာလုံလုံ နေနိုင်မည်ဟုထင်ပါသလား..
စာဖတ်သူသည် နောက်တရလျက်ရှိနေပြီဖြစ်သော လူသတ်သမားကို မသတ်ဘဲ သူ့ အမှားတွေကို သက်ဆိုင်ရာကနေ ၀န်ခံစေကာ ဆေးကုသမှု ခံယူစေလိုက လည်း ခံယူစေနိုင်ပါသည်။ သို့သော် စာမရီမှာတော့ ပွင့်ဖြူကို အပြစ်မတင် မှာ သေချာသော်လည်း သူမသည် မကျွတ်မလွတ်ဖြစ်ကာ ဒီလူမသေမချင်း ဘ၀ကူးကောင်းရှာမည် မဟုတ်ချေ...။
အားပေးဖတ်ရှူ မှုအတွက်အထူးကျေးဇူးတင်ပါသည်။
လျို့ ဝှက်သည်းဖို ၀တ္ထုအမျိုးအစားကို ပထမဆုံး ရေးဖူးခြင်း ဖြစ်သောကြောင့် အမှားများ တစုံတရာရှိခဲ့ပါကလည်း အနူးအညွတ်တောင်းပန်ပါကြောင်း......။
ထို့ အပြင် အကြောင်းကြောင်းကြောင့် ဇာတ်သိမ်းပိုင်းကို အမြန်ရေးသားလိုက်ရသောကြောင့် စိတ်တိုင်းမကျပါကလည်း  အနူးအညွှတ်တောင်းပန်ပါကြောင်း......။

ထိုကဲ့သို့လည်းWhere stories live. Discover now