'' ဒေါင်. . ''
ဖိနပ်ဦးနဲ့ လမ်းမပေါ်ကသံဗူးလွတ်တစ်ဗူးထိခတ်သံက
ခပ်ကျယ်ကျယ် ။ဝေးဝေးကိုလွင့်သွားတဲ့ အချိုရည်သံဗူးကိုကြည့်ပြီး
ကျွန်တော်ပျင်းပျင်းရိရိသမ်းဝေလိုက်မိတယ် ။သွားလက်စလမ်းကဖယ်ကျဉ်ပြီးအဲ့ဒီသံဗူးလိုပဲ
တစ်နေရာရာမှာခွေအိပ်နေလိုက်ရရင် . . ။ငြီးငွေ့စရာကောင်းလိုက်တာ ။ကျောင်းတက်ချိန်တွေဟာ
ကျွန်တော့်အတွက်မရိုးနိုင်အောင် ပျင်းရတဲ့အချိန်တွေပါပဲ ။ဒါလောက်ပျင်းစရာကောင်းတဲ့ကျောင်းတက်ချိန်တွေကိုသည်းညည်းခံပြီးမပျက်မကွက်သွားနေတဲ့အကြောင်းပြချက်ကတစ်ခုထဲ ။
ကျွန်တော်ပြုံးလိုက်မိတယ် ။ ပခုံးပေါ်ကကျောပိုးအိတ်
ကြိုးကိုတင်းတင်းဆွဲတင်ရင်း. . ။'' Hana. .''
လေထဲမှာလွင့်ဝဲသွားတဲ့ဆံနွယ်တွေ ။ သိပ်လှတာပဲ။
ကမ္ဘ္ဘာမြေပေါ်ဆင်းသက်လာတဲ့သက်တံ့တစ်စင်းကို
ငေးနေရလို့ သူမကိုတောင်ကျွန်တော်ပြုံးမပြနိုင် ။'' sehun. . နင်လာပြီလား. .''
ပေါင်ပေါ်တင်ထားတဲ့ ကျောပိုးအိတ်လေးကို
အသာမရင်း သူမထရပ်တယ် ။
သူမစကားပြောတိုင်း နစ်ဝင်သွားတတ်တဲ့
နှုတ်ခမ်းထောင့်စွန်းကအချိုင့်လေးနှစ်ခုဟာ
ကျွန်တော့် အသက်ရှုသံတွေကို အဝင်အထွက်မှားစေ
လေရဲ့ ။'' သွားကြမယ်လေ . . ''
အပြုံးနဲ့ခေါင်းလေးငဲ့ပြောတဲ့ပုံကို
အိပ်မက်ယောင်သူလို
ခေါင်းဆတ်ဆတ်ငြိမ့်ပြရင်း ကျွန်တော်သူမနောက်က
လိုက်လာခဲ့တယ် ။သူမနဲ့အတူတူကျောင်းသွားတဲ့အခါတိုင်း အပြင်ထွက်တဲ့အခါတိုင်း
ကျွန်တော်သူမနဲ့ဘေးချင်းယှဉ်လျက်လျောက်လေ့မရှိအနည်းငယ်နောက်ချန်ပြီးပဲကျွန်တော်လိုက်တယ် ။
ကိုယ်ရံတော်တပ်မှူးပုံစံမျိုးဖမ်းတာလည်းပါသလို
နောက်ကနေသူမရဲ့အလှကို ရှုစားရတာလည်း
ကျွန်တော်သဘောကျတယ် ။ပေါက်ကရတွေမတွေးပါနဲ့ကျွန်တော်ဆိုလိုချင်တာက
အနောက်ကကြည်တော့ပိုကိတ်သည်တို့ဘာတို့
မဟုတ်ရပါ ။
ကျောအလယ်လောက်မှာပြန့်ဝဲနေတဲ့ hana ရဲ့
ဆံပင်တွေကိုဆိုလိုပါတယ် ။
YOU ARE READING
ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]
Short StoryHH OTP ဖြစ်ပါသည်။ကျေးဇူးပြု၍အခြားOTP RL များထဲသို့မထည့်ပါနဲ့။