ထမင်းစားပွဲရဲ့ မျက်နှာချင်းဆိုင်ကနေ ma မျက်မှောင်
ကျုံ့ကျုံ့နဲ့ထိုင်ကြည့်နေတာကိုသိပေမယ့် ကျွန်တော်
မတတ်နိုင် ။ မနက်စာ ကြက်ဥနဲ့ထမင်းကြော်ကို
ပါးစပ်ထဲမြန်မြန်ဝင်အောင်ထိုးသွပ် ။ ကော်ဖီခွက်ကို
တကျိုက်နဲ့အပြီးမော့ချပြီးတာနဲ့ . . ။'' Oh Sehun ထမင်းစားတာ ကျားလိုက်နေသလား
ထင်ရတယ် ဖြည်းဖြည်းစားလေ အစာမကျေတော့မှာ
ပဲ. . ''လှမ်းဆူတဲ့ ma ကိုမျက်နှာချိုသွေးလို့ရယ်ပြရင်း
ဘေးမှာချထားတဲ့ ကျောပိုးအိတ်ကိုဆွဲလို့ထရပ်လိုက်တော့ ။'' ဟဲ့ သွားတော့မလို့လား အစောကြီးရှိသေးတာ ''
တအံ့တသြရေရွတ်နေတဲ့ ma ကိုရှည်ရှည်ဝေးဝေး
မရှင်းပြနေနိုင် ။ သန့်ရှင်းရေးဂျူတီကျတယ်လို့ အော်
ဖြေခဲ့ပြီး ကျွန်တော်ပြေးထွက်လာခဲ့တယ် ။နုနယ်လန်းဆတ်တဲ့လေပြေလေးနဲ့ သာသာယာယာ
လေး ဖြာကျဆင်းနေတဲ့နေရောင်ခြည်က ကျွန်တော့်
ကိုဆီးကြိုထွေးဖက်ကြတာမို့ ကြည်နူးသွားမိရရဲ့. .။အင်း ပြောရရင်တော့ နွေဦးဝင်လာထဲက
ရာသီဥတုအခြေအနေက သာသာယာယာလေး
ဖြစ်နေတာမှန်ပါတယ် ။ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ အခုမှ
နွေဦးရဲ့သာယာမှု နွေဦးရဲ့အလှကို သေသေချာချာ
ခံစားနိုင်ခဲ့တာပါ ။သိတယ် မဟုတ်လား ။ ကျွန်တော့်ရဲ့
အာရုဏ်ဦးနေမင်းလေးက အခုမှသာတာမို့လို့. .။လူတစ်ယောက်ရှိခြင်းမရှိခြင်းဟာ ကိုယ့်ရဲ့
ရှင်သန်ခြင်းနေ့ရက်တွေအပေါ် သက်ရောက်မှု
ရှိလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်မြင်
မယူဆခဲ့ဖူးဘူး. . ။ဒါပေမယ့်. . အခုမှ. . သူနဲ့တွေ့ပြီးတဲ့
နောက်ပိုင်းမှ. . . ။တကယ့်အချစ်ဆိုတာကို ကျွန်တော်နားလည်ဖူးလာ
တယ် ။ ကိုယ့်ဘဝနဲ့ကိုယ်ပဲလို့ထင်ထားခဲ့တဲ့
နေ့ရက်တွေဟာ သူနဲ့အတူရှိတဲ့အခါ ဘယ်လောက်
တောင် ပြောင်းလဲလို့ ဘယ်လောက်တောင်
နှစ်သက်ဖွယ် သာယာကြည်နူးဖွယ်ကောင်းတယ်ဆို
တာသိလာတယ် ။
YOU ARE READING
ကျွန်တော့်ရဲ့. . .ချစ်သော. .[HunHan OTP completed ]
Short StoryHH OTP ဖြစ်ပါသည်။ကျေးဇူးပြု၍အခြားOTP RL များထဲသို့မထည့်ပါနဲ့။