ကျွန်တော့်ရဲ့. . ချစ်သော. .◀ 5 ▶

6.8K 830 77
                                    

ကျွန်တော့်ရဲ့ရှေ့ ကျွန်တော့်အိပ်ယာပေါ်မှာ
ခပ်ကွေးကွေးလေးလဲလျောင်းနေတဲ့သူ. .

မျက်နှာချင်းဆိုင်လဲလျောင်းနေရင်း
တချိန်လုံးခေါင်းထဲကိုရောက်နေတဲ့အတွေး. .

ဝိညာဉ်လိုဟာတွေ အိပ်ဖို့လိုသလား. .
ကျွန်တော်လဲမသိဘူးလေ. .

ကျွန်တော်တွေ့ဖူးသမျှလူမဟုတ်တဲ့ ထူးဆန်း. .အင်း
ထူးဆန်းတဲ့ဟာက သူတစ်ယောက်ထဲပဲကိုး. .

သူတော့အိပ်ပျော်လားမပျော်လားမသိ. .
သူ့ကိုကြည့်နေမိတဲ့ကျွန်တော်ကတော့အိပ်မပျော် . .

သူ့ရဲ့တလှုပ်လှုပ်ဖြစ်နေတဲ့မျက်တောင်ထူထူမည်းမည်းလေးတွေ  . .
သူကယောကျာ်းလေးဖြစ်ပြီး မျက်လုံးတစ်ဝိုက်ဖွဲ့စည်းပုံအတော်လှတဲ့ကောင်လေးပဲ

ပြီးတော့  သူ့နှာခေါင်းလေးက
အဖုအထစ်မရှိဖြောင့်စင်းနေပေမယ့်
အဖျားကျတော့ထူးထူးဆန်းဆန်း
မချွန်မကော့ပဲလုံးလုံးလေး. .

သူ့နှုတ်ခမ်းလေးတွေက ဖြူနှစ်ဝင်းစက်တဲ့အသားအရေကြောင့်
ပန်းရောင်စိုစိုပြေးလို့. .

ပုံမှန်ဆို ဝိညာဉ်ဆိုတာ မှိန်ဖျော့ဖျော့မထင်မရှား
တခါတလေဆို ဖောက်ထွင်းမြင်ရလောက်အောင်
ဖြစ်နေတတ်တာမျိုးရုပ်ရှင်တွေထဲမှာမြင်ဖူးတယ်မဟုတ်လား

ဒါပေမယ့် ဘာလို့မှန်းမသိ luhan ကိုကျတော့
သာမန်လူအတိုင်းပဲ ထင်ထင်ရှားရှားကို
မြင်တွေ့နိုင်နေတာရယ်. .

luhan မျက်လုံးတွေမှိတ်ထားတာကိုအခွင့်ကောင်းယူပြီး
သူ့ကိုကျွန်တော်တစိမ့်စိမ့်အကဲခတ်ကြည့်နေမိရင်း.
တော်တော်ချစ်စရာကောင်းတဲ့ကောင်လေးလို့
ကျွန်တော်မှတ်ချက်ပြုမိတယ်. .

သြော် . . ကျွန်တော်တောင်ဒီလိုတွေးမိတယ်ဆို
သူ့မိဘ သူ့မိသားစုဆို သူ့ကိုဘယ်လောက်တောင်
ချစ်လိုက်ကြမလဲ. . သူကလဲ ချွဲချွဲနွဲ့နွဲ့နဲ့ချစ်စရာကောင်းအောင်သိပ်နေတတ်သေးတာ

ပြီးတော့. . . . . ဘယ်လောက်တောင်နှမြောလိုက်ကြမလဲ
ငယ်ငယ်လေးရှိသေးတာလေ. .

သူဒီလိုဖြစ်နေတယ်ဆိုတာကော သူ့မိဘတွေသိပါ့မလား. .
ဟင့်အင်း ဘယ်သိပါ့မလဲ
luhan ကိုယ်တိုင် မိဘတွေကလည်းဂရုမစိုက်ဘူးလို့
ပြောခဲ့တယ်မဟုတ်လား
သူ့တို့luhan ကိုဘယ်မြင်ရပါ့မလဲ. .

ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]حيث تعيش القصص. اكتشف الآن